Channel Myanmar

Daniel Benmayor

Xtreme (2021) 5.9
Xtreme (2021) Xtreme (2021)============IMDb Rating - 5.9/10ဂျွန်ဝိန်း၊ ဂျက်ကီချန်း၊ ဘရုစ်လီ သုံးယောက်ပေါင်း သောင်းကျန်းသွားသလိုပဲ ဆိုပြီး ဒီဇာတ်လမ်းထဲက မင်းသားကို ချီးမွန်းခန်းဖွင့်ထားကြပါတယ်။ အဲ့ဒီဂုဏ်ပုဒ်တွေနဲ့အညီ အက်ရှင်ကားကြမ်းကြမ်းကိုမှ ကြိုက်တဲ့ပရိသတ်ကြီးအတွက် ဇာတ်အိမ်လည်းကောင်းပြီး Netflix မှတင်ဆက်ပေးထားတဲ့ စပိန်အက်ရှင်ကားသစ်လေး လာပါပြီနော်။လူဆိုးမှာလည်း အသည်းနဲ့ပါဆိုတာ ဒီကားထဲကလူဆိုးကို ညွှန်းချင်တာဖြစ်မယ်။ လူဆိုးဖြစ်လာအောင် နည်းနည်းချင်းဆီတွန်းပို့ခံရတာကိုး.. သူ့ကိုတွန်းပို့ခဲ့သူက သူ့အဖေကိုယ်တိုင်ပါ။ သားအရင်းကိုလည်း ချစ်ပေမယ့် မွေးစားသမီး၊မွေးစားသားတို့နဲ့နေရာတိုင်းအယှဉ်ခံနေရတော့ မကျေနပ်စိတ်တွေဖြစ်လာပြီး အဖေကိုပါပြန်သတ်တဲ့အထိ ဖြစ်လာပါတော့တယ်။ကိစ္စတွေအားလုံးကို အကွက်ချစီစဉ်ပြီး အောင်မြင်ခါနီးကျမှ မွေးစားသားမက်စီမို တစ်ယောက် သေကံမရောက်ဘဲ လွတ်မြောက်သွားပါတယ်။ ဒါပေမဲ့ မက်စီမိုရဲ့သားကတော့ သူ့မျက်စိရှေ့မှာပဲ သေဆုံးသွားခဲ့ပါတယ်။ ကလဲ့စားပြန်ချေဖို့စီစဉ်နေရင်း ကောင်လေးတစ်ယောက်က လူမိုက်အဖွဲ့နှစ်ဖွဲ့ကြားမှာ ကြားညှပ်ပြီး မက်စီမို ကကယ်တင်ပေးခဲ့ရပါသေးတယ်။သားကို ဆုံးရှုံးထားတဲ့ ဖခင်တစ်ယောက်နဲ့ တစ်မိသားစုလုံးအသတ်ခံလိုက်ရတဲ့ ကောင်လေးတို့ ပေါင်းပြီး ကလဲ့စားဘယ်လိုပြန်ချေမလဲဆိုတာကိုတော့ အကြမ်းစားဖိုက်တင်၊ အလန်းစားအခန်းတွေနဲ့ ခံစားကြည့်ရှုလိုက်ပါဉီးနော်...(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ...
movie

Xtreme (2021)

2021
Tracers (2015) မြန်မာစာတန်းထိုး 5.6
Tracers (2015) မြန်မာစာတန်းထိုး  မြန်မာပရိသတ်တွေ ရင်းနှီးပြီးသား မင်းသားတစ်လက်ဖြစ်တဲ့ တေလာလော့တ်နာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အမေရိကန်သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားသစ်ပါနယူးယောက်မြို့မှာ စက်ဘီးနဲ့အလုပ်လုပ်တဲ့ ဆက်သားတစ်ဦးဖြစ်တဲ့ ကမ်ဟာတစ်နေ့မှာ မြို့ထဲကို စက်ဘီးစီးသွားတုန်း မတော်တဆ စက်ဘီးလဲရင်း နစ်ကီဆိုတဲ့ မိန်းကလေးနဲ့ ဆုံခဲ့ပါတယ်။ အဲဒီနောက်တော့ နစ်ကီဟာ သူ့အပေါင်းအဖော်တွေနဲ့ ကမ်ကိုမိတ်ဆက်ပေးခဲ့ပြီး နစ်ကီတို့အဖွဲ့ဟာ ဓားပြတိုက်၊ လုယက်မှုတွေလုပ်တဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။ခုန်ပျံကျော်လွှားရင်း အဖွဲ့လိုက်ဓားပြတိုက်တဲ့ နစ်ကီတို့အဖွဲ့နဲ့ ပူးပေါင်းနိုင်ဖို့အတွက် သူတို့လိုဖြစ်အောင် ကမ်ဟာအခုန်အပျံတွေ လေ့ကျင့်ခဲ့ပါတယ်။ တရုတ်မာဖီးယားဂိုဏ်းနဲ့ အကြွေးမကင်းဖြစ်နေတဲ့ ကမ်က နစ်ကီတို့အဖွဲ့ထဲကို ၀င်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ အဖွဲ့တွေအတူတကွ ဓားပြတိုက်ကြရင်း ကမ်နဲ့ နစ်ကီတို့လည်း ချစ်ကြိုးသွယ်ခဲ့သလို အဖွဲ့သား အချင်းချင်း သစ္စာဖောက်မှုတွေရှိလာတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ကြည့်လိုက်ပါဦး။ ဒီဇာတ်လမ်းမှာ ပါကာလို့ခေါ်တဲ့ အခုန်အပျံအားကစားကို အသားပေးပြီး ရိုက်ပြထားတာမို့ ပါကာကို စိတ်ဝင်စားသူတွေ လည်း နှစ်သက်ကြမှာပါ။ ကမ်အဖြစ် တေလာလော့တ်နာ၊ နစ်ကီ ...
movie

Tracers (2015) မြန်မာစာတန်းထိုး

2015