Channel Myanmar

Assaf Bernstein

Look Away (2017) N/A
Look Away (2017) မာရီယာ လေးဟာ အသက်လဲ ၁၈ နှစ်ပြည့်ခဲ့ပါပြီ ဒါပေမဲ့ သူ့မှာ ကျောင်းတက်ဖော် သူငယ်ချင်းဆိုလို့ အကျင့်ခပ်ဆိုးဆိုး နဲ့ ကောင်မလေး တစ်ယောက်ပဲ ရှိတယ် အဲ့ဒီကောင်မလေးတောင် ငယ်ပေါင်းမို့လို့ သူ့အနား ကပ်နေတာ မာရီယာ က လူတောမတိုးတက်ဘူး အပေါင်းအသင်းဝင်မဆန့်ဘူး သူမ ရဲ့ ရေခဲရိုက်ထားသလို မျက်နှာပေး နဲ့ အေးတိအေးစက်ကြောင့် နှာဘူးထ တဲ့ကောင်လေးတွေက အနိုင်ကျင့်ပြီး စတာကလွဲလို့ ရင်ဖွင့်စရာအပေါင်းအသင်းတွေ မရှိခဲ့ဘူး... မာရီယာ မှာ အဖေ နဲ့ အမေ ရှိပေမဲ့ အဖေဖြစ်သူကို အမေက ကြောက်ရပြီး မာရီယာ အပေါ်မှာလဲ တစ်ချက်လွှတ် အမိန့်တွေ အမြဲထုတ်ပြီး အဲ့ဒီအတိုင်း လုပ်မှ သဘောကျတာပါ... ဘာ အခက်အခဲပဲ ရှိရှိ သူမ အဖေကတော့ အချိန်ပေးပြီး နားထောင်လေ့ မရှိပါဘူး ဒါကြောင့် ဖြစ်လာသမျှ ပြသနာ အားလုံး သူမ စိတ်ထဲမှာပဲ ထားခဲ့တာ ကြာပါပြီ.... ဒီလိုနဲ့ နေလာရင်း တစ်ရက်မှာတော့ မာရီယာ ဘယ်သွားသွား တစ်ခုခုက လိုက်စောင့်ကြည့်သလို ခံနေရပါတယ် ဘယ်သူလဲ ဘာအတွက်လဲ ဆိုတာတော့ မသိပေမဲ့ ညဘက်တွေလဲ ကောင်းကောင်း အိပ်မပျော်ပါဘူး.... တစ်ရက်တော့ အဲ့ဒီအရာက သူမ ကို တည့်တည့်ကြီး ၀င်တိုးခဲ့ပါတော့တယ်.... ဒီရုပ်ရှင်ကားဟာ မိဘ နဲ့ သားသမီးကြားက အဟန့်အတားတွေကို မီးမောင်းထိုးပြထားသလို သားသမီးတွေကို အမြဲလိုလို စောင့်ကြည့်လေ့လာသင့်ကြောင်း ပြသထားပါတယ်.... 18+ ...
movie

Look Away (2017)

2017