Channel Myanmar

Gorô Miyazaki

From Up on Poppy Hill (2011) 7.4
From Up on Poppy Hill (2011) ဒီကားကတော့ 2011 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး 1963 ခုနှစ် ယိုကိုဟားမားကို အခြေပြုရိုက်ကူးထားပါတယ်.. ဒီကားရဲ့အဓိကထူးခြားချက်ကတော့ ဆွတ်ပျံ့ကြည်နူးစရာ သီချင်းနောက်ခံလေးတွေ တော်တော်များများပါရှိတာပဲဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းကတော့ Umi ဆိုတဲ့ ၁၆ နှစ်အရွယ်ကောင်မလေးနဲ့ Shun ဆိုတဲ့ကောင်လေးတို့အကြောင်းပဲဖြစ်ပါတယ်.. Umi ဟာ အဖေဆုံးသွားပြီးနောက် အလုပ်များလွန်းတဲ့အမေနဲ့လဲ အတူမနေနိုင်ဘဲ အဖွားအိမ်မှာနေထိုင်ရတဲ့ လူကြီးဆန်ဆန်ရင့်ကျက်လှတဲ့ကောင်မလေးပါ.. သူ့အကျင့်ကတော့ အိမ်ရှေ့မှာ အမြဲတမ်း အလံလေးတွေ လွှင့်ထူထားတတ်တာပါပဲ... သူ့ညီမလေးကတော့ အလှအပမက်ပြီး ဆယ်ကျော်သက်ပီပီ စိတ်ကစားလွယ်လွန်းတဲ့ကလေးမလေး.. အဲဒီညီမလေးကြောင့်ပဲ Hero ဆန်ဆန် ရဲရင့်တည်ကြည်ပြီး အမှန်တရားဘက်ကရပ်တည်တတ်တဲ့ Shun နဲ့ စတင်တွေ့ဆုံခွင့်ရခဲ့ပါတယ်.. သူတို့ကျောင်းမှာ ကိုယ်ဝါသနာပါရာကလပ်အဖွဲ့တွေ စုဝေးနေထိုင်တဲ့ Latin Quarter ဆိုတဲ့အဆောက်အဦးကြီးတစ်ခု ရှိပါတယ်.. ကလပ်အဖွဲ့ဆိုတာကလဲ သင်္ချာကလပ်.. ဒဿနိကကလပ်.. ဓာတုဗေဒကလပ်.. ကဗျာကလပ်စသဖြင့် ဆယ်ကျော်သက်ကျောင်းသားတို့ရဲ့ အိမ်မက်တည်ရာ သူတို့ကမ္ဘာကြီးတစ်ခုပေါ့ဗျာ... ခက်တာက ...
movie

From Up on Poppy Hill (2011)