Channel Myanmar

Ben Mole

Behind the Line: Escape to Dunkirk (2020) 8.6
Behind the Line: Escape to Dunkirk (2020) Behind the Line: Escape to Dunkirk (2020)===============================IMDb Rating - 8.6/10#Unicodeကမ္ဘာကြီးရဲ့ အတ္ထုပ္ပတိကိုလှန်ကြည့်တဲ့အခါ ကျွန်တော်တို့သက်တမ်းနဲ့တောင် ဖတ်မှတ်လို့မပြီးမယ့် စိတ်၀င်စားစရာ အကြောင်းအရာတွေ အများကြီးပါပဲ။ ဒီဇာတ်လမ်းဟာ ကမ္ဘာ့သမိုင်းထဲက အရက်စက်ဆုံး ကုန်ကျစရိတ်အများဆုံး သေကြေမှု အများဆုံး ဒုတိယကမ္ဘာစစ်မှာဖြစ်ခဲ့တဲ့ စိတ်၀င်စားစရာဇာတ်လမ်း တစ်ပုဒ်ပါပဲ။ ‌ကြီးကျယ်တဲ့ဖြစ်ရပ်တွေတိုင်းရဲ့ အောင်မြင်မှု ကျရှုံးမှုတွေဟာ ကောက်ရိုးမ‌‌ီးလို ဝုန်းခနဲထတောက်တာ မဟုတ်ပါဘူး။ သေးငယ်တ‌ဲ့ ဓာတ်မှုန်ကလေးများစွာရဲ့ တစ်ခုချင်းဆီပေါက်ကွဲမှုတွေဟာပေါင်းဆုံပြီးမှ မဟာပေါက်ကွဲမှုကြီးဖြစ်လာတာပါ။ ဒုတိယကမ္ဘာစစ်အကြောင်း ရိုက်ပြထားတဲ့ ရုပ်ရှင်တွေထဲမှာ The Immitation Gameလို Dunkrikလို Saving Leningradလို Darkest Hoursတို့လို ဖြစ်ရပ်မှန်‌ အခြေပြုကားကောင်းတွေရှိပါတယ်။ အဲ့ဒီရုပ်ရှင်တွေထဲကဖြစ်ရပ်ကလေးတွေ အကုန် စုပေါင်းပြီးမှ ဂျာမနီနဲ့ မဟာမိတ်တွေကို နိုင်ခဲ့တာပါပဲ။1940မှာ ဂျာမနီတွေဟာ ပိုလန် ဒိန်းမတ် နော်ဝေး ဘယ်ဂျီယမ်တို့ကိုသိမ်းပြီးတဲ့နောက် ပြင်သစ်နိုင်ငံက Dunkrikမြို့ကို ဝိုင်ထားကြတယ်။ ဗြိတန်တွေဟာ ဂျာမန်တွေကိုခုခံဖို့ တပ်တစ်တပ်ပဲထားပြီး အပြင်းအထန်ဆုတ်ခ‌ွာခဲ့ရတယ်။ ဒီဇာတ်လမ်းက ဒီအချိန်မှာပါပဲ။ ဗြိတိန်ရှေ့ပြေးတပ်ဖွဲ့ဟာ ပြင်သစ်နယ်စပ်မှာ ကတုတ်ကျင်းခို စောင့်ဆိုင်းနေရာက တပ်ဆုတ်လာတဲ့ ဖြစ်ရပ် နောက်ကွယ်ကို ညဏ်ကွန့်မြူးရိုက်ပြထားတာပါ။ပြင်သစ်နယ်စပ်ကနေ Dunkrikကိုတပ်ဆုတ်ရမယ့် လမ်းမှာ ဗြိတန်တပ်သားနှစ်ယောက်အဖမ်းခံရတာကနေ ဒီဇာတ်လမ်းကို အစပြုထားတယ်။‌ဒါတော့ ဘာမှမထူးဆန်းပါဘူး။ ထူးတာက အဲ့ဒီတပ်သား နှစ်ယောက်ထဲက တစ်ယောက်ဟာ ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ ဒန်နီ ...
movie

Behind the Line: Escape to Dunkirk (2020)

2020