Channel Myanmar

Ernesto Díaz Espinoza

Bring Me the Head of the Machine Gun Woman (2012) 5.5
Bring Me the Head of the Machine Gun Woman (2012)  Bring Me the Head of the Machine Gun Woman ဇာတ်ကားကတော့ Chilean action comedy အမျိုးအစားဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ Director: Ernesto Diaz Espinoza(Spanish)က ရိုက်ကူးပြသထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ စပိန်ဘာသာစကား(Spanish)ဖြင့်ပြောသော ဇာတ်ကားလည်းဖြစ်ပါတယ်။ IMDb Rating 5.5/10  ဒီဇာတ်လမ်းကတော့ ဂိမ်းတစ်ခုကို ဆော့နေသလို ရိုက်ကူးထားတာကြောင့် ထူးခြားတဲ့ဇာတ်လမ်းဖြစ်ပြီး Sexy မိန်းမတစ်ယောက်ရဲ့ဇာတ်ကြမ်းကလည်း စိတ်လှုပ်ရှားဖွယ်ရသကို ပေးစွမ်းမှာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အသက်၁၉နှစ်အရွယ် Actionဂိမ်းဆော့ရတာကြိုက်သော ကောင်လေးတစ်ယောက်က Dance Club တစ်ခုမှာ အိမ်သာတက်နေတုန်း လူဆိုးဂိုဏ်တစ်ခုရဲ့ လျို့ဝှက်ပြောနေတာကို မထင်မှတ်ပဲ ကြားလိုက်မိပါတယ်။ အဲ့ဒါကတော့ စက်သေနတ်နဲ့မိန်းမကို အသေရရ အရှင်ရရ ဖမ်းမိရင် ဒေါ်လာ၃၀၀မီလီယမ်ပေးမယ်ဆိုတဲ့သတင်းပါ။ မထင်မှတ်ပဲ သူအိမ်သာထဲမှာ ရှိနေတာကို လူဆိုးဂိုဏ်းကသိသွားခဲ့ပါတယ်။ဒါကြောင့် ၁၉နှစ်အရွယ်ကောင်လေးက အခြေအနေအချိန်အခါအရ ထိုမိန်းမကို ဖမ်းပေးဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ထိုလူဆိုးဂိုဏ်းက ထိုမိန်းမကိုဖမ်းမိရင်ဖမ်းမိ မဖမ်းမိရင် သူသေမှာဆိုတာကို သိလိုက်ရချိန်မှာတော့ သူဘာတွေဆက်လုပ်မလဲ.... စက်သေနတ်နဲ့မိန်းမကိုရော ဘာလို့ဖမ်းချင်နေတာလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာဆက်လက်ရှု့စားကြပါတော့..။ File size…(650 MB) Quality…480p Format…mp4 Duration….01:13:35 Subtitle….Myanmar Subtitle (Hardsub) Encoded by Naing Aung Latt
movie

Bring Me the Head of the Machine Gun Woman (2012)

2012
The ABCs of Death 4.7
The ABCs of Death The ABCs of Death ဆိုတဲ့ ရုပ်ရှင်ကို မကြည့်ခင် အရင်သတိပေးချင်တာက 21+ အဆင့်လောက်ရှိလို့ မိသားစုတွေ ကလေးတွေ နဲ့ အတူ မကြည့်သင့်ပါ သွေးသံရဲရဲတွေ အသဲယားလောက်စရာတွေ များလို့ နှလုံးရောဂါ ရှိသူများ ရွံ့တက်သူများ ၊ အန်တက်သူများ မကြည့်ပါနဲ့ အစားအသောက်စားနေရင်းလဲ မကြည့်ပါနဲ့ အစာစားချင်စိတ် ကုန်ခမ်းသွားပါမယ် ဒီရုပ်ရှင်ဟာ A ကနေ Z အထိ အက္ခရာအလိုက် စီပေးထားပြီး စကားလုံး တစ်ခုစီမှာ သေပုံ သေနည်း တစ်မျိုးစီ ပြသပေးထားပါတယ် ပိုဆိုးတာက ကြည့်ရင်း ကြည့်ရင်း အတော်လေး စိတ်ဆင်းရဲလာမယ်ဆိုတာပါပဲ ဘယ်လိုတွေတောင် စိတ်ဆင်းရဲရမယ် ဆိုတာ မပြောပြပါဘူး ကျနော်လဲ စိတ်ဆင်းရဲ ခံပြီး Z ရောက်တဲ့ အထိ ကြည့်နိုင်ခဲ့ပါတယ် ဖြစ်နိုင်ရင် သင့် သူငယ်ချင်းတွေနဲ့ Z ရောက်တဲ့ အထိ ဘယ်သူကြည့်နိုင်မလဲ ဆိုပြီး Mention ခေါ်ပြီး ပြိုင်သင့်ပါတယ် စိတ်ဆင်းရဲခြင်း ကင်းနိုင်ကြပါစေ... File size - ( 1.5GB & 750mb) Quality - ...
movie

The ABCs of Death

2012