Channel Myanmar

Doug Coleman

Poseidon (2006) 5.7
Poseidon (2006) Poseidon (2006)______IMDb - 5.7/10ခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Poseidon ဆိုတဲ့ဇာတ်ကားလေးပါ ။ MS Poseidon ဆိုတဲ့ အပျော်စီးသင်္ဘောဟာ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းနေခဲ့ပါတယ် ။ ဒီသင်္ဘောပေါ်မှာ အရင်က နယူးရော့ခ်မြို့အုပ်ဟောင်းဖြစ်ခဲ့တဲ့ ရောဘတ်ရယ် ၊ သူ့သမီးဂျနီဖာရယ် ဂျနီဖာရဲ့ကောင်လေးခရစ်ရှန်ရယ် လိုက်ပါလာခဲ့ကြပါတယ် ။ သင်္ဘောပေါ်မှာ နှစ်သစ်ကူးပွဲတော်ကျင်းပနေချိန်မှာ ပင်လယ်ပြင်တစ်နေရာကို ဗဟိုပြုပြီး ငလျင်လှုပ်ရာကနေ ကြီးမားလှတဲ့ ဆူနာမီ လှိုင်းလုံးကြီးကြောင့် သင်္ဘောဟာ တိမ်းမှောက်ခဲ့ရပါတယ် ။ အားလုံးနီးပါးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ခြောက်ယောက်ရှိခဲ့ပါတယ် ။ သူတို့ဟာ သူတို့အသက်ဆက်ရှင်နိုင်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားကြပါတယ် ။ သူတို့တွေ နောက်ဆုံးမှာ အသက်ဆက်ရှင်ကြမလား ၊ ကယ်ဆယ်မယ့်သူတွေနဲ့ရော တွေ့ရပါ့မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးပါလို့ ညွှန်းပေးချင်ပါတယ် ။ ဒီရုပ်ရှင်မှာ လူသားဆန်မှု ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကို တွေ့ရပြီး အသက်နဲ့ မေတ္တာတရား တကယ်တမ်း ယှဉ်ပြိုင်လာတဲ့အခါမှာတော့ .......... (ဘာသာပြန်သူကတော့ ကိုစည်သူထက်ပါ)File Size : (701 MB) Quality : Bluray ...
movie

Poseidon (2006)

2006
The Karate Kid (2010) 6.2
The Karate Kid (2010) The Karate Kid (2010) IMDb - 6.2/10_______Rotten - 66%2010 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ The Karate Kid ဇာတ်ကားမှာ မင်းသားကြီး Jackie Chan နဲ့ Jaden Smith တို့အတူတူပူးတွဲသရုပ်ဆောင်ထားကြပါတယ်...Justin Bieber နဲ့ Jaden Smith တို့ တွဲဖက်သီဆိုထားတဲ့ Never Say Never ဆိုတဲ့သီချင်းဟာလည်း..ကမ္ဘာတစ်ဝန်းမှာအောင်မြင်ကျော်ကြားခဲ့ပြီး ပရိတ်သတ်တို့ ရဲ့နှစ်ခြိုက်မှုများစွာလည်းရရှိခဲ့ပါတယ်.. ဒီဇာတ်ကားမှာမင်းသားဂျက်ကီချန်းရဲ့ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကိုအားလုံးတွေ့မြင်ရမှာဖြစ်ပါတယ်.. ဒီဇာတ်ကားမှာပြောခဲ့တဲ့စကားလုံးတွေက အကြိုက်ဆုံးစကားလုံးကိုပြောရမယ်ဆိုရင် *ဘဝမှာ လဲကျနေတဲ့အခါ ပြန်ထနိုင်အောင်ကြိုးပမ်းရမယ်* စကားလုံးဖြစ်ပါတယ်.. ကိုယ့်ထက်အင်အားကြီးတဲ့သူဖြစ်ပါစေ..ဘယ်တော့မှအရှုံးမပေး..ပြန်လည်ရဲရဲဝင့်ဝင့်ရင်ဆိုင်ကာ အရှုံးမပေးတတ်တဲ့စိတ်ဓါတ်ကိုပြသသွားတာပဲဖြစ်ပါတယ်.. ဇာတ်လမ်းအညွှန်းဟာဆိုရင်ဖြင့် .............. ဒရေးပါကာ တို့မိသားစုဟာ တရုတ်ကိုပြောင်းရွေ့လာတဲ့အမေရိကန်မိသားစုပဲဖြစ်ပါတယ်..ပတ်ဝန်းကျင် အသစ်.ဘာသာစကားအခက်အခဲများစွာကြုံတွေ့နေရပါတယ်..မစ္စတာဟန်ကတော့ သူတို့နေတဲ့တိုက် ခန်းရဲ့ အောက်နားမှာနေပြီး အင်္ဂလိပ်စကားကောင်းကောင်းမွန်မွန်ပြောနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ် ရောက်ရောက်ချင်းနေ့မှာပဲဒရေကကောင်မလေးတစ်ယောက်နဲ့သူငယ်ချင်းဖြစ်ချင်လို့မိတ်ဆက်စကားပြောနေတာကို လူငယ်တစ်စုကဝင်ပြီးသောင်းကျန်းပါတယ်.. ဘာအကြောင်းမှမသိသေးပဲ ကွန်ဖူးလည်းမတတ်တဲ့ဒရေ တစ်ယောက် တော်တေ်ာအထိုးခံလိုက်ရပါတယ်..ဒီလိုနဲ့အကြိမ်ကြိမ်အခါခါ ပြသနာတွေတက်..ဒရေကလည်း မကျေနပ်တာနဲ့ တစ်ရက် ကျောင်းက ပွဲတော်တခုမှာ သိုင်းလေ့ကျင့်နေတဲ့ အဲ့ဒီကောင်လေးတို့တစုကို ရေနဲ့လောင်းပြီးထွက်ပြေးပါတော့တယ်..မိသွားလို့ ဝိုင်းထိုးကြိတ်နေတဲ့အချိန်မှာ မစ္စတာဟန် (ဂျက်ကီချန်း) ရောက်လာပြီး ကလေးတွေကိုပြန်ဖို့ပြောပါတယ်..မစ္စတာဟန်ကိုပါဝိုင်းထိုးကြလို့ ပြန်တိုက်ခိုက်လိုက်ပါတယ် ပြီးတော့မှ ဒရေသိလာရတာက ထိုလူငယ်အုပ်စုက နဂါးနီ ...
movie

The Karate Kid (2010)