Channel Myanmar

Yangsze Choo

The Ghost Bride (2020) Season 1 8
The Ghost Bride (2020) Season 1 ဒါကတော့ Netflixကနေ ပူပူနွေးနွေးလေးထွက်ရှိလာတဲ့ ထိုင်ဝမ်စီးရီးလေးပါ။အပိုင်း၆ပိုင်းပါဝင်ပါတယ်။၁၈၉၀ခုနှစ်ကိုဇာတ်အိမ်တည်ထားတာပါ။အသက်၂၀အရွယ် မိတဆိုးလေးလီလန်ကို သူတို့ရွာမှာရှိတဲ့အရမ်းချမ်းသာတဲ့လင်မ်မိသားစုကနေ လက်ဆက်ဖို့ကမ်းလှမ်းပါတယ်။သေသွားတဲ့ သူတို့ရဲ့ခပ်ဆိုးဆိုးသားလင်မ်တီရန်ချင်းနဲ့လက်ဆက်ပြီး ဝိညာဉ်သတို့သမီးလုပ်ရမှာပါ။လီလန်မေတ္တာရှိနေတာကတော့ လင်မ်တီရန်ဘိုင်ကိုပါ။ဒါပေမယ့် တီရန်ချင်းကတော့ လီလန်နဲ့လက်ဆက်ရဖို့အရေးအမျိုးမျိုးအဖုံဖုံဒုက္ခပေးနေရင်းလီလန့်ကိုအကြပ်ကိုင်စရာအခွင့်အရေးရလာပါတော့တယ်။တစ်ချိန်တည်းမှာပဲ သေသွားပြီးနောက်တရားစီရင်ခံရမယ့်နေရာကိုရောက်မလာတဲ့တီရန်ချင်းရဲ့အမှုကိုစုံစမ်းဖို့ ကောင်းကင်အစောင့်အကြပ်အားလန်ကလည်း လင်မ်မိသားစုကိုချဉ်းကပ်နေပါတယ်။လီလန်တစ်ယောက်တီရန်ချင်းရဲ့သတို့သမီးအဖြစ်ကနေ ရုန်းထွက်နိုင်ပါ့မလား၊တီရန်ချင်းရဲ့သေဆုံးမှုကရော သွေးရိုးသားရိုးလား၊လီလန်ရဲ့တကယ့်ဖူးစာရှင်ကရောဘယ်သူဖြစ်လာမလဲဆိုတာတွေကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါအုံး။  Translators : Moe Lay , Phue Encoder : Moe Myint Lwin  Complete ZIp File  VIP  /  Megaup / Yoteshin
8
TMDb: 8/10 1 votes
tv

The Ghost Bride (2020) Season 1

2020