Channel Myanmar

Dai Yilin

The Origin of The Legend Of Meng Po ( 2024 ) 5.8
The Origin of The Legend Of Meng Po ( 2024 ) လူတွေသေဆုံးပြီးတဲ့အခါ လက်ရှိဘဝကမှတ်ဉာဏ်တွေကိုမေ့ပျောက်ပစ်ပြီး ပြန်လည်ဝင်စားဖို့အတွက် မုန့်ဖော်ဟင်းရည်ကိုသောက်ပြီး မေ့လျော့ခြင်းမြစ်ကူးတံတားကိုကူးကြရတယ်ဆိုတဲ့ တရုတ်ဒဏ္ဍာရီတစ်ခုကို ကြားဖူးကြမယ်လို့ထင်ပါတယ် ။ဒီဇာတ်ကားကတော့ အဲဒီမုန့်ဖော်ဟင်းရည်ရဲ့ မူလအစက ဘယ်ကဖြစ်တည်လာတယ်ဆိုတဲ့ သမိုင်းကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။သေဆုံးပြီးသားဝိဉာဉ်တွေက မုန့်ဖော်ဟင်းရည်ကိုသောက် သေဆုံးခဲ့တဲ့ဘဝတစ်ခုလုံးကမှတ်ဉာဏ်တွေကို မေ့ပြီးတော့ လူဝင်စားဖို့လုပ်ဆောင်ရပါတယ် ။ သေချာပေါက်ပေါ့.. ဒီဘဝရဲ့မှတ်ဉာဏ်တွေကို မေ့မပစ်နိုင်တဲ့သူတွေ ၊ အစွဲအလမ်းတွေရှိလို့ ကျန်ခဲ့တဲ့သူတွေကို စိတ်မချကြတဲ့ဝိဉာဉ်တွေကတော့ မုန့်ဖော်ဟင်းရည်ကိုမသောက်လိုကြပါဘူး ။ အဲဒီလိုမသောက်လိုတဲ့အခါမှာ မေ့လျော့ခြင်းမြစ်ရဲ့ အောက်ဘက်က ဝမ့်မြို့တော်မှာ နှစ်တစ်ထောင် အတိဒုက္ခခံစားကြရပါတယ် ။ဒီလိုနဲ့ နှစ်တစ်ထောင်ပြည့်တဲ့နေ့မှာ မုန့်ဖော်ဟင်းရည်တိုက်ကျွေးသူ မုန့်ဖော်အမည်ရတဲ့နတ်သမီးက ဝမ့်မြို့တော်တံခါးကိုဖွင့်ပြီး အထီးကျန်ဝိဉာဉ်တွေနဲ့ဝိဉာဉ်ရိုင်းတွေကို မုန့်ဖော်ဟင်းရည်ထပ်တိုက်ပြီး ဘဝကူးပေးဖို့လုပ်ဆောင်ရပြန်တယ် ။မထင်မှတ်ထားတာကတော့ ဝမ့်မြို့မှာအဖမ်းခံထားရတဲ့ နတ်ဆိုးဘုရင်ရှိုးလော်ဟာ ပြန်လည်နိုးထလာခဲ့ပြီး မုန့်ဖော်ကိုတိုက်ခိုက်လာပါတော့တယ် ။ တချိန်တည်းမှာပဲ အသက်ရှိဝိဉာဉ်တစ်ကောင်ကလည်း ဝမ့်မြို့တော်ကိုရောက်ရှိနေပါသေးတယ် ။ ယမမင်းနေရာကိုလိုချင်နေတဲ့ ရှိုးလော်ကမုန့်ဖော်ကိုဘယ်လိုစီရင်သွားမလဲ ? အသက်ရှိဝိဉာဉ်ကရောဘယ်သူဖြစ်မလဲ ? ယမမင်းနဲ့ရှိုးလော်ကြားက ပြိုင်ဆိုင်မှုတွေကြား မုန့်ဖော်တစ်ယောက် ဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance , Fantasy Runtime : 1h ...
movie

The Origin of The Legend Of Meng Po ( 2024 )

Dragon Hunter ( 2023 ) 5.7
Dragon Hunter ( 2023 ) တရုတ်တွေက မသေဆေးဖော်ဖို့စွဲလမ်းခဲ့တာ ဟိုးရှေးကတည်းကပါ.... သိပ္ပံပညာတွေထွန်းကားလာပေမယ့်လဲ ထာဝရနုပျိုနိုင်တဲ့ ဆေးဖော်ဖို့ကြိုးစားနေကြတုန်းပါပဲ။ နဂါးဆိုတာအမှန်တကယ်ရှိတယ်လို့ ယုံကြည်ပြီး နဂါးဝင်စားတဲ့ နဂါးသွေးပါတဲ့လူက ထာဝရနုပျိုတယ်လို့ဒဏ္ဍာရီရှိပါတယ်။သတင်းထောက်မလေးတစ်ယောက်ဟာ မထင်မှတ်ပဲ နှစ်(၂၀)ကြာအောင် ရုပ်ရင့်လာခြင်းမရှိတဲ့ လူတစ်ယောက်ကိုရှာတွေ့ခဲ့ပြီး သတင်းမှာဆောင်းပါးအဖြစ်နဲ့ထည့်ရေးလိုက်တယ်။ အဲဒီအချိန်မှာ နုပျိုဆေးဖော်နေတဲ့ပါမောက္ခကြီးက ဆေးကိုလက်တွေ့ကျကျ မဖော်နိုင်ဖြစ်နေတဲ့အချိန်နဲ့တိုက်ဆိုင်သွားတော့ ပါမောက္ခကြီးက အဲဒီလူကိုရရာနည်းနဲ့ခေါ်ပြီး နဂါးရှိတဲ့နေရာကိုလမ်းပြခိုင်းတော့တာပေါ့။ သူရှာနေတဲ့ မအိုမင်းနိုင်တဲ့နုပျိုဆေးဆိုတာတကယ်ရှိနိုင်ပါ့မလား...... ဒဏ္ဍာရီလာနဂါးတွေကရောတကယ်ရှိနိုင်ပါ့မလား Quality : WEB-DL 1080p , 720p Format : mp4 Genres : Science Fiction , Fantasy Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Dragon Hunter ( 2023 )

The Lost Legend ( 2023 ) 5.9
The Lost Legend ( 2023 ) ဒီတစ်ခါတော့ ပုံမှန်သင်္ချိုင်းဖောက်ထွင်းကားတွေနဲ့မတူတဲ့ တင်ဆက်ပုံနဲ့ မထင်မှတ်ထားတဲ့Plot twistedတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ သင်္ချိုင်းဖောက်ထွင်းဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ဖာချိုးဂိုဏ်းသားတွေဖြစ်တဲ့ ဟွမ်ရှောင်မန်တို့ဆရာတပည့်တွေဟာ သင်္ချိုင်းဖောက်ထွင်းတဲ့လောကကနေထွက်ပြီး သာမန်ဘဝနဲ့နေထိုင်ဖို့ကြိုးစားနေကြပါတယ်။ တစ်နေ့မှာတော့ ရဲစခန်းမှူးတစ်ယောက်ရောက်လာပြီး သူ့ရဲ့ဇနီးကိုကယ်ဖို့အတွက် နှစ် (၁၀၀၀) သင်္ချိုင်းလိုအမှောင်ဆုံးနေရာတွေမှာသာပေါက်တဲ့ တစ္ဆေဂျင်ဆင်းကိုရှာဖွေပေးဖို့ အကူအညီတောင်းလာပါတယ်။လူ့အသက်ကယ်ဖို့အရေးကြီးတဲ့အတွက် ဆရာတပည့်တွေဟာ တတ်သိပညာမနေသာပဲ ကူညီပေးဖို့သဘောတူလိုက်ကြတယ်။ သူတို့တောထဲကိုစဝင်လိုက်တာနဲ့ အမဲလိုက်မုဆိုးအဖွဲ့နဲ့ကြုံရပြီး ပြေးရင်လွှားရင်း ဆရာကြီးကသေနတ်မှန်ပြီးသေသွားခဲ့ပါတယ်။ အဲဒီလိုနဲ့ လူ့အသက်ကယ်ဖို့ကနေ ဆရာ့အတွက်လက်စားချေဖို့ ဒီသင်္ချိုင်းကရတနာတွေကိုဖောက်ထွင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဝင်္ကဘာလိုရှုပ်ထွေးလှတဲ့မြေအောက်နန်းတော်သင်္ချိုင်းကြီးထဲမှာ သူတို့တွေဟာလက်စားချေနိုင်ပါ့လား...... နောက်ကွယ်မှာဘယ်လိုမထင်မှတ်ထားတဲ့ အရာတွေရှိနေဦးမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Fantasy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Lost Legend ( 2023 )

Marshal Tianpeng (2020) 6.5
Marshal Tianpeng (2020) ဒီတစ်ခါ အပြောင်းအလဲလေးဖြစ်သွားအောင် ပါကျဲ အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးတင်ဆက်ချင်ပါတယ် ။ နောက်ပိုင်း ဝူခုန်း ကားလေးတွေက ကလိထိုးရယ်သလို ဟာသဆန်ဆန် ရိုက်ကူးကြပေမယ့် အခု ပါကျဲ ကားလေးကတော့ လုံးဝကို ဒရမ်မာပုံစံနဲ့ ပါကျဲ ဖြစ်တည်လာပုံကို ရိုက်ကူးထားတာပါ ။ပါကျဲ မဖြစ်ခင် သူက အရမ်းချောမောတဲ့ ကောင်းကင်နတ်စစ်သူကြီး ထျန်းဖုန်း ဆိုတာတော့ သိကြလိမ့်မယ်ထင်ပါတယ် ။ ဝူခုန်း နဲ့ အထက်ကောင်းကင်မှာ လက်ရည်တူတိုက်ခိုက်နိုင်တဲ့သူပါ ။ မြတ်စာဘုရားက ဝူခုန်းကို လက်ငါးချောင်းတောင်မှာ ချုပ်ထားလိုက်တဲ့အချိန် စစ်သူကြီထျန်းဖုန်း ကို မနာလိုတဲ့ ကောင်းကင်စောင့်နတ်မင်းကြီးရဲ့ အကွက်ဆင်မှုကြောင့် လူ့ပြည်ကိုသွားပြီး ဝူခုန်းကို နှိမ်နင်းရပါတော့တယ်။အရင်က သိခဲ့တဲ့ မိန်းကလေးလှလှမြင်ရင် လိုက်ငမ်းတဲ့ ပါကျဲ.... အပျင်းကလည်းကြီး ... ပိန်းတိန်းတိန်းနဲ့ ငတုံး လို့ခဏခဏအပြောခံရတဲ့ ပါကျဲ ... တကယ်တော့ သူက အချစ်အတွက်နဲ့ ပါကျဲ ဖြစ်ခဲ့ရတာပါ ။ ရုပ်ရည်ချောမောပြီး ...
movie

Marshal Tianpeng (2020)

2020