Channel Myanmar

Abhishek Sharma

Ram Setu(2022) 5.3
Ram Setu(2022) ဒီနေ့ကတော့ မင်းသားကြီးတွေရဲ့ကား ထွက်တဲ့နေ့ပါပဲ အခုလည်း အာရှေးကူမာရဲ့ ဘာသာရေး သမိုင်းနဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်အာရန် (အာရှေးကူမာ) က ဘာသာတရားနဲ့ ဘုရားကို အယုံအကြည်မရှိတဲ့ ရှေးဟောင်းသုတေသနပညာရှင် တစ်ယောက်ပေါ့ သူက အချက်အလက်ရှိပြီး သက်သေပြနိုင်တဲ့ အရာကိုပဲ ယုံကြည်တဲ့သူဖြစ်ပါတယ်အိန္ဒိယလူမျိုးတွေဟာ အရှင်ရာမကို အလေးအနက်ယုံကြည်ကြတဲ့သူတွေဖြစ်ပြီး ရမ်ဆက်တူဆိုတဲ့ တံတားကိုလည်း အရှင်ရာမတည်ထောင်ခဲ့တာလို့ ယုံကြည်ထားကြပါတယ်အဲဒီတံတားကို အစိုးရအဖွဲ့အစည်းက ကုန်သွယ်ရေးကိစ္စတစ်ခုနဲ့ ဖြိုချဖို့ လုပ်လာတဲ့အခါ ပြည်သူတွေက ဆူပူအုံကြွလာကြပါတော့တယ်ဒါကို အဲဒီရမ်ဆက်တူဆိုတာဟာ လူဖန်တီးထားတာမဟုတ်၊ သဘာဝအလျောက် ဖြစ်တည်နေတာဖြစ်ကြောင်းကို အစိုးရအဖွဲ့အစည်းက အာရန်ကို သက်သေထူခိုင်းပါတယ်ဒါပေမယ့် အများနဲ့တစ်ယောက်ဖြစ်နေသလိုပဲ ပြည်သူလူထုက လူအင်အားများပြီး အစိုးရအဖွဲ့အစည်းက လူအင်အားနည်းနေတဲ့အခါအိန္ဒိယပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ နိုင်ငံတော်အစိုးရအဖွဲ့အစည်းရဲ့ စီးပွားရေးကြိုးပမ်းမှုနဲ့ အာရန်ရဲ့ သက်သေပြမှုတွေကြားက တိုက်ပွဲကို ခင်းကျင်းပြသထားတဲ့ ဒီကားဟာ နိုင်ငံရေးရော ဘာသာရေးရော ပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် File size…2.69GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora~ Poe ~ Yunni ~ OeliuJ
movie

Ram Setu(2022)

Parmanu: The Story of Pokhran (2018) 7.6
Parmanu: The Story of Pokhran (2018) Parmanu: The Story of Pokhran (2018)_____IMDb - 7.6/10  ဒီတခါမှာတော့ ဘောလီဝုဒ်ဖန်တွေအတွက် IMDb 7.6/10 အထိရရှိထားတဲ့ ကားကောင်းတကားကို တင်ဆက်ပေးလိုက်ပါတယ်ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပြီး အတော်လေးကို ကြည့်ကောင်းတဲ့ကားတစ်ကားပါပဲနိုင်ငံရေးအရှုပ်အထွေး၊ နိုင်ငံတကာဖိအားတွေကြားက နျူကလီးယားစမ်းသပ်မှု အောင်မြင်စွာပြုလုပ်နိုင်ခဲ့တာကို တင်ဆက်ပြသထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်၁၉၉၅ ခုနှစ်ဟာ အိန္ဒိယနိုင်ငံအတွက် အခက်ခဲဆုံံးကာလတစ်ခုဖြစ်ခဲ့ပါတယ်ဆိုဗီယက်ပြည်ထောင်စုတွေ ကွဲပြိုခဲ့ပြီး အိန္ဒိယဘက်မှာမဟာမိတ်အနေနဲ့ မည်သည့်အင်အားကြီးနိုင်ငံမှ ရှိမနေခဲ့ပါဘူးဒါပေမဲ့ ပါကစ္စတန်ကတော့ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေရဲ့ အကူညီရကာ စစ်ရေးအတောင့်တင်းဆုံး အနေအထားမှာ ရှိနေခဲ့ပါတယ်အိန္ဒိယကို နိုင်ငံတကာသဘောတူညီစာချုပ်တွေမှာ လက်မှတ်ထိုးစေချင်ပြီး မည်သည့်အင်အားမှ မတိုးတက်လာအောင် အမေရိကန်၊ ပါကစ္စတန်နဲ့ နိုင်ငံအများစုက ဖိအားပေးနေပါတယ်အိမ်နီးချင်း ပါကစ္စတန်နိုင်ငံက နျူကလီးယားစမ်းသပ်မှုတွေ ဒုံးကျည်စမ်းသပ်မှုတွေ အကြိမ်ကြိမ်လုပ်နိုင်ခဲ့ပေမယ့် အိန္ဒိယကတော့ ဘာမှမလုပ်နိုင်ခဲ့ပါဘူးဒါကြောင့် ၁၉၉၅ မှာ အိန္ဒိယအနေနဲ့ ဖိုကာရန်ကွင်းမှာ နျူကလီးယားစမ်းသပ်မှုလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အမေရိကန်၏ စောင့်ကြည့်နေမှုကြောင့် မအောင်မြင်ခဲ့ပါဘူး၁၉၉၈ ...
movie

Parmanu: The Story of Pokhran (2018)

2018