Channel Myanmar

Brandon Christensen

The Puppetman (2023) 5.3
The Puppetman (2023) The Puppetman (2023) =================Horror ဇာတ်လမ်းလို့ပြောရမယ့် ဒီအောက်တိုဘာမှာ အသစ်ထွက် ရှိလာတဲ့ Horror ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကြည့် လည်းကြည့်ချင်တယ် သိပ်ကြီးလည်းမကြောက်ချင်ဘူးဆိုရင် ဒီကားကို ကြည့်ပါနော်။ ‌ကြမ်းလှတယ်မဟုတ်ပေမဲ့ တစိမ့်စိမ့်နဲ့ကြောက်ရပြီးအ တော်လေးစိတ်၀င်စားစရာကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မိုက်ကယ်ဆိုတဲ့ ကျောင်းသူလေးဟာ အတိတ် ဆိုးရဲ့အရိပ်က မလွတ်မြောက်နိုင်သူပါ။ သူ့ဖခင်ဟာ သူ့မိခင်ကိုသတ်တဲ့ လူသတ်သမားအဖြစ် ထောင်နန်းစံနေရပြီး သူကတော့ ငယ်ငယ်လေးနဲ့ မိဝေးဖဝေးဖြစ်ခဲ့ရသူပေါ့။ အရပ်စကားတွေအရ ဖခင်ဟာ တစ်စုံတစ်ရာရဲ့ စိတ်ထိန်းချုပ်ခိုင်းစေမှုကြောင့် လူသတ်မှုဖြစ်ခဲ့ရတယ်လိုလည်း ဆိုကြပါတယ်။အပျိုအရွယ်‌လေးရောက်လာတဲ့ မိုက်ကယ်ဟာ တစ်ဖက်မှာ အတိတ်ဆိုးကို ရင်ဆိုင်ရင်း တစ်ဖက်မှာလည်း လူငယ်ပီပီ အပေါင်းအသင်းတွေနဲ့ပျော်နေခဲ့ ပါတယ်။ တစ်နေ့မှာတော့ အတိတ်ဆိုးကြီးက ပြန်အသက်၀င်လာပြီး သူချစ် တဲ့သူတွေအန္တရာယ်ဖြစ်စေလာတဲ့အခါ၊ သူကိုယ်တိုင်က အန္တရာယ်တစ်ခုမှန်း သိလာရတဲ့အခါ... သူဘယ်လိုရုန်းထွက်မလဲ၊ အတိတ်ရဲ့အရိပ်ဆိုးကြီးက လွတ်မြောက်နိုင်ပါ့မလား။ စိတ်ကိုထိန်းချုပ်ခိုင်းစေတတ်တဲ့ Puppetman ‌ခေါ် မကောင်းဆိုးဝါးနဲ့ လူငယ်တစ်စုရဲ့ အားပြိုင်ရင်ဆိုင်ပွဲမှာ ဘယ်သူကအနိုင်ရမလဲ ဆိုတာကို သိုလောသိုလော အဖြေရှာရင်း ဆက်ဆက် ကြည့်ရူလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.0 GB) / (407 MB) Quality............WEB-RIP 1080p ...
movie

The Puppetman (2023)

2023
Superhost (2021) 5.6
Superhost (2021) Superhost (2021)=============IMDb Rating - 5.6/10"Superhost"ဆိုတာက Teddy နဲ့ Clair ဆိုတဲ့ Travel blogger နှစ်ယောက်စီစဥ် တင်ဆက်နေတဲ့အစီအစဥ်တစ်ခုပဲ။သူတို့နှစ်ယောက်က အပန်းဖြေအိမ်တွေမှာလိုက် ငှားနေပြီးရီဗျူးဗီဒီယိုတွေရိုက်ပြီးတော့ " Superhost"မှာ အပိုင်းလိုက်နဲ့တင်ကြတာ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့လူစိတ်ဝင်စားမှုနည်းလာပြီး ကြည့်ရှုနှုန်းကျလာလို့ ကြည့်ရှုနှုန်း ပြန်တက်အောင်နှစ်ယောက်သားကြံကြတာပေါ့။ ဒီလိုနဲ့ပဲ Rebeccaဆိုတဲ့အမျိုးသမီးတစ်ဦး ပိုင်ဆိုင်တဲ့အပန်းဖြေအိမ်လေးကို သူတို့ငှားဖြစ်သွားပြီး ရီဗျူးဗီဒီယိုလေးရိုက်ဖို့စီစဥ်ခဲ့ကြ တယ်။ Teddy ကတော့ ဒီအစီအစဥ်လေးကိုရိုက်ကူးရင်း Clair ကိုလက်ထပ်ခွင့်တောင်းဖို့ပါ စီစဥ်နေခဲ့တာပေါ့။Rebecca ရဲ့အိမ်လေးကလိုင်းမကောင်းတာကလွဲရင် အစစအရာရာအဆင်ပြေနေတော့ နှစ်ယောက်သားပျော်ရွှင်နေကြတာပေါ့။ Rebeccaကလည်း သူ့အိမ်လေးကို ရီဗျူးကောင်း ကောင်းရစေချင်တဲ့လူဆိုတော့ နှစ်ယောက်အတွက်လိုတာကိုဖြည့်ဆည်းပေးတာပေါ့။ဒါပေမယ့် တစ်ရက်ကျ Teddyနဲ့ Clairတို့နဲ့ပတ်သက်ခဲ့ဖူးတဲ့လူတစ်ယောက်မထင်မှတ်ပဲ သူတို့နေရာအိမ် ဆီရောက်ရှိလာခဲ့ပါတယ်။ ဒီလိုနဲ့ပဲနောက်ပိုင်းကျ မထင်မှတ်ထားတဲ့ကံကြမ္မာဆိုးနဲ့ နှစ်ယောက် သားကြုံကြိုက်ပြီးတော့ ဒီကံကြမ္မာဆိုးကနေဘယ်လိုရုန်းထွက်မလဲဆိုတာကို ကြည့်ရမယ့် Horror , Thriller ကားကောင်းလေးတစ်ကားပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူကများကတော့ CM Team မှ ဖြစ်ပါတယ်)File Size - (1 GB) /(469 MB) / (322 ...
movie

Superhost (2021)

2021
Z  2019 5.6
Z 2019 ခင်ဗျားတို့ကျွန်တော်တို့မှာရော ငယ်ငယ်တုန်းကစိတ်ကူးယဥ်သူငယ်ချင်းတွေရှိခဲ့ကြဖူးသလား မရှိတာပဲကောင်းပါတယ်ဗျာ အခုဒီကားလေးထဲက ကောင်လေးမှာတော့စိတ်ကူးယဥ်သူငယ်ချင်းလေးရှိနေတယ် ဂျော့ဆိုတဲ့ရှစ်နှစ်အရွယ်ကောင်လေးဟာ သူ့စိတ်ကူးယဥ်သူငယ်ချင်းနဲ့သာဆော့နေတတ်တယ် သူ့မိဘတွေကသာမန်ကလေးတစ်ယောက်ဆော့နေသလိုထင်ပြီးသတိမထားခဲ့ကြဘူး တစ်နေ့ဂျော့ ကကျောင်းမှာကလေးတွေကိုပြဿနာရှာလာတာကနေ သူ့စိတ်ကူးယဥ်သူငယ်ချင်းအကြောင်းကိုသတိထားလာမိတယ် သူ့စိတ်ကူးယဥ်သူငယ်ချင်းကလဲတစ်ခြားသူမဟုတ်ပဲ သူ့အမေရဲ့ ငယ်ဘဝကစိတ်ကူးယဥ်သူငယ်ချင်းဖြစ်နေပြန်တယ် သူတို့ရဲ့စိတ်ကူးယဥ်သူငယ်ချင်းဇက်ကို ဘယ်လိုတိုက်ထုတ်မလဲ ဘာတွေဆက်ဖြစ်မလဲကတော့ ဇာတ်ကားလေးထဲမှာကြည့်ရှုပေးပါဦး   File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 23min Genre :   Horror, Mystery, Thriller  Subtitle : Myanmar Subtitle (Hard Sub) Translated by  T Lone Encoded by Littleneo
movie

Z 2019

Z (2019)
Z (2019) ကယ်ဗင်နဲ့ဘတ်သ်တို့ရဲ့တစ်ဦးတည်းသောသားလေး ဂျော့ရှ်ဟာထူးထူးဆန်းဆန်းပဲ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက် ရသွားခဲ့တယ်။အဲဒီသူငယ်ချင်းရဲ့နာမည်ကတော့ Z (ဇီ) လို့ခေါ်တယ်။တစ်ရက် ဘတ်သ်ဆီကို ကျောင်းကနေ ဖုန်းဆက်ပြီးတိုင်တဲ့အခါမှသာဘတ်သ်က သူ့သားလေးရဲ့အဖြစ်တွေကို သိရတော့တယ်။ကလေးက ကျောင်းမှာ အရမ်းဆိုးသွမ်းနေပြီးဘယ်လိုမှထိန်းမရဖြစ်နေတာကြောင့် ရက်အကန့်အသတ်မရှိကျောင်းနားခံလိုက်ရတော့တယ်။ဒါပေမဲ့ ကောင်လေးကတော့ ဒါတွေက ဇီကြောင့်ဖြစ်တာလို့ ပြောနေလေရဲ့။ဇီက တကယ်ပဲစိတ်ကူးယဉ်သူငယ်ချင်းသက်သက်လားသဘာဝနာနာဘာဝတစ်ကောင်လားဆိုတာ ဘယ်သူမှမသိကြပါဘူး။ထူးထူးဆန်းဆန်းပဲ ကောင်လေးရဲ့အမေ ဘတ်သ်မှာလည်းငယ်ငယ်က ဇီဆိုတဲ့စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက် ရှိဖူးမှန်း သိလိုက်ရတော့တယ်။ဒီဇာတ်ကားက Horror Drama အမျိုးအစားပါ။အရမ်းကြီးကြောက်ဖို့မကောင်းပေမဲ့ ကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားပါ။Horror ကြိုက်တဲ့သူတွေ လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ်။ File Size : ( 779 MB , 286 MB) Quality : WEBRip 720p Running Time ...
movie

Z (2019)