Channel Myanmar

Abel Ferrara

4:44 Last Day on Earth (2011) 4.6
4:44 Last Day on Earth (2011) 4:44 Last Day on Earth (2011) ======================= IMDb Rating - 4.6/10ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Abel Ferrara ရိုက်ကူး ထားတဲ့ Drama, Fantasy အမျိုးအစား ဇာတ်ကားကောင်းလေး ပဲဖြစ်ပါတယ်ခင်ဗျာ။ဇာတ်လမ်းလေးကိုတော့ ကမ္ဘာမပျက်ခင် တစ်ရက်အလိုကာလ မှာ ဇာတ်အိမ်တည်ထားပါတယ်။ နောက်နေ့မနက် ၄ နာရီ ၄၄ မိနစ် မှာကမ္ဘာကြီးရဲ့ အဆုံးအသတ်ကိုရောက်မှာဖြစ်လို့ လူတွေကလည်း ပစ္စည်းတွေအလကားပေးသူကပေး၊ ဆုတောင်းတဲ့သူကဆုတောင်း၊ သတ်သေတဲ့သူက သတ်သေနဲ့ ရှုပ်ယှက်ခတ်နေကြပါတယ်။ဒီလိုကမ္ဘာကြီးအဆုံးမသတ်ခင်နေ့ကို အဓိကဇာတ်လိုက်တွေဖြစ်ကြတဲ့ ဆစ်စကို နဲ့ စကိုင် တို့ဘယ်လိုဖြတ်သန်းကြလဲဆိုတာ စိတ်၀င်စားဖွယ် ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ Review ဖတ်တာထက် ကိုယ်တိုင်ကြည့် ရှုခံစားတာကမှ ကမ္ဘာကြီးရဲ့အဆုံးအသတ်ကို သေချာခံစားစီးမြောနိုင် မှာဖြစ်လို့ ကိုယ်တိုင်သာကြည့်လိုက်ကြပါတော့ခင်ဗျာ။ Sex scene တွေ nudity အခန်းတွေပါတဲ့အတွက် မိသားစု‌နဲ့ကြည့်ဖို့သင့်တော်တဲ့ ဇာတ် ကားမျိုးတော့မဟုတ်ပါဘူး။ ဒီဇာတ်လမ်းရဲ့အဓိကသရုပ်ဆောင်တွေကတော့ အားလုံးသိကြတဲ့ Willem Dafoe နဲ့  Shanyn Leigh တို့ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(1.22 GB) / ...
movie

4:44 Last Day on Earth (2011)

2011
Body Snatchers (1993) 6.0
Body Snatchers (1993) Body Snatchers (1993) ================= IMDb Rating - 6.0/101990s classic တွေထဲက အကောင်းစား alien invasion ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအေးဂျင့်တစ်ယောက်ဖြစ်တဲ့ စတိဗ်မလုန်းဟာ အယ်လာ ဘားမားမှာရှိတဲ့စစ်တပ်စခန်းတစ်ခုမှာ စစ်ရေးလုပ်ဆောင်မှုတွေကြောင့် ပတ်ဝန်းကျင်ဂေဟစနစ်အပေါ် သက်ရောက်မှုတွေကိုစမ်းသပ်စစ်ဆေးဖို ရောက်လာခဲ့ပါတယ်။သူနဲ့အတူပါလာတာကတော့ ပထမအိမ်ထောင်က ဆယ်ကျော်သက်အရွယ် သမီးငယ်၊ ဒုတိယဇနီးသည်နဲ့ သားငယ်တို့ပါပဲ။ အဲ့ဒီအချိန်မှာပဲ သူတို့သွား ရမယ့် စစ်တပ်ဝင်းထဲမှာ ထူးခြားတဲ့အဖြစ်အပျက်တွေဖြစ်ပေါ်နေခဲ့ပါတယ်။ အဲ့ဒါကတော့ တပ်ထဲက လူတွေရဲ့မိသားစုဝင်တွေဟာ အမူအကျင့်တွေအ ပြောအဆိုတွေပြောင်းလဲကုန်ကြပြီး တစ်ခြားတစ်ယောက်ဖြစ်သွားသလို ပြုမူနေကြတာပါ။ တကယ်တော့ အဲ့ဒါတွေဟာ သူတို့မိသားစုနဲ့တကွ အားလုံး ကြုံကြရမယ့် အန္တရာယ်ဆိုးတွေရဲ့အစပဲရှိပါသေးတယ်။စာရေးဆရာ Jack Finney ရဲ့နာမည်ကျော်ဝတ္ထု The Body Snatchers (1955) ကိုပြန်ရိုက်ခဲ့တဲ့ Remake တွေထဲက အထင်ကရ ဇာတ်ကားတစ်ကားဖြစ်ပါ တယ်။ ဂြိုလ်သားတွေက လူသားတွေနေရာကိုအစားထိုးအယောင်ဆောင်နေ ကြတဲ့ The Faculty 1998 လို They Live (1988) တို့လိုဇာတ်အိမ်မျိုးဖြစ်ပြီး science fiction horror ပရိသတ်တွေအတွက်အဟောင်းထဲကရွှေတစ်ခုပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File ...
movie

Body Snatchers (1993)

1993
Padre Pio (2022) 5.0
Padre Pio (2022) Padre Pio (2022) =============အီတလီဘုန်းတော်ကြီး Padre Pio အကြောင်းနဲ့ အဲဒီခေတ် အခါက အီတလီရဲ့နိုင်ငံရေးအခြေအနေတွေကို ရောစပ်ပြီး ပုံဖော်ထားတဲ့ဇာတ်ကားလေးပါ။ Padre Pio အဖြစ် Transformers မင်းသား Shia LaBeouf က သရုပ်ဆောင်ထားပါတယ်။ပထမကမ္ဘာစစ်ပြီးကာလ အီတလီရဲ့ပထမဆုံးလွတ်လပ်သော ရွေးကောက်ပွဲရဲ့အရှုပ်တော်ပုံတွေနဲ့ မြေရှင်လူတန်းစားတွေက သူဆင်းရဲလုပ်သားတွေအပေါ်ဖိနှိပ်ချုပ်ချယ်တာတွေကို နိုင်ငံ ရေးရှုထောင့်အနေနဲ့ရိုက်ပြထားပြီး တဖက်မှာလည်း ခရစ်ယာန် ဘာသာဝင်တို့ရဲ့အကြီးအမြတ်ထားရာပုဂ္ဂိုလ်ဖြစ်လာအောင် Padre Pio ရဲ့စိတ်ပိုင်းဖြတ်မှုနဲ့လုပ်ဆောင်ပုံတွေကို ဘာသာ ရေးရှုထောင့်အနေနဲ့ ရိုက်ပြထားပါတယ်။ ဘာသာရေးနဲ့နိုင်ငံရေး ရောထွေးနေတဲ့ အီတလီနိုင်ငံက ကျေးရွာလေးတစ်ခုရဲ့အရှုပ် တော်ပုံကို ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(2.09 GB) / (620 MB) / (360 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama Translator.......ZWT Encoder..........SWM
movie

Padre Pio (2022)

2022
Zeros and Ones (2021) 5.0
Zeros and Ones (2021)  ဒီရုပ်ရှင်ဟာ အီတလီနိုင်ငံ ရောမမြို့မှာ ကိုဗစ်lockdown အတွင်းသွားရောက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ် Main leadကတော့ အတော်များများသိကြတဲ့မင်းသား Ethan Hawkeပါသေချာပေါက်ပြောနိုင်တာက ဒီရုပ်ရှင်ဟာ ကြည့်ရှုသူတွေရဲ့အမြင်ပေါ်လိုက်ပြီး ဝိဝါဒကွဲပြားစရာတွေ များနိုင်ပါတယ်၊ မေးခွန်းထုတ်စရာတွေ ရှိနိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ ဖြစ်ရပ်တစ်ခုထဲအပေါ်မှာပဲ လူ၂ဦးရဲ့ ရှုထောင့်၂မျိုးကို ရောစပ်ရိုက်ကူးထားလို့ပါဗာတီကန်မြို့တော်ကို ဗုံးခွဲတိုက်ခိုက်နိုင်တဲ့ ခြိမ်းခြောက်မှုကြောင့် ရောက်လာတဲ့ အမေရိကန်စစ်သားဟာ အကျဉ်းကျခံနေရတဲ့၊ ဖောက်ခွဲမှုအကြောင်း သိထားနိုင်တဲ့ ညီဖြစ်သူ တော်လှန်ရေးသမားကို သဲကြီးမဲကြီးလိုက်ရှာနေခဲ့ပါတယ်ဒါ့အပြင် ရောမမြို့ရဲ့လမ်းမထက်က လျှို့ဝှက်အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး ဖောက်ခွဲမှုကို တားဆီးဖို့ကြံတဲ့အခါ.... ထိုစစ်သားအနေနဲ့ အဖျက်လုပ်ငန်းတွေကို တားဆီးနိုင်မှာလား၊ ဖောက်ခွဲသူတွေရဲ့ သဘောထားကရော ဘယ်လိုဖြစ်နေမလဲ စသဖြင့်ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ )File Size__1.5 GB , 800 MB Quality__1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:25:00 Type__Action , Adventure , Drama Subtitle__Myanmar Subtitle ...
movie

Zeros and Ones (2021)

Siberia (2019) 5.1
Siberia (2019) Siberia 2019ဒီရုပ်ရှင်ကတော့ ဝီလမ်ဒဖိုးတစ်ယောက် အဓိက သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါပဲ။ အမျိုးအစားကတော့ survival နဲ့psychological ပေါင်းထားတာပါပဲ။ ကလင့်ထ်ဆိုတဲ့လူတစ်ယောက်ဟာ လူ့လောကထဲမှာနေကြည့်ပြီးခဲ့ပြီးအဆင်မပြေမှုတွေ များလွန်းလို့ ကမ္ဘာ့အစွန်း့ နှင်းတောကြီးထဲမှာ တစ်ယောက်တည်း လာနေနေတဲ့သူတစ်ယောက်ပေါ့။တစ်ယောက်တည်းလာနေနေသူတွေရဲ့ ထုံးစံအတိုင်း ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ရှာဖွေနေတယ်၊ အတိတ်ကအဖြစ်တွေကို စဉ်းစားနေတယ်၊ တစ်ယောက်တည်း စိတ်ကူးယဉ်တယ်၊ အိပ်မက်မက်တယ်၊ အရှိတရားနဲ့ မရှိတရားကိုရောနှောတယ်။ လူတစ်ယောက် လူသူမနီးတဲ့နေရာမှာ ဘာတွေတွေးတတ်လဲဆိုတာ ရိုက်ပြတာပါပဲ။ ဒါရိုက်တာရဲ့အဆိုအရတော့ အိပ်မက်တွေကို ရုပ်ရှင်ရုပ်ပြလို့ဖြစ်နိုင်လားဆိုတဲ့ စကားကို အဖြေပေးလိုက်တာပေါ့။ဇာတ်ကြောင်းကို ပြောပုံကလည်း A B C D မဟုတ်ဘူး D B A C လို ဖြစ်နေတာမို့ အလကားနေရင်းhigh သွားချင်တဲ့သူတွေကြည့်ဖို့တော့ အသင့်တော်ဆုံးပါပဲ။တချို့ဇာတ်ဝင်ခန်းတွေမှာ အသက်၁၈နှစ်နဲ့အောက် မကြည့်ရှုသင့်ပါ Translated by  ...
movie

Siberia (2019)

2019