Channel Myanmar

Nate Trinrud

School Spirits (2023) 7.6
School Spirits (2023) School Spirits (2023) =============== IMDb Rating - 7.6/10အထက်တန်းကျောင်းနဲ့ သရဲဇာတ်လမ်းဆိုတာက ဘယ်လိုမှခွဲခြားလို့ မရတဲ့ အရာတစ်ခုလိုပါပဲ။ အထက်တန်းကျောင်းတိုင်းမှာ ဇာတ်လမ်း တစ်ပုဒ်ဆိုတာရှိကြတာပါပဲ။ တကယ်ရှိလား မရှိဘူးဆိုတာတော့ ကျွန် တော်တို့တွေ မသိနိုင်တဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ သရဲ ဇာတ်လမ်းတွေ နားထောင်ပြီးတော့ ကြောက်ခဲ့ကြတာပေါ့။အခု Paramount+ ကနေ ထွက်လာတဲ့ School Spirits ဆိုတဲ့ ဇာတ်လမ်း တွဲဟာဆိုရင်လည်း အဲလိုမျိုးပါပဲ။ သေဆုံးသွားပြီဖြစ်တဲ့ အထက်တန်း ကျောင်းသားတွေဟာ ကျောင်းကနေ မထွက်နိုင်ဘဲ သောင်တင်နေကြတာ မျိုးကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဒါပေမယ့် Horror ပုံစံမျိုးဆိုတာ ထက် Mystery, Crime Solving ပုံစံမျိုးပါ။ Rotten Tomatoes 81%, IMDb Rating 7.6 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းသူလေး မက်ဒီဟာ အသတ်ခံလိုက်ရပြီး ကျောင်းမှာ ဝိညာဉ်အဖြစ် သောင်တင်နေပါတော့တယ်။ သူ့ကို ဘယ်သူက သတ်သွားတယ် ဘယ်လို သေသွားတယ်ဆိုတာကို‌တော့ မမှတ်မိဘဲဖြစ်နေပါတယ်။ ဒါကြောင့် မက်ဒီလည်း ဝိညာဉ်ဘဝနဲ့ လိုက်စုံစမ်းဖို့ အကြောင်းဖန်လာပါတော့တယ်။ ...
7.6
TMDb: 7.6/10 4000 votes
tv

School Spirits (2023)