Channel Myanmar

Han Guanhua

12 Hours(2022) 5.9
12 Hours(2022) တရုတ်အက်ရှင်ကားကောင်းလေးတစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေခေတ်လွန်Cyber City မှာ နေ့စဉ်လူပျောက်မှုတွေဆက်တိုက်ဖြစ်နေပါတယ်။အထူးတပ်သားဟောင်းဖြစ်တဲ့ ကျင်းချန် (Aarif Rahman)ဟာသမီးလေးခွဲစိတ်ရဖို့အတွက် Credit Bitဆိုတဲ့ ချေးငွေလုပ်ငန်းမှာခန္ဓာကိုယ်ကိုအပေါင်ထားချေးငွေယူတဲ့အချိန်ကနေပြဿနာတွေစတော့တာပါပဲ။ချေးငွေသဘောတူစာချုပ်ချုပ်ပြီးတဲ့အချိန်မှာ ကျင်းချန်ဟာမေ့ဆေးပေးခံရပြီးတစ်ခြားသူတွေနဲ့အတူ ထူးဆန်းတဲ့သစ်တောတစ်ခုကိုရောက်သွားပါတယ်။နယ်ပယ်အသီးသီးလူတွေစုနေတဲ့သူတို့လူတစ်စုဟာအဲဒီသစ်တောထဲမှာအသက်ရှင်ဖို့ကြိုးစားကြရပါတယ်။တကယ်တော့သူတို့ဟာစွမ်းရည်စမ်းသပ်ခံဖို့Survival Gameတစ်ခုကိုကစားနေမှန်းမသိကစားနေကြရတာပါ။မျိုးရိုးဗီဇအဆင့်မြှင့်သတ္တဝါတွေနဲ့ပါတိုက်ခိုက်ရတဲ့သူတို့ဟာအသက်ရှင်နိုင်ပါ့မလား ဆိုပြီးရင်တမမနဲ့ကြည့်ရမှာပါ။Effect တွေကတော်တော်ကောင်းပြီး တိုက်ရိုက်ရေးဒါရိုက်တာကလဲJackie Chan ရဲ့ကားတွေရိုက်ခဲ့တဲ့ဒါရိုက်တာဆိုတော့ အတိုင်းထက်အလွန်ပါပဲ။ဇာတ်သိမ်းမှာ ထင်မထားတဲ့အကွက်နဲ့သိမ်းသွားတာဆိုတော့ ကြည့်ရှုအားပေးကြပါဦးနော်။  Quality : WEB-DL 1080p , 480p Format : mp4 Duration : 1h 24 min Genres : Action , Crime , Adventure Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Encoded by LK
movie

12 Hours(2022)