Channel Myanmar

Clay Kaytis

A Christmas Story Christmas (2022) 6.7
A Christmas Story Christmas (2022) ဦးစွာပြောလိုတာကတော့ Rating ပါ..Rating မကြည့်ကြနဲ့လို့ ဆိုကြပေမယ့် ဒီလိုပွဲ‌တော်အကြောင်းပြုပြီး ပေါချင်းသောချင်းထွက်နေကြ ဇာတ်ကားတွေထဲမှာ ဒီကားဟာ တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်...ခရစ္စမတ်ကားတို့မည်သည် Family Typeလေးနဲ့ ပျော်ပျ်ောရွှင်ရွှင်အဆုံးသတ်ပြီး ခရစ္စမတ်အရသာကို ခံစားရစေစမြဲဆိုပေမယ့် ဒီဇာတ်လမ်းလေးကတော့ မတူကွဲပြားဘဲ ထူးခြားမှုကို ခံစားရစေတယ်ဗျ။ရာလ်ဖ် ပါကာဆိုတဲ့ စာရေးဆရာဟာ သားသမီး၂ယောက်ရဲ့ ဖခင်ပေါ့ ... သူတို့မိသားစုဝင် ၄ယောက်ဟာ ခရစ္စမတ်တိုင်း အဝေးကလာတဲ့ အဖိုးအဖွားတွေနဲ့ ပွဲတော်ဆင်နွှဲနေကြဆိုပေမယ့် ဒီနှစ်မှာတော့ အဖေဖြစ်သူဆုံးပါးသွားတဲ့အခါ တာဝန်အားလုံးဟာ ရာလ်ဖ်အပေါ်ကျရောက်လာပါတော့တယ်... ရာလ်ဖ်ရဲ့ဖခင်ဟာ ခရစ္စမတ်ပွဲကျင်းပရာမှာ ဆရာတစ်ဆူဖြစ်တဲ့အတွက်ကြောင့် သူ့အဖေခြေရာအတိုင်းထပ်တူဖြစ်လာပါမလားလို့ ressureတွေပိုပိလာတဲ့အခါ ...ရာလ်ဖ်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းရသလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(2.5GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:38:00 Type__Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie

A Christmas Story Christmas (2022)

The Angry Birds (2016) 6.3
The Angry Birds (2016) ကမ္ဘာကျော်ဂိမ်းကို ရုပ်ရှင်အဖြစ် ပြန်ပြီး အသက်သွင်းတဲ့ The Angry Birds Movie ဖြစ်ပါတယ် ..Animation ပရိတ်သတ်တို့ မျှော်လင့်ခဲ့ရတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး ..ဇာတ်လမ်းအရဆိုရင် Angry Bird တွေ ဖြစ်ပေါ်လာပုံကိုအစပျိုး မိတ်ဆက်ပေးထားပါတယ်ဂိမ်းထဲမှာ ဘာကြောင့် ဝက်တွေနဲ့ ရန်ဖြစ်ရလဲဆိုတဲ့အကြောင်းကို သိရမှာပါ ..ဂိမ်းထဲက အတိုင်း ငှက်တစ်ကောင်စီရဲ့ စွမ်းရည်တစ်မျိုးစီကိုလည်းကောင်းကောင်းမွန်မွန် ကြည့်ရှူခံစားရပါမယ်..ဇာတ်လမ်းကြီးကြီးမားမားမရှိပေမယ့်တင်ဆက်ပြသပုံ မဆိုးတဲ့အတွက် ကြည့်ရှုမယ့် ပရိတ်သတ်တွေသဘောကျ စိတ်ကျေနပ်စေမှာပါ ...ရုပ်ရှင်ကပေးတဲ့ message တွေကလည်းကောင်းမွန်တဲ့အတွက် ကြည့်ရကျိုးနပ်ပါလိမ့်မယ် ..အထူးသဖြင့် ဇာတ်ကောင်လေးတွေကို မိတ်ဆက်တဲ့နေရာမှာသဘောကျစရာလေးတွေပါဝင်ပြီး ချစ်စရာပုံစံလေးတွေလည်းအများကြီးတွေ့ရပါဦးမယ် ခင်ဗျ .. ပြောရရင် animation cartoon ချစ်သူတို့ အကြိုက်တွေ့စေမယ့်ရုပ်ရှင်ကားတစ်ကားဖြစ်ပါကြောင်း။အားပေးကြည့်ရှုခံစားကြပါဦး(ေဩာ် မေ့တော့မလို့ စာတန်းထိုးပြီးတဲ့အထိကြည့်ကြပါလို့ )(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Ye Kyaw Htet ပဲ ဖြစ်ပါတယ်)
movie

The Angry Birds (2016)

2016
The Christmas Chronicles (2018) 7.6
The Christmas Chronicles (2018) CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့"The Christmas Chronicles" ဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းကိုတော့ Nextflix မှဖြန့်ချီထားပြီးRating 7.6 ရရှိထားကာကြည့်ရှုသူများရဲ့ positive feedback များစွာကို ပိုင်ဆိုင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်..အညွှန်း- မက်ချူးဆက်မှာ နေထိုင်တဲ့ ပီယာစ်မိသားစုတစ်ခု...ဒီမိသားစုမှာ ဖေဖေ ဒေါ့ပီယာစ် မေမေ ကလဲယာပီယာစ်ကိုကြီး တက်ဒီပီယာစ်နဲ့ ညီမလေး ကိတ်တီပီယာစ်ဆိုပြီး မိသားစုလေးယောက်ရှိပါတယ်..သူတို့မိသားစုဟာ ခရစ်စမတ်ရောက်တိုင်း နှစ်တိုင်း မိသားစုဗီဒီယိုလေးတွေရိုက်ရင်းခရစ်စမတ်ကိုကြိုဆိုတတ်ကြပါတယ်...ဒေါ့ပီယာစ်ဟာ မီးသတ်သမားတစ်ယောက်ဖြစ်ပါတယ်...ဒီမိသားစုအတွက် ကံဆိုးခဲ့တာကတော့ ဒေါ့ပီယာစ် မီးလောင်သူတွေကိုကယ်ရင်း မီးလောင်သေဆုံးခဲ့တာပါ..တက်ဒီဟာ အဖေမရှိတော့တဲ့နောက်ဂျစ်ကန်ကန်ပဲ နေထိုင်ခဲ့ပါတယ်...ညီမဖြစ်သူ ကိတ်တီနဲ့လည်း မကြာခဏရန်ဖြစ်တတ်ပါတယ်...တစ်နေ့ မထင်မှတ်တာတစ်ခု ဖြစ်လာခဲ့တယ်...ဒါကတော့ ကိတ်တီဟာ အဖေနဲ့အတူရိုက်ကူးထားတဲ့ ခရစ်စမတ်အမှတ်တရဗီဒီယိုတွေကိုကြည့်ရင်း စန်တာကလော့စ်ကို တွေ့ခဲ့တာပါ...သူဟာ စန်တာကလော့စ်ကို အပြင်မှာတွေ့ချင်တဲ့ ရည်ရွယ်ချက်နဲ့အကိုဖြစ်သူတက်ဒီနဲ့ တိုင်ပင်ခဲ့ပါတယ်...သူတို့ရဲ့ စန်တာနဲ့ တွေ့ချင်တဲ့စိတ်ကူးက အမှန်တကယ်ဖြစ်ခဲ့ပါတယ်...ကောင်းသောတွေ့ခြင်းတော့ မဟုတ်ပါဘူး...စန်တာကလော့စ်ရဲ့ စွတ်ဖားလှည်းနောက် သူတို့နှစ်ယောက်ခိုးလိုက်ခဲ့တာပါ...စန်တာတစ်ယောက် သူတို့နှစ်ယောက်ကို တွေ့ပြီးအလန့်တကြားနဲ့ လက်ဆောင်ထုပ်တွေ ...
movie

The Christmas Chronicles (2018)

2018