Channel Myanmar

Danny J. Boyle

My Sister’s Serial Killer Boyfriend (2023) 5.1
My Sister’s Serial Killer Boyfriend (2023) My Sister's Serial Killer Boyfriend (2023) =============================သတင်းထောက်မမမက်ဒီက ကွင်းဆက်လူသတ်မှုဖြစ်စဥ်ကို ဆောင်းပါး ရေးရဖို့ကြိုးပမ်းနေတဲ့သူပေါ့။ ကွင်းဆက်လူသတ်သမားတွေက စံနှုန်း တစ်ခုထားပြီး လူသတ်ကြတယ်ဆိုတာ ဘော်ဒါတို့လည်းသိကြမှာပါ။ ဖြစ်ချင်တော့ လူတစ်ယောက်က ညီမဖြစ်သူအိုလစ်ဗီယာရဲ့အိမ်ထဲ ဖောက်ထွင်းဝင်လာပြီး အန္တရာယ်ပြုဖို့ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒီတော့ မမမက်ဒီက ကိုယ်ခံပညာတတ်ထားမှရမယ်ဆိုပြီး သင်တန်း သွားတက်ကြတယ်။ကဲ...ဘာပြောကောင်းမလဲ သင်တန်းနည်းပြက ခပ်တောင့်တောင့် ဘဲကြီးဆိုတော့ အိုလစ်ဗီယာတစ်ယောက် မြင်မြင်ချင်းချစ်ကျွမ်းဝင် ရှာတာပေါ့။ ဒါပေမဲ့ မမက်ဒီကလည်း သင်တန်းနည်းပြကို ဟိုလိုလို ဖြစ်နေတော့ ညီအစ်မနှစ်ယောက်နဲ့သင်တန်းနည်းပြကြီးတို့ကြား ဘာတွေဆက်ဖြစ်လာမလဲ၊ မမနိုင်သွားမလား ညီမလေးနိုင်သွားမ လားဆိုတဲ့ ဒီဇာတ်ကားလေးမှာ ညီအစ်မနှစ်ယောက်ရဲ့အားပြိုင်မှု အပြင် တခြားဘယ်လို​လေး​​တွေထပ်ပါလာဦးမလဲဆိုတာတော့ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zwe Win Tun ဖြစ်ပါတယ်)File Size..........(1.4 GB) / (480 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Zwe Win Tun Encoder..........SWM
movie

My Sister’s Serial Killer Boyfriend (2023)

2023
Undercover Cheerleader 2019 4.8
Undercover Cheerleader 2019 အော်တွမ်ဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ သူ့အမေနဲ့အတူ နယူးယောက်ကနေ နယ်ဒေသတစ်ခုကို ပြောင်းလာခဲ့ကြတယ်။ အော်တွမ်က ဆောင်းပါးရေးတာနဲ့ အကကို ဝါသနာပါသူတစ်ယောက်ဖြစ်တယ်။ ကျောင်းအသစ်ကို စတက်တဲ့ ပထမဆုံးရက်မှာ ကျောင်းသတင်းစာမှာ ဆောင်းပါးရေးသူအဖြစ် အလုပ်လုပ်တဲ့ ကေရာဆိုတဲ့ ကောင်မလေးနဲ့ သူငယ်ချင်းဖြစ်သွားတယ်။ ဆောင်းပါးရေးရတာ ဝါသနာပါတဲ့ အော်တွမ်ကို ကေရာက သူနဲ့တူတူ အလုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့တယ်။ အော်တွမ်တက်တဲ့ ဘရွတ်ဗျူးအထက်တန်းကျောင်းမှာ နာမည်ကြီးတာတစ်ခုရှိတယ်။ ဒါကတော့ နှစ်စဉ်နှစ်တိုင်း ချန်ပီယံစွဲတဲ့ ပန်းဖွားမယ်အဖွဲ့ ရှိတာပါပဲ။ အော်တွမ်က အကဝါသနာပါတာကို သိသွားတဲ့နောက်မှာ ပန်းဖွားအဖွဲ့က ဂျန်နီဆိုတဲ့ ကောင်မလေးက အော်တွမ်ကို လူရွေးပွဲ၀င်ရွေးခံဖို့ တိုက်တွန်းခဲ့တယ်။ ဖြစ်ချင်တော့ ကေရာနဲ့ ဂျန်နီက တစ်ယောက်ကိုတစ်ယောက် ရန်ငြိုးတွေထားပြီး မတည့်ကြတဲ့သူတွေဖြစ်နေတယ်။ ဂျန်နီ လာကမ်းလှမ်းတာကို သိသွားတော့ ကေရာက အော်တွမ်ကို ပန်းဖွားမယ် အဖြစ် ၀င်အရွေးခံဖို့ပြောတယ်။ ဒီအတွက်လည်း ကေရာမှာက ရည်ရွယ်ချက်ကောင်းကောင်းရှိနေခဲ့တယ်။ ...
movie

Undercover Cheerleader 2019