Channel Myanmar

Claire Scanlon

Set It Up (2018) 6.5
Set It Up (2018) Set It Up (2018)IMDb (6.5) / Rotten Tomatoes (68 %)Rating မြင့်မြင့်ရရှိထားတဲ့ Comedy,Romance အမျိုးအစား ဒီရုပ်ရှင်လေးကတော့ လုပ်ငန်းခွင်ဝင်လူလတ်ပိုင်းအရွယ်တို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပြီး အချစ်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အထူးသင့်လျော်မယ့်ဇာတ်ကားလေးပါ။Before I fall ရုပ်ရှင်ထဲက မင်းသမီးချောလေး Zoey Deutch ပါတဲ့ကားပါ။ မင်းသားကတော့ ဓာတ်ပုံထဲမှာမချောပေမဲ့ ရုပ်ရှင်ထဲမှာတော့ ခန့်ချောပါ။ ပြီးတော့ တရုတ်နဲ့အမေရိကန်ကပြားမင်းသမီး Lucy Liu ကလည်း နာမည်ကြီးဆောင်းပါးရေးသူ၊မင်းသမီးရဲ့သူဌေးမအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Claire Scanlon ပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့...ဟာပါဆိုတဲ့အရမ်းအလုပ်ကြိုးစားတဲ့ကောင်မလေးက ခရစ်စတန်ဆိုတဲ့သူဌေးမရဲ့လက်ထောက်ဖြစ်ပြီး သူရဲ့အိပ်မက်ကဆောင်းပါးရေးတဲ့စာရေးဆရာမဖြစ်ချင်တယ်....ဒါပေမဲ့ သူက အလုပ်မှာ ခိုင်းဖက်လေးပေါ့တစ်နေ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် ရုံးအဆောက်အအုံတစ်ခုတည်းမှာအလုပ်လုပ်တဲ့ ချာလီ(မင်းသား) နဲ့တွေ့ခဲ့တယ်ချာလီကလည်း ဟာပါလိုပဲ ရစ်ခ်ဆိုတဲ့သူဌေးတစ်ယောက်ရဲ့လက်ထောက်ဖြစ်ပြီး ရာထူးတိုးချင်နေတဲ့သူပေါ့နစ်ယောက်လုံးက ရုံးမှာဆို နောက်ဆုံးမှအိမ်ပြန်ရတဲ့သူ၊ တစ်နေကုန် အလုပ်ကလည်းရှုတ် အရမ်းဇီဇာကြောင်တဲ့သူဌေးတွေရဲ့ဒဏ်ကိုလည်းခံရနဲ့ နှစ်ယောက်သား သူဌေးတွေရဲ့အတင်းကိုပြောရင်း သူတို့သူဌေးနှစ်ယောက်ကို အောင်သွယ်ပေးဖို့ အကြံရသွားကြတယ်သူတို့ရဲ့ရည်ရွယ်ချက်က သူဌေးနှစ်ယောက်ဒိတ်လုပ်ရင် သူတို့အေးဆေးနေလို့ရတယ်ဆိုပြီး ...
movie

Set It Up (2018)

2017
4K HEVC
The People We Hate at the Wedding (2022) 5.7
The People We Hate at the Wedding (2022) The People We Hate at the Wedding (2022)(1080p ရပါပြီ)ဒိုနာရဲ့ဘဝမှာ ဟန်နရစ်နဲ့ ဘေလ်ဆိုတဲ့ ခင်ပွန်းသည်နှစ်ဦးနဲ့ ချစ်ခင်ပေါင်းသင်းခဲ့ပြီး အယ်လိုဝီ ၊ အယ်လစ် နဲ့ ပေါလ်လို့အမည်ရတဲ့ သားသမီးသုံးဦးဖြစ်ထွန်းခဲ့ပါတယ်။ ယခင်ယောက်ျားနဲ့ ရခဲ့တဲ့ သမီးဖြစ်သူ အယ်လိုဝီဟာ ကျောင်းပိတ်ရက်တိုင်း သူနေထိုင်ရာ အင်္ဂလန်ကနေ အမေရိကန်အထိလာပြီး သူ့ရဲ့မောင်ငယ် ညီမငယ်တွေနဲ့ အချိန်ကုန်ဆုံးလေ့ရှိတယ်။ဒီလိုနဲ့ ငယ်စဉ်အချိန်မှာ ရင်းနှီးပျော်ရွှင်ခဲ့ကြတဲ့ အမေတူအဖေကွဲ မောင်နှမသုံးဦးဟာ လောကကြီးအလည် ရှင်သန်ကြီးပြင်းလာတာနဲ့အမျှ တဖြည်းဖြည်း ဝေးကွာလာခဲ့ကြပြီး ဒါကိုသတိထားမိတဲ့ အစ်မကြီးဖြစ်သူ အယ်လိုဝီက သူ့မင်္ဂလာပွဲမှာ သူ့ရဲ့မိသားစုဝင်တွေကို ဖိတ်ကြားပြီး မိသားစုပြန်လည်ပေါင်းစည်းဖို့ စီစဉ်ခဲ့ပါတယ်။အသက်အရွယ်ရလာတာနဲ့အမျှ စကားပြောလာတဲ့ ကြွယ်ဝချမ်းသာမှု၊ အဆင့်အတန်းတွေရဲ့ ကွာဟမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ သူတို့မောင်နှမသုံးဦးကြားက ကတောက်ကဆလေးတွေဟာ အချင်းချင်းထိခိုက်နစ်နာစရာတွေပါ ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ ပေါင်းစည်းဖို့ကြံကာမှ သံယောဇဉ်ကုန်စရာတွေပါ ဖြစ်လာခဲ့ကြတဲ့ သူတို့မိသားစုတစ်ခု အင်္ဂလန်မှာ ...
movie

The People We Hate at the Wedding (2022)

2022