Channel Myanmar

Cheng Fen-fen

Hear Me (2009) 7.5
Hear Me (2009) Hear Me (2009)____IMDb - 7.5/10  အချစ်မှာ မျက်စိမပါဘူးလို့ဆိုကြပါတယ်။ တကယ်တော့ အချစ်မှာ နားလဲမပါဘူးဆိုတာ ဒီဇာတ်ကားမှာတွေ့ရပါမယ်။ အကြားအာရုံမပါဝင်ဘဲ ချစ်ခြင်းမေတ္တာတစ်ခုဖြစ်ပေါ်လာပုံကို တင်ဆက်ထားပါတယ်။ ချစ်ခြင်းမေတ္တာကိုဖွဲ့နွဲ့ကြတဲ့ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားကတော့ ပိုမိုထူးခြားပါတယ်။ အလွန်ပေါ့ပါးစွာ တင်ဆက်ထားပေမယ့် နက်နဲတဲ့ချစ်ခြင်းရဲ့ရသတွေကို ကြည့်နေရင်းခံစားရပါတယ်။ ဇာတ်ကားရဲ့အဆုံးသတ်စာသားလေးကလဲ ကြည်နူးဖွယ်ရာပါ။ " အချစ်နဲ့အိမ်မက်ကအံ့သြဖွယ်ကောင်းပါတယ်။ သူတို့တွေဟာ ကြားဖို့ရော စကားပြောဖို့ရော ဘာသာပြန်ပေးဖို့ရော မလိုအပ်ကြဘူး။" Drama, Romance အမျိုးအစား ထိုင်ဝမ်ဇာတ်ကားဖြစ်ပြီး IMDb Rating (7.5/10) ရရှိထားလို့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ (ဒီဇာတ်ကားကိုတော့ Phyo Thu Hein မှခံစားတင်ဆက်ထားပါတယ်။)    File size...(804 MB) Quality...BR-Rip 720p Format...mp4 Duration....01:49:27 Subtitle....Myanmar Subtitle (Hardsub) Translator.....Phyo Thu Hein Encoder....Nyeinsaeya Aung 
movie

Hear Me (2009)

2009
HEVC 1080p 5.1
Go Brother! ( 2018 ) 6.2
Go Brother! ( 2018 ) အစ်​ကို့ရဲ့အနိုင်​ကျင့်​မှု​တွေကိုအမြဲခံ​နေရတယ်​လို့ထင်​​နေ​တဲ့​ကောင်​မ​လေးတစ်​​ယောက်​ဟာသူ့​မွေး​နေ့မှာ သူ့အစ်​ကိုကိုသူ့ဘဝထဲက​နေ​ပျောက်​သွား​စေဖို့ဆု​တောင်းခဲ့မိပါတယ်​၊​နောက်​တစ်​​နေ့ပြန်​လည်​နိုးထလာချိန်​မှာ​တော့အံ့အားသင့်​ဖွယ်​ကိစ္စကဆီးကြို​နေခဲ့ပါတယ်​၊သူမရဲ့အစ်​ကိုကသူမဘဝထဲက​ပျောက်​ကွယ်​သွားခဲ့ပြီးသူမသူငယ်​ချင်းရဲ့အစ်​ကိုဖြစ်​​နေတဲ့အခါဘယ်​လို​တွေဆက်​ဖြစ်​လာမလဲ..သူမရဲ့အစ်​ကိုက​နောက်​ကွယ်​က​နေညီမ​လေးကိုဂရုစိုက်​တာ​တွေ၊ဖြည့်​ဆည်း​ပေးတာ​တွေကိုမြင်​လာရတဲ့အခါ သူမရဲ့အစ်​ကိုကိုပြန်​ရနိုင်​ပါ​တော့မလား၊​မောင်​နှမနှစ်​​ယောက်​ကြားကသံ​ယောဇဉ်​၊အထူးသဖြင့်​အစ်​ကိုကညီမ​လေးအ​ပေါ်ထားတဲ့ကြီးမားတဲ့မေတ္တာတရားကို ဆွတ်​ပျံကြည်​နူးဖွယ်​ခံစားကြည့်​ရှုရမှာဖြစ်​ပါတယ်​၊ကျွန်​​တော့အမြင်​အရ​တော့..ကြည့်​ရင်းနဲ့အစ်​ကိုမရှိတဲ့သူ​တွေလဲအစ်​ကိုတစ်​​ယောက်​​လောက်​​လိုချင်​မိမှာဖြစ်​ပြီး...အစ်​ကိုရှိပြီးသားသူ​တွေလဲကိုယ့်​ရဲ့အစ်​ကိုကိုပိုပိုချစ်လာလိမ့်မယ်ထင်မိပါတယ်.. အညွှန်းနဲ့ဘာသာပြန် ဖြိုးဇော် ဖြစ်ပါတယ်Encoder : LK
movie

Go Brother! ( 2018 )

2018