Channel Myanmar

Faruk Kabir

Khuda Haafiz: Chapter 2 (2022) 8.3
Khuda Haafiz: Chapter 2 (2022) Khuda Haafiz Chapter II: Agni Pariksha (2022)=============================ကွန်မန်ဒိုမင်းသားရဲ့ အက်ရှင်ကားလေးတစ်ကား ထွက်လို့လာခဲ့ပြန်ပါပြီ...နံပါတ် ၁ ကတော့ ၂၀၂၀ လောက်က ထွက်ရှိထားပါတယ်...နံပါတ် ၁ တုန်းကလည်း ကွန်မန်ဒိုမင်းသားရဲ့ အကြမ်းအရမ်း အက်ရှင်တွေကို တစ်ဝကြီး ကြည့်ခဲ့ရသလို နံပါတ် ၂ မှာလည်း အက်ရှင်ခန်းတွေကို ကောင်းကောင်းကြီးမြင်တွေ့ရဦးမှာပါ..အိန္ဒိယနိုင်ငံမှာ ၁၅မိနစ်ခြားတစ်ခါ အမျိုးသမီးတစ်ယောက် အဓမ္မကျင့်စော်ကားခံနေရပါတယ်..နှစ်စဉ်နှစ်တိုင်းပြစ်မှုပေါင်း ၇၂၀၀ကျော် ဖြစ်ပွားနေတယ်..ဒီဇာတ်လမ်းလေးမှာလည်း စမီရ်နဲ့ နရ်ဂစ်တို့ဟာ ဒုက္ခအပေါင်းကို ကျော်လွှားပြီး ဘဝကိုအဆင်ပြေပြေနဲ့ အခြေချနေထိုင်ဖို့ ကြိုးစားနေကြတဲ့ ဇနီးမောင်နှံတွေဖြစ်ပါတယ်...နိုင်ငံရပ်ခြားမှာ ရောင်းစားခံရပြီး အကြိမ်ပေါင်းများစွာ မုဒိန်းကျင့်ခံခဲ့ရတဲ့ နရ်ဂစ်အဖို့ ဒီစိတ်ဒဏ်ရာဟာ နေ့စဉ်နဲ့အမျှ လူကို သတ်နေပါတယ်...သူတို့လင်မယားနှစ်ယောက်ရဲ့ကြားမှာ ပေါင်းကူးတံတားလေးဖြစ်စေဖို့ စမီရ်ဟာ နန်ဒီနီဆိုတဲ့ ၅နှစ်အရွယ် သမီးမိန်းကလေးတစ်ယောက်ကို မွေးစားလိုက်တယ်မိသားစုရိပ်မြုံလေးအစပျိုးလာပြီး သံယောဇဉ်တွေနဲ့ ပျော်ရွှင်နေတဲ့အခိုက်အတန့်မှာ နန်ဒီနီလေး မတော်တဆပြန်ပေးဆွဲခံလိုက်ရပါတယ်..ရုန်းရင်းဆန်ခတ်အဖြစ်အပျက်တွေကြားမှာ ဒီကလေးမလေး မဖြစ်သင့်တာတွေဖြစ်လာတဲ့အခါမှာတော့ ဖခင်ဖြစ်သူရဲ့သမီးအပေါ်ထားရှိတဲ့ မေတ္တာနဲ့ ကလဲ့စားဟာ ဘယ်လောက်တောင် ကြမ်းတမ်းပေါက်ကွဲထွက်လာမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ... File size…6.7GB / 2.3GB / 1.1GB Quality…4k HEVC WEBDL / 1080p True WebDl ...
movie

Khuda Haafiz: Chapter 2 (2022)

2022
4K HEVC Web-DL
Khuda Haafiz(2020) 8.1
Khuda Haafiz(2020) Khuda Haafiz(2020)************** IMDb 8.1ရရှိထားတဲ့Action Thriller ဇာတ်ကား ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဆမီရ်​ချောင်ဒရီနဲ့ နာရ်ဂိရှ်​ချောင်ဒရီတို့ကို မိဘာတွေက ဝတ္တရားရှိတဲ့အတိုင်းလက်ထပ်​ပေးလိုက်ကြပါတယ်။ နာရ်ဂိရှ် ချောင်ဒရီဟာ အကြောင်းအမျိုးမျိုးကြောင့်အလုပ်ထွက်လိုက်ရပြီး ဆမီရ်ချောင်ဒရီကလည်းလုပ်ငန်းအခွင့်အလမ်း​တွေပိတ်သွားတာ​ကြောင့် နှစ်ယောက်စလုံးက နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ အလုပ်လျှောက်တဲ့အခါ နာရရ်ဂိရှ်ကအလုပ်အရင်ရသွားပြီး ဆမီရ်က ကျန်နေတာ​ကြောင့် နာရ်ဂိရှ်ကိုတစ်ယောက်တည်းနိုင်ငံခြားလွှတ်ဖို့စိတ်မချပေမယ့် လွှတ်လိုက်ရပါတယ်။ နာရ်ဂိရှ် ချောင်ဒရီကနိုင်ငံခြားရောက်ပြီးတဲ့နောက်ဖုန်းခေါ်လာခဲ့​ပေမယ့်အလုပ်မရဘဲတစ်ခြားတစ်နေရာကိုခေါ်သွားနေကြကြောင်း သူ့ကိုနှိပ်စက်နေကြကြောင်း နဲ့လာပြန်​ခေါ်ဖို့အတွက်ဆမီရ်ကို​ပြော​တော့ ဆမီရ်တစ်ယောက် နာရ်ဂိရှ်ဟာ အကြီးအကျယ်အန္တရယ်တောထဲရောက်နေပြီကိုသိတဲ့အခါမှာတော့.... ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲကြည့်ရှုပေးကြပါလို့.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်....File Size : (1.03  GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:10:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Khuda Haafiz(2020)