Channel Myanmar

Aleya Sen

Trial Period (2023) 7.1
Trial Period (2023) Trial Period(2023) ------------------ IMDb-7.2/10အစမ်းသုံးကာလ...။ပစ္စည်းတစ်ခုအရည်အသွေးကောင်းမကောင်း အသုံးကျမကျဆိုတာမျိုးက အစမ်းသုံးကြည့်ခွင့်ရတဲ့အခါ အတိုင်းအထက်အလွန်ပေါ့။ကိုယ်နဲ့ကိုက်ညီမယ့် အသုံးအဆောင်ပစ္စည်းဆိုရင် အပိုင်ဝယ်လိုက်ဖို့ရာ စိတ်ချရတယ်လေ။Relationshipတစ်ခုမှာလဲ လက်မထပ်ဘဲအတူနေတယ်ဆိုတာ အစမ်းသုံးကာလသဘောမျိုးလို့ထင်တာပဲ။အဆင်ပြေမှ နားလည်မှုတွေပြည့်၀ကြမှ ရှေ့ဆက်လက်တွဲဖို့ ဆက်စဉ်းစားကြတာမျိုးပေါ့။ကျွန်တော်တို့ဆီမှာလည်း ရှိတော့ရှိမှာ ရှားမှာပေါ့လေ။လူတစ်ကိုယ် စိတ်ရယ်အဖုံဖုံဆိုတော့လည်း ကောင်းတယ်ထင်မယ့်လူရှိသလို မကောင်းဘူးဆိုပြီးတူးတူးခါးခါးငြင်းဆန်ကြမယ့်သူတွေလည်းရှိတာပေါ့။ဒီဇာတ်လမ်းလေးထဲမှာတော့ အဖေမရှိပဲ မိခင်ဖြစ်သူနဲ့ကြီးပြင်းလာတဲ့ ကလေးလေးတယောက်။ ကျောင်းမှာ ငါ့အဖေကဘယ်လိုကွဆိုပြီး ကြွယ်တဲ့ဘော်ဒါကြောင့် အဖေဆိုတာကိုတမ်းတမိသွားတယ်။ အဖေများနေ့မှာ ရှေ့ထွက်ပြီး အဖေအကြောင်းသီချင်းဆိုခိုင်းတော့ ရှာရွတ်နဲ့ကာဂျိုးကားထဲက အန်ဂျလီလေးကိုတောင် သတိရမိသွားတယ်။အဲဒီလိုအခြေအနေတွေနဲ့ ကြုံလာတဲ့အချိန်မှာတော့ မိခင်ဖြစ်သူကို ပူဆာပါလေရော။အစမ်းသုံးကြည့်ဖို အဖေတယောက်ခေါ်ပေးတဲ့။တစ်လစမ်းသုံးကြည့်မယ်အဆင်မပြေရင် ပြန်ပို့လို့ရတာပဲတဲ့။ ဒီလောက်ဆို ဇာတ်လမ်းလေးရဲ့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းမယ့်အခန်းတွေရယ် မျက်ရည်လေးကလယ်ကလယ်နဲ့ ကြေကွဲရမယ့်အခန်းတွေရယ်ပါလာမယ်ဆိုတာ သိလောက်ပါပြီ။အမေနေရာသရုပ်ဆောင်တဲ့ မင်းသမီးကလည်း Force 1,2ထဲက မင်းသမီးချောလေး ဂနယ်လီယာဆိုတော့ ပေါကားမဟုတ်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ကြောင်း အာမခံရင်း တင်ဆင်ပေးလိုက်ရပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Aditi~Zwe~Cherryတို့ပဲဖြစ်ပါတယ်) File size…2.05GB / 878MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 6mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~Aditi~Zwe~Cherry
movie

Trial Period (2023)