Channel Myanmar

Ajay Bhupathi

Mangalavaaram (2023) 6.8
Mangalavaaram (2023) Mangalavaram (2023) အင်္ဂါနေ့ရဲ့အိပ်မက်ဆိုးများ IMDb - 6.8/10ယခုတစ်ခါမှာတော့ Horror, Thriller အက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ တစ်ခါက ရာဗီနဲ့ စိုင်လူဆိုတဲ့ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ရာဗီရဲ့ အဖေကအမြဲရိုက်နှက်ပြီး နှိပ်စက်နေသလို စိုင်လူရဲ့အဖေဟာလည်း ‌နောက်မိန်းမယူထားပြီး စိုင်လူရဲ့ အမွေတွေကိုပဲ မျက်စောင်းထိုးနေတဲ့သူဖြစ်ပါတယ်။ အဖေဆိုးတွေနဲ့ ကြီးပြင်းခဲ့ကြရတဲ့ ဒီသူငယ်ချင်းလေးနှစ်ယောက်ကအရမ်းကိုချစ်ကြပြီးတော့ ရာဗီလေးဟာ စိုင်လူအတွက်ဆိုရင် ကာချယ်ရဖို့ ညဘက်ကြီး ဘုရားကျောင်းထဲက ကျပ်ခိုးသွားယူပြီး ကိုယ်တိုင်လုပ်ပေးခဲ့သူပါ။ဒီလိုနဲ့ သူတို့တွေ ကြီးပြင်းလာကြပြီး တစ်ရက် သူတို့ရွာမှာ ထူးဆန်းတဲ့ကိစ္စတစ်ခု ကြုံတွေ့လာရပါတော့တယ်။ ရွာရဲ့ အိမ်နံရံပေါ်မှာ အင်္ဂါနေ့တိုင်းရွာမှာ ဖောက်ပြန်နေတဲ့သူတွေရဲ့ နာမည်တွေကို ချရေးထားပြီး အဲဒီနံရံမှာရေးထားတဲ့ နာမည်စာရင်းထဲကသူတွေအကုန်လုံးဟာလည်း သေဆုံးကုန်ပါတယ်။သူတို့ရဲ့ရွာမှာက ဓလေ့တစ်ခုရှိနေပါတယ်။ အဲဒီဓလေ့ကတော့ မဟာလက်ရှ်မီးကို ကိုးကွယ်တဲ့ရွာ ဖြစ်တဲ့အလျောက် မဟာလက်ရှ်မီးဟာ အင်္ဂါနေ့ကို သဘောအကျဆုံးဖြစ်တဲ့အတွက် အင်္ဂါနေ့တိုင်းမှာ ရွာရဲ့ ရေကန်ထဲကို သက်ဆင်းတယ်ဆိုတဲ့အယူနဲ့ အင်္ဂါနေ့တိုင်းမှာ ရွာက တခြားနေ့တွေထက်ပိုပြီး သက်ဝင်လှုပ်ရှားလေ့ရှိပါတယ်။ဒီလို လူအစည်ဆုံးဖြစ်တဲ့ အင်္ဂါနေ့မှာမှ ဘာလို့ နံရံမှာ ...
movie

Mangalavaaram (2023)

2023
Maha Samudram (2021) 5.9
Maha Samudram (2021) ဒီကားကတော့ IDMB မှာ Rating 6.0 ထိရထားတဲ့ မင်းသားကြီး Jagapathi Babu ပါ၀င်တဲ့Action/Romance အမျိုးအစား တေလ်ဂူ ကားလေးပါ။ မင်းသားကြီး Jagapathi Babu ကိုဗီလိန်နေရာမှာ သရုပ်ဆောင် ပိုင်နိုင်မှုကြောင့် တော်တော်လေးကြိုက်ခဲ့ဖူးပြီး ရှာကြည့်သမျှထဲမှာလည်း ဗီလိန်မဟုတ်တာနည်းပါတယ်။ဇာတ်လမ်းအကျဉ်း ..............................ငယ်ငယ်တုန်းက အရမ်းချစ်ခင်ခဲ့ကြတဲ့သူငယ်ချင်းနှစ်ယောက် အာဂျွန်နဲ့ ဗီဂျေး။မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်တဲ့ ဦးလေးရှိပေမယ့် မှောင်ခိုလုပ်ငန်းကို မုန်းတဲ့အာဂျွန်။ ကိုယ့်ဘ၀ကိုပဲဂရုစိုက်မယ် ဘယ်လိုအနှောက်အယှက်မဆို မလိုချင်ခဲ့တဲ့ဗီဂျေး။ခပ်ဆိုးဆိုး ဗီဂျေးကိုမှ သဘောကျခဲ့တဲ့ မဟာ။ သူတို့သုံးယောက်ဆုံပြီးနောက်မှာမှောင်ခိုလောကအတွင်းဘာတွေပြောင်းလဲကုန်မှာလဲ။ မှောင်ခိုလောကရဲ့ဘုရင်အဖြစ်ဘယ်သူက အုပ်စိုးနိုင်မှာလဲ။ အတ္တ နဲ့ ချစ်ခြင်း အနစ်နာခံခြင်းတွေစုံအောင် ၂နာရီကျော်အတွင်းစီးမျောခံစားရမှာပါ။အညွှန်းနဲ့ဘာသာပြန်ကတော Lwin Htoo Aung နှင့် JimX တို့ပဲဖြစ်ပါတယ်  File size…2.36GB Quality…1080p AAC 5.1CH Format…Mp4 Duration….2h 3omins Subtitle….Myanmar  Subtitle (Hard Sub) Encoder….YK Translated by JimX & Lwin Htoo ...
movie

Maha Samudram (2021)

2021
Rx 100 (2018) 7.7
Rx 100 (2018) အချစ်ဟာ နူးည့ံတယ် သိမ်မွေ ့တယ်..နှစ်လိုဖွယ်အတိနဲ ့သူ ့အကြောင်းလေး တွေးနေရရင်ကို အိပ်မပျော်တဲ့ညတွေ...အရာရာကို မေ့လျော့သွားတဲ့ အခိုက်အတန် ့တွေ ရှိတယ်။အချစ်ဦးဆိုရင် ပိုလို ့တောင် ရင်ဖိုဖို ့ကောင်းသေး၊ဒါကြောင့်လည်း ရှေးလူကြီးတွေက "အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူး"လို ့ဆိုရိုး ထားခဲ့ပုံပါပဲ....။ဒါက ဒီကားထဲက ဇာတ်ကောင်ဖြစ်တဲ့ဆီဗာ့ကိုယ်စား ကျွန်တော် ခံစားမိတာလေးပေါ့။တစ်ဖက်က ကြည့်တော့ကိုယ့်ဘက်က ဘယ်လောက်ပဲ ချစ်ချစ်အချစ်ဆိုတာ ခဏတာအထိအတွေ ့ကို ယစ်မူးရုံလောက်သာ သဘောထားပြီး ယောက်ျားဆိုတာ သူ ့အတွက် ကစားစရာလို ့ သတ်မှတ်ထားတဲ့အင်ဒူးလို မိန်းကလေးတွေလည်း ရှိနေသေးတယ်။ဘယ်ယောက်ျားကို ဘယ်လိုပဲ ကစားကစားပြသနာမရှိပေမယ့် သူ ့ကို ရူးခါနေအောင် ချစ်နေတဲ့ဆီဗာလို အချစ်ရူးတစ်ယောက်နဲ ့တွေ ့တော့အချစ်ဟာ အပျက်အပျက်နဲ ့နှာခေါင်းသွေး ထွက်လာနိုင်တဲ့အနေအထားကို ရုတ်ချည်း ပြောင်းလဲသွားတယ်။အများကြီး မညွှန်းလိုတော့ပါဘူး၊ကျွန်တော်ကတော့ ဒီကားကို လူငယ်တွေရဲ ့အချစ်ရေးနဲ ့ပက်သက်ပြီးပညာယူသင့်တဲ့ကားလို ...
movie

Rx 100 (2018)

2018