Channel Myanmar

Anders Thomas Jensen

Flickering Lights (2000) 7.5
Flickering Lights (2000) Flickering Lights (2000)တော်ရကီး၊ စတီဖန်၊ ပီတာ၊ အာနေး ဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ ဂန်းစတားတွေပါ။ သူတို့ဟာ အက်စကီမိုးဆိုတဲ့ ခေါင်းဆောင်ခိုင်းသမျှကို လုပ်ပေးရပါတယ်။တစ်ရက်မှာ အက်စကီမိုးက သူတို့လေးယောက်ကို လက်ဆွဲအိတ်တစ်ခုခိုးခိုင်းပါတယ်။ဒါပေမဲ့ အဲဒီလက်ဆွဲအိတ်ထဲမှာ ပိုက်ဆံတွေအများကြီးရှိနေတာသိသွားတဲ့ သူတို့လေးယောက်ဟာ ပိုက်ဆံတွေယူပြီး ဘာစီလိုနာကို ထွက်ပြေးကြပါတော့တယ်။ဘာစီလိုနာကို သွားတဲ့လမ်းမှာပဲ ကားကပျက်ပြီးတော့ ပီတာကလည်း သေနတ်ဒဏ်ရာရနေတာကြောင့် တောအုပ်ထဲကအိမ်ဟောင်းတစ်ခုမှာ ခဏနေဖို့ဖြစ်လာပါတယ်။ဒါပေမဲ့ ငယ်ငယ်တည်းက အိမ်တစ်လုံးအပိုင်လိုချင်ခဲ့တဲ့တော်ရကီးဟာ အိမ်လေးကိုသံယောဇဥ်တွယ်သွားတာကြောင့် အပိုင်ဝယ်ပြီး စားသောက်ဆိုင်ဖွင့်ဖို့ကြိုးစားပါတော့တယ်။အကျင့်စရိုက််မတူတဲ့ သူငယ်ချင်းလေးယောက် အိမ်အပျက်ကိုပြင်ဆင်ပြီးတော့ စားသောက်ဆိုင်ဖွင့်ဖို့ပြင်ဆင်ကြတာကို comedy ပုံစံရိုက်ပြထားတာမလို့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။)File Size          : 4.5GB, 945MB, 444MB Quality            : 1080p Blu-ray AAC ...
movie

Flickering Lights (2000)

2000
Antichrist (2009) 6.6
Antichrist (2009) Antichrist ဆိုတာ၂၀၀၉ခုနှစ်မှာထွက်ရှိထားတဲ့ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ် သားလေးတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့လင်မယားနှစ်ယောက်ရဲ့အကြောင်းလေးကိုရိုက်ကူးထားတာဖြစ်ပါတယ် သားလေးကိုဆုံးရှုံးလိုက်ရလို့ ကြေကွဲခံစားနေရတဲ့ဇနီးသည်ရဲ့ဝမ်းနည်းပူဆွေးသောကတွေကို ယောကျာ်းဖြစ်သူကကုစားပေးနိုင်ဖို့အတွက်ကုထုံးနည်းလမ်းနဲ့ပဲ ကုသပေးဖို့စီစဉ်လိုက်ပါတယ် မိန်းမဖြစ်သူရဲ့စိတ်အတွင်းကအကြောက်ရွံ့ဆုံးနေရာကိုသွားနေထိုင်ရင်းနဲ့ ဒီကုထုံးကိုစတင်မှာဖြစ်တာကြောင့် သစ်တောထဲကသစ်လုံးအိမ်လေးကိုသွားရောက်ခဲ့ကြပါတယ် အဲ့ဒီသစ်လုံးအိမ်လေးမှာ သားလေးဖြစ်သူနစ်ခ်နဲ့ သူ့မိန်းမတို့သွားရောက်ဖူးခဲ့တဲ့နေရာလေးပါ သူတို့သွားရောက်နေထိုင်တဲ့အချိန်ကနေစပြီးတော့ အဲ့ဒီပတ်ဝန်းကျင်ကတကယ့်ကိုငရဲတစ်ခုအလားမြင်ယောင်လာမိပါတော့တယ် ဆိုးရွားလွန်းတဲ့ပုံစံတွေ အနေအထားတွေကိုမြင်တွေ့ခံစားနေခဲ့ရပေမယ့် သူ့မိန်းမအတွက်ကြိုးစားပြီးတော့နေထိုင်ခဲ့ပါတယ် တကယ်တမ်း သူကိုယ်တိုင် သူ့မိန်းမရဲ့စာတမ်းတွေကိုတွေ့ရှိပြီးတဲ့နောက်ပိုင်းမှာဘာတွေဖြစ်သွားတယ်ဆိုတာကိုတော့ ဇာတ်လမ်းကိုကြည့်ရှုရင်းနဲ့ပဲရင်ခုန်လိုက်ရအောင်ပါ တကယ်တော့ ဒီကားကတော်တော်လေးကိုအာရုံစားတဲ့ကားပါ အတွေးပိုင်းကိုလုံးဝအကျယ်ချဲ့ပြီးတော့ စဉ်းစားစေတဲ့ဇာတ်ကားလိုပုံစံမျိုးမလို့ ကြည့်ရတာ စိတ်ဝင်စားစရာတော့ကောင်းလှပါတယ် ပါဝင်သရုပ်ဆောင်များ - Willem Dafoe , Charlotte Gainsbourg ဇာတ်ကားအမျိုးအစား - Action ,Drama ,Horror ဇာတ်ကားကြာချိန် - 108 minutes Translated by Aye chansu Encoded by sithu
movie

Antichrist (2009)

2009