Channel Myanmar

David I. Strasser

Christmas at the Golden Dragon (2022) 6.6
Christmas at the Golden Dragon (2022) Christmas at the Golden Dragon (2022) =============================ဒီဇာတ်ကားကလေးကတော့ ခရစ်စမတ်ဟာသ ကားလေးပဲ ဖြစ်ပါတယ်။ Romy နဲ့ Rick ဆိုတဲ့ မောင်နှမနှစ်ယောက်နဲ့ သူ တို့မိသားစုဟာ ခရစ်စမတ်တိုင်း မပိတ်ပဲဖွင့်တဲ့ Golden Dragon ဆိုတဲ့စားသောက်ဆိုင်ကြီးရဲ့ ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ ခရစ် စမတ်ဆိုရင် Wichita ကအခြားဆိုင်တွေက ပိတ်ထားတော့ လူတွေက Golden Dragon ကိုပဲလာကြတော့ သူတို့အတွက် ခရစ်စမတ်ဟာ အလုပ်အရှုပ်ဆုံးအပတ်ဆိုတာအသေချာပါပဲ။ဒါပေမယ့် တစ်နေ့ Romy သူ့ကောင်လေးမိဘတွေနဲ့  သွားတွေ့ဖို့ ရပ်ခြားကိုရောက်နေတဲ့ အချိန် မထင်မှတ်ထားတဲ့ သတင်းတစ်ခု ကို ကြားလိုက်တဲ့အခါ ဘာတွေ ဖြစ်လာမလဲ၊ ဘာအလွဲလေးတွေ ဖြစ်မလဲဆိုတာကို ဟာသဆန်ဆန်လေး‌ ဖော်ပြထားပါတယ်။ မိသား စုနှင့်အတူကြည့်သင့်တဲ့ကားလေးဖြစ်ပြီးတော့ ကြည့်ရတာ ပျော်စရာ ကောင်းသလို Wichita မြို့လေးကလူတွေ ဖော်ရွေကြပုံ တစ်ယောက် ကို တစ်ယောက် ဘယ်လောက်ရိုင်းပင်းကြပုံက ရင်ကိုနွေးထွေးစေ မှာပါ။ IMDBအနေနဲ့လဲ 6.6/10 ရထားတာမလို့ မဆိုးလှပါဘူး။ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကြည့်ဖို့သိပ်ကိုကောင်းတဲ့ ဇာတ်ကား‌ လေးတစ်ခုဖြစ်လို့ ကြည့်ကြည့်ကြပါလို့ပဲ ...
movie

Christmas at the Golden Dragon (2022)

2022
Listen out for Love (2022) 5.5
Listen out for Love (2022) Listen out for Love (2022)ဒီတစ်ခါ​က​တော့ ​ပေါ့​ပေါ့ပါးပါး အချစ်ကား​လေး​တွေကိုကြိုက်တဲ့ကြည့်ရှုသူ​တွေအတွက် အကြိုက်​တွေ့​စေမယ့် Listen Out For Love ဆိုတဲ့ အချစ်ဒရာမာကား​လေးနဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~Podcast ပရိုဂျူဆာတစ်​ယောက်ဖြစ်တဲ့ ​ပေ့ပ် တစ်​ယောက် အလုပ်မှာ ရာထူးတိုးဖို့အတွက် လူ​ပြောများလာတဲ့ အဲလက်ကို ကိုယ့် ကုမ္ပဏီဘက်အပါ​ခေါ်ပြီး ​အောင်မြင်တဲ့ ပရိုဂရမ်တစ်ခု ဖန်တီးဖို့ အ​ကြောင်းပါလာတဲ့အခါ...တစ်​ဖက်မှာလည်း ပွဲတစ်ခုမှာ က​တောက်ကဆတစ်ခုဖြစ်ခဲ့လို့ အလုပ်ထွက်လာလိုက်ရတဲ့ အဲလက်တစ်​ယောက် အလုပ်ရလာတဲ့အခါ...​ပေ့ပ် နဲ့ အဲလက်တို့ အလုပ်မပြုတ်ဖို့​ရေး ကြိုးစားရင်း ​အဲလက်နဲ့သူငယ်ချင်းလည်းဖြစ် နာမည်ကြီးတဖြစ်လဲ ဂျက်ကီအတွက် ရည်းစားရှာ​ဖွေ​ပေးမယ့် အစီအစဥ်ကိုရိုက်ကူးရင်း ဘယ်လို အလွဲ​လေး​တွေဖြစ်မလဲ... ဘယ်လိုဟာသ​တွေဖြစ်မလဲဆိုတာ ရိုက်ပြထားတဲ့ အချစ်ကား​​ကောင်း​​လေးတစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 705MB Quality - 1080p, 720p IMDb Rating - ...
movie

Listen out for Love (2022)

2022
A Wedding to Remember (2021) 6.1
A Wedding to Remember (2021) A Wedding To Remember (2021) ======================= IMDb Rating - 6.1/10အချစ်ဆိုသည်မှာ အံ့ဩမှုများနဲ့ ဆန်းကြယ်သောအရာတဲ့။ မြင်မြင်ချင်း ချစ်မိတာက အချစ်စစ်လား၊ ရယူဖန်တီးထားတာကရော အချစ်လား၊ လုပ်ယူမထားဘဲ သဘာဝဆန်ဆန်လေး ချစ်ကြိုက်မိသွား ကြတာကမှ အချစ်စစ်လား။လူတိုင်းက အချစ်ကို ခံယူချက်အမျိုးမျိုးနဲ့ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆို တတ်ကြပါတယ်။ ဒီဇာတ်ကားလေးကတော့ အချစ်ရဲ့ ချိုချဉ်ငံစပ်သဘော တရားတွေ အားလုံး မြင်တွေ့ရနိုင်မယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ကံကြမ္မာက ဖန်တီးပေးတဲ့ လက်တွဲဖော်ကိုပဲ လိုချင်ကြတဲ့  ဘရိုင်ယန် နဲ့ အိုလစ်ဗီယာ တို့ရဲ့ ဇာတ်လမ်းလေးပေါ့။ စတွေ့ကတည်းက ပဋိပက္ခတွေ အပြည့်နဲ့ လူနှစ်ယောက်က မင်္ဂလာဆောင်တစ်ခုမှာ သတို့သားအရံနဲ့ သတို့သမီးအရံအဖြစ် ပြန်လည်ဆုံစည်းလာကြတဲ့အခါ ဘာတွေ ဆက်ဖြစ် လာနိုင်မလဲ။ သူတို့ယုံကြည်ထားတဲ့ အချစ်ကရော လက်တွေ့ဘဝမှာ တကယ် ဖြစ်နိုင်ပါ့မလား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါလို့ပဲ တိုက်တွန်းပါရစေ။ ဘရိုင်ယန် အဖြစ် မင်းသား Greyston Holt နဲ့ အိုလစ်ဗီယာအဖြစ် မင်းသမီး Christina Rosato တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb ...
movie

A Wedding to Remember (2021)

2021