Channel Myanmar

Bhavan Rajagopalan

Thinker (Vivesini) (2023) 8.4
Thinker (Vivesini) (2023) Vivesini 2023 (စူးစမ်းသံသရာ)IMDb-8.4/10သစ်ပင်တွေက ကိုယ့်ကိုယ်ကိုယ်ကာကွယ်တတ်တယ်ဆိုတာ ယုံပါသလား ခုတ်ဖြတ်ခံရမဲ့သူတို့ဘဝကို ကယ်တင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေသုံးလဲဆိုတာသိရရင် ကြည့်ရှုသူတို့ယုံနိုင်မယ်မထင် ဟိုးလွန်ခဲ့တဲ့ နှစ်၂၀၀လောက်တုန်းက တောအုပ်ထဲနေထိုင်တဲ့ မျိုးနွယ်စုတစ်စုရှိခဲ့တယ် ငြိမ်းချမ်းစွာနေထိုင်ခဲ့ပေမဲ့ ရဲတွေရဲ့ နယ်မြေသိမ်းပိုက်လိုမှုကြောင့် ယောကျာ်းတွေဆိုဖမ်းဆီး မိန်းမနဲ့ကလေးတွေဆိုနှင်ထုတ်ပြီး လက်ဝါးကြီးအုပ်ခဲ့တဲ့နှစ်တွေရှိခဲ့ဖူးပါတယ်ဒီဖြစ်ရပ်ကိုကယ်တင်ခဲ့တဲ့လူတွေကတော့ အသက်၆၀နီးပါးရှိတဲ့ အဘွားကြီး၄ယောက်ပါ မြင်းကိုယ်စီနဲ့ ကောင်းကင်ဘုံက နတ်ဘုရားမတွေလို လှံကိုကိုင်စွဲတွန်းလှန်ခဲ့ပြီး အသက်၁၁၀ထိတိုင် ရှင်သန်သွားခဲ့ကြတယ် ဒီ၄ယောက်အဖြစ် သမုတ်ထားတဲ့ သစ်ပင်ကြီးလေးပင်က ဒီတောအုပ်ကိုဆက်လက်စောင့်ရှောက်တယ်လို့လည်းဆိုစမှတ်ပြုကြပြန်တယ်။။။(လက်ရှိကာလ) ခေတ်နဲ့အညီပြုပြင်ပြောင်းလဲရေးသမားတွေနဲ့ အစဉ်အဆက် လက်‌ဆင့်ကမ်းလာတဲ့ယုံကြည်မှုတွေ...သရဲခြောက်တယ် မိန်းမတွေဝင်ခွင့်မရှိဘူးလို့ နာမည်ကြီးနေတဲ့တောထဲကို ဝင်ဖို့ပြင်ပြီးခါမှ ဒဏ်ရာရသွားတဲ့ ဖခင်ဖြစ်သူကိုယ်စားတောထဲလိုက်စုံစမ်းရှာဖွေဖို့ တာဝန်ယူလိုက်ရတဲ့ ရှက်ခ်သီ ဒီအရာတွေကိုအယုံအကြည်မရှိပေမဲ့ ဒဏ်ရာနဲ့ဖခင်ကြီးကိုမလွှတ်ရက်လို့ ကိုယ်တိုင်ဝင်လာခဲ့တဲ့ရှက်ခ်သီ တောထဲရောက်ပြီး သူကြုံတွေ့ခဲ့ရတဲ့အရာတွေက သူခံယူထားတဲ့အရာတွေ ၊ ဆန့်ကျင်ထားတဲ့အမြင်တွေနဲ့ အလွဲကြီးလွဲနေတော့တယ်ဟိုးအရင်တည်းကတည်ရှိနေခဲ့တဲ့ ထူးဆန်းအံ့ဩဖွယ်တွေနဲ့ တောနက်ကြီးထဲ လူငယ်တွေရဲ့ ရဲတင်းမှုတွေနဲ့ ဘယ်လိုအမှန်တရားတွေထွက်ပေါ်လာမလဲဆိုတာ သည်းထိတ်ရင်ဖိုရှုစားကြည့်ပါဦး(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ ToMo ~ KKKZ ~ Zwe Yan ~ Yunni တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie

Thinker (Vivesini) (2023)

2023