Channel Myanmar

Baz Luhrmann

The Great Gatsby (2013) 7.2
The Great Gatsby (2013) The Great Gatsby (2013)(၁)တစ်စထက်တစ်စ ဝင်းပလင်းဖြာလာတဲ့ လရိပ်အောက်က... လူသူကင်းမဲ့ရာ ကမ်းဆိပ်စွန်းတံတားပေါ် ကျွန်တော်ရပ်နေခဲ့တယ်။ ဟိုတစ်ဖက်ကမ်း တုရှုက အမှောင်ရိပ်ထဲမှာတော့... အလင်းပွင့်စိမ်းကလေးဟာ တောက်ပတစ်လှည့် မှိန်ဖျော့တစ်လှည့်နဲ့ နီးလာသလိုလို... ဝေးသွားသလိုလို...။(၂)ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်အတွက်တော့ ကျွန်တော်ဉာဏ်မမီနိုင်ပါတဲ့ လောကကြီးရဲ့ အမှတ်သညာပါပဲ။ ဂတ်စ်ဘီအတွက်တာ့ မတူခဲ့ဘူးပေါ့။(၃)ကျွန်တော်လူရည်မလည်သေးခင် လူမမည်ဘဝမှာ အဖေက ကျွန်တော့်ကို ဆုံးမခဲ့ဖူးတယ်။ " သူများကို ဝေဖန်မယ်တွေးတိုင်း လူတိုင်းက မင်းလိုမျိုး လောကရဲ့မျက်နှာသာပေး မခံခဲ့ရဘူးဆိုတာကို သတိရ"တဲ့။ ဒီစကားကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကအမြင်နဲ့ အကဲဖြတ်ဝေဖန်လေ့မရှိပေမဲ့ ဂတ်စ်ဘီကိုတော့ ကျွန်တော်အကဲဖြတ်စောခဲ့မိတယ် ထင်ပါတယ်။ အဖေ့ဆုံးမစကားက သိပ်မှန်ခဲ့တယ်။(၄)မျှော်လင့်ခြင်းဆိုတာ ဘာများလဲ။ ဒါမျိုးအမေးက အဖြေတိတိပပရှိတဲ့ အမေးတော့ မဟုတ်ဘူးပေါ့။ သို့ပေမဲ့ ဂတ်စ်ဘီအတွက်တော့ မျှော်လင့်ခြင်းဆိုတာ ဒီအလင်းပွင့်စိမ်းကလေးပါပဲ။ လဲကျလိုက် တစ်စစီပြန်ကောက်လိုက် ဘဝမှာတောင် ဒီမျှော်လင့်ချက်ကလေးကို ဂတ်စ်ဘီ မစွန့်လွှတ်ခဲ့ပါဘူး။ ...
movie

The Great Gatsby (2013)

2013
Romeo + Juliet (1996) 6.7
Romeo + Juliet (1996) Romeo + Juliet (1996) IMDb - 6.7/10________Rotten - 72%  Romeo & Juliet အကယ်၍များ တစ်ဦးတစ်ယောက်က ကျွန်တော့်ကို အကြီးအကျယ်ဆုံး အချစ်ဝတ္တုတစ်ပုဒ်ကို မေးလာရင် William Shakespeare ရဲ့ ရိုမီရို ဂျူးးလိယက်ကို ကျွန်တော်သတိရမိလိမ့်မယ်။ စစ်မှန်တဲ့ အနုပညာလက်ရာကောင်းတစ်ခုက ခေတ်တွေကို ဖြတ်ကျော်နိုင်တယ်ဆိုသလိုပဲ Romeo & Julietဟာ သက္ကရာဇ်၁၅၀၀ကျော်ကနေ ယနေ့ ၂၀၀၀ကျော်အထိ ထင်ရှားဆဲ အနုပညာပစ္စည်းတစ်ခုအဖြစ် ဖြစ်တည်နေဆဲပါပဲ။ ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးးလိယက်ပြဇာတ်ဟာ Stared-Crossed Loverလို့ခေါ်တဲ့ သူက ကိုယ့်အတွက် ကိုယ်က သူ့အတွက် ဖြစ်တည်ပါတယ်လို့ သတ်မှတ်ပြီးသား ချစ်သူ ၂ယောက်ရဲ့ ကြယ်တွေဆီမှာ သတ်မှတ်ပြီးသား ကံကြမ္မာတွေကို လွန်ဆန်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ " Romeo must die "လို ့ပြောတဲ့အထိ အာဃာတအချို့နဲ့ ကမ္ဘာကြီးရဲ့ အကျည်းတန်မှုနဲ့ ချစ်ခြင်းမေတ္တာရဲ့ လှပမှုကို အချိုးကျကျ ရောစပ်ထားပါတယ်။ ရုပ်ရှင်ပြန်ရိုက်တဲ့ အခါမှာလည်း ဒီနေ့ထိထက်တိုင်တော့ ဟောင်းမသွားသေးတဲ့ အကြိမ်ကြိမ် Rebootလုပ်ခံရပြီးတဲ့ ရုပ်ရှင်တစ်ကားအဖြစ် ရပ်တည်နိုင်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ခဲ့ပါတယ်။ ဒီ Versionမှာတော့ Modern ပုံစံနဲ့ ...
movie

Romeo + Juliet (1996)

1996
Australia (2008) 6.6
Australia (2008) ဒီ ဇာတ်ကားလေး ကတော့ 6.6 Rating ရထားပြီးအင်္ဂလန်မြို့ကြီးသူ ဆာယာရဲ့သူ့ခင်ပွန်းဦးစီးနေတဲ့ ဩစတြေးလျတိုက် ဒါဝင်မြို့လေးက နွားမွေးမြူရေးခြံကိုလိုက်သွားရာကဖြစ်ပေါ်ခဲ့တဲ့ဇာတ်လမ်းလေးပါ။ အစပိုင်းမှာတော့မြို့ကြီးသူဟန်ကျော့ကျော့မာ့မော့နေခဲ့ပေမယ့် ယောက်ျားဖြစ်သူမတရားအသတ်ခံရပြီးနောက်မှာတော့ မိန်းမသားတန်မဲ့သတ္တိရှိရှိ ဩစတြေးလျလွင်ပြင်တွေကိုဖြတ်ပြီးနွား၁၅၀၀ အုပ်ကိုမောင်းရင်းဒါဝင်မြို့ကိုအရောက်ပို့ပုံတွေ၊ အဲဒီတုန်းကလူမည်းစပ်ကလေးတွေဆို မစ်ရှင်ကျွန်းလို့ခေါ်တဲ့ကျွန်းတစ်ကျွန်းကိုပို့ပြီး လူဖြူတွေကိုအလုပ်အကျွေးပြုတတ်ဖို့သင်ကြားပေးတဲ့ခေတ်မို့ ဆာယာဟာ ဒေသခံချစ်စရာကလေးတစ်ယောက်ကို သံယောဇဉ်တွယ်မိပြီး မွေးစားဖို့ကြိုးစားပုံတွေ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဇာတ်ဆောင်မင်းသားအနေနဲ့ ဆာယာ့ကိုကူညီရင်းသံယောဇဉ်တွယ်မိသွားတဲ့ လွတ်လွတ်လပ်လပ်နေတတ်တဲ့ကောင်းဘွိုင်တစ်ယောက်အဖြစ် Woverineမင်းသား Huge Jackman ကိုမြင်တွေ့ရမှာပါ။ Nicole Kidman သရုပ်ဆောင်တဲ့ဆာယာဇာတ်ရုပ်ဟာလည်း ကိုယ်အရမ်းကြိုက်မိတဲ့ဇာတ်ရုပ်ဖြစ်တဲ့အပြင် ဇာတ်လမ်းလေးကလည်းအရမ်းကောင်းတာကြောင့် ဒီဇာတ်ကားလေးကိုလက်လွတ်မခံဘဲကြည့်သင့်ပါကြောင်းသတင်းပေးလိုပါတယ်....File size…(1GB , 906 MB)  Format…mp4 Duration….02:45:29 Subtitle….Myanmar Subtitle (Hardsub) Translator…May Thazin Myint  Encoder….Moe Myint Lwin Download & Watch with VIP Link Download with Pcloud Download with Pcloud ( Small Size ) Download with Openload  
movie

Australia (2008)

2008