Channel Myanmar

Hasan Karacadag

D@bbe 6: The Return (2015) 5.6
D@bbe 6: The Return (2015)  IMDb- 5.5Rotten Tomatoes- 80%ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းကတော့ မူခက်ဒါ ရာမန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကိုကျိန်စာတိုက်ဖို့ ဘယ်သူမှန်းမသိရတဲ့အမျိုးသမီးတစ်ဦးကစုန်းကဝေတစ်ယောက်ဆီမှာ အစီအရင်ပြုလုပ်ခိုင်းရာကနေအစပြုထားပါတယ်။ နောက်နေ့မှာတော့ မူခက်ဒါ ဟာ သေဆုံးသွားပါတယ်။ မှုခင်းဆေးပညာရှင်တွေက သေဆုံးခြင်းအကြောင်းရင်းဟာဦးနှောက်သွေးယိုစိမ့်မှုလို့ ကောက်ချက်ချပေမယ့် သူ့အမေသေဆုံးတာကိုမျက်မြင်တွေ့ထားတဲ့ သမီးငယ် အိုင်လာကတော့ သူ့အမေကို ဂျင်သတ်သွားတာလို့ပဲ ပြောနေတာပါ။ အဲ့နောက်ပိုင်းမှာစိတ်ကယောင်ချောက်ချားတွေဖြစ်ပြီး အပြုအမူတွေလည်း ထူးဆန်းလာတဲ့ အိုင်လာကိုဆေးပညာအရလည်း အဖြေရှာကုသလို့မရဖြစ်နေတဲ့အခါ အမဖြစ်သူ ဇီရန်က ဘယ်လို အဖြေရှာ ကုသပေးသွားမလဲ။ အမေဖြစ်သူသေဆုံးသွားရတာက တကယ်ပဲ ဂျင်က သတ်သွားတာလား။ကျိန်စာအစီအရင်ကြောင့်လား။ကျိန်စာကြောင့်ဆိုရင်ရော ဘယ်သူကဘာလို့လုပ်ရတာလဲ။ ညီမဖြစ်သူ အိုင်လာကရော ဘာတွေကြုံတွေ့နေရတာလဲ။ ဇီရန် တစ်ယောက် ဘာတွေဆက်လုပ်မလဲဆိုတာကို အံဩစရာဇာတ်လမ်းဇာတ်ကွက်တွေထဲ စီးမြောပြီး ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ Dabbe ဇာတ်လမ်းတွေထဲက ၆ကားမြောက် တူရကီ horrorဇာတ်လမ်းလေးဖြစ်ပါတယ်။ အခန်းမီးကိုပိတ်ပြီး ညအမှောင်ထဲတစ်ယောက်တည်းကြည့်လိုက်လို့ကတော့ horror ရဲ့ အရသာကိုအပြည့်အဝပေးမယ့်ဇာတ်လမ်းဖြစ်တာကြောင့် horrorပရိတ်သတ်တွေအတွက် တကယ် အကြိုက်တွေ့စေမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ...
movie

D@bbe 6: The Return (2015)

D@bbe 5: Curse of the Jinn (2014) 5.9
D@bbe 5: Curse of the Jinn (2014)  ဇာတ်ကားရဲ့အစမှာ မိန်းမတစ်ယောက် ကလေးမွေးနေတဲ့အခန်းနဲ့ စထားတယ်။ဘေးမှာလည်း မိန်းမဖော်တွေအများကြီးနဲ့ပေါ့ ။ညွှစ်ထား ထွက်တော့မယ် အားတင်းထား စသဖြင့် အသံတွေဆူညံလို့။အဲ့အသံတွေကြားထဲမှာမှ ကိုယ်ဝန်သည်မိန်းမရဲ့ နာကျင်လွန်းလို့ အော်ညည်းသံကတော့ အကျယ်ဆုံးပဲ။သိပ်မကြာလိုက်ပါဘူး။ထွက်လာပြီဆိုတဲ့ ဝမ်းဆွဲသည်ရဲ့ အသံနဲ့အတူ ကလေးငိုသံလေးကိုကြားလိုက်ရတယ်။ကိုယ်ဝန်သည်မိန်းမဟာ ပင်ပန်းလွန်းလို့ခြေပစ်လက်ပစ်ပေါ့။အဲ့ဒီအချိန်မှာပဲ မွေးခန်းထဲကို လူတွေသုတ်သုတ်ပြာပြာ ဝင်လာတယ်။ပေး ပေး ဆိုပြီး ဝမ်းဆွဲသည်ဆီကကလေးကို လုသွားတယ်။ ပင်ပန်းလွန်းလို့လှဲနေတဲ့ကလေးမိခင်ဟာ ထိတ်ထိတ်ပြာပြာနဲ့ခေါင်းထောင်လာတယ်။ရှင်တို့ ဘယ်သူတွေလဲ ကျွန်မကလေးကိုဘယ်ခေါ်သွားကြမလို့လဲ မလုပ်ကြပါနဲ့ စသဖြင့် တစာစာအော်လို့။ဒါပေမယ့် ဟိုလူတွေကတော့ ဂရုမစိုက်ပါဘူး။ခုမှမွေးထားတဲ့ကလေးကိုသွေးနုသားနုမိခင်ဆီက ရက်ရက်စက်စက်ပဲ ခေါ်ယူသွားကြတယ်။ဝမ်းဆွဲသည်တွေကလည်း ဟိုလူတွေကို တားရမယ့်အစားကလေးမိခင်ကိုပဲ ဝိုင်းချုပ်ထားကြတယ်။ နောက်တစ်ခန်းမှာတော့အိုမာ နဲ့ ဒီလေ့ဆိုတဲ့ စုံတွဲတစ်တွဲရဲ့ အိမ်ကိုပြတယ်။အခုတလောမှာဒီလေ့ဟာ ညဘက်ဆို အိပ်မက်ဆိုးတွေ မက်လာတယ်။သူ့အိပ်မက်ထဲမှာလူတစ်စုက ကလေးတစ်ယောက်ကို မိခင်ဆီက လုသွားတဲ့ ပုံရိပ်တွေကိုထပ်ခါထပ်ခါမြင်နေတယ်။နောက်တော့ ဒီလေ့ဟာ ဒီစိတ်နဲ့ပဲကျန်းမာရေးချို့ယွင်းလာတယ်။မမြင်သင့်တာတွေကို မြင်လာရတယ်။သူ့ယောကျ်ား အိုမာကတော့ ဒီလေ့ကို စိတ်ရောဂါဆရာဝန်နဲ့ ပြချင်တယ်။ဒါပေမယ့် ဒီလေ့ရဲ့ သူငယ်ချင်း စုံတွဲကတော့ ...
movie

D@bbe 5: Curse of the Jinn (2014)

D@bbe: The Possession (2013) 6.8
D@bbe: The Possession (2013)  ခရစ်ယာန်သရဲကို ဗမာဘုန်းကြီး နိုင်ပါ့မလားဆိုပြီးဟီးဟီးဟားဟားနဲ့ ဟာသ ပြောဖူးကြတယ်မို့လား။ဒီကားထဲက သရဲက အဲ့လို သရဲ။ဘယ်ဘုရားပြေးကပ်ရမှန်းမသိအောင်ကို ကြမ်းတာ။သူတို့ အခေါ်အရတော့ဂျင်(မကောင်းဆိုးဝါး)ပေါ့။ အဲ့တာကလည်း အကြောင်းရှိတယ်။ဒီဇာတ်ကား ဇာတ်အိမ်တည်ရာ တူရကီက ဟိုးနှစ်ပေါင်းထောင်ချီကတည်းက Abrahamic Religions လို့ခေါ်တဲ့ ဂျူး၊ခရစ်ယာန် နဲ့အစ္စလာမ်ဘာသာတွေ ထွန်းကားခဲ့တဲ့ နေရာ။ဆိုတော့ သရဲကလည်းကြမ်းပြီပေါ့။ဘာသာ(၃)ခုလုံးက ဘုရားတွေကို ဆင်းကယ်ကြပါဆိုသလိုမျိုးပဲ။အလာရှင်မြတ်ကို တိုင်တည်ပါ၏ ဖြစ်လိုက် ၊သခင်ယေရှု၏နာမတော်တွင် ဖြစ်လိုက်ရယ်။ဆိုတော့ ဇာတ်ကားအကြောင်းဆက်ကြရအောင်။ဒီကားကတော့ Dabbe series တွေထဲမှာ (၄)ကား မြောက်ပေါ့။ပြီးတော့ အကြမ်းဆုံး ကြောက်စရာအကောင်းဆုံးကားလို့လည်း ညွှန်းကြတယ်။ ဇာတ်လမ်းအစမှာ ဖရော့အာကတ်လို့ခေါ်တဲ့ ဟောဂျာ(ပရောဂဆရာ)တစ်ယောက်က အက်ဘရူလို့ ခေါ်တဲ့ စိတ်ရောဂါကုဆရာဝန်မတစ်ယောက်ကို ဖိတ်ပြီး ဂျင်အပူးခံထားရတဲ့ လူနာတစ်ယောက်ကိုပရောဂ နှင်ပြတယ်။စဉ်းစားကြည့်ဗျာ။ပရောဂဆရာက လူနာကို မှော်တို့ဓာတ်တို့ နတ်တို့နဲ့ ကုတယ်။ဆရာဝန်မက ဆေးတို့ ဘာတို့နဲ့ သိပ္ပံနည်းကျကုတယ်။ပရောဂဆရာအမြင်မှာ သရဲပူးတယ်ဆိုပေမယ့် ဆရာဝန်မအမြင်မှာတော့ စိတ်ကစဉ့်ကလျားဖြစ်တယ်။လူတစ်ကိုယ် စိတ်အမျိုးမျိုးဖြစ်တယ်ပေါ့။အဲ့မှာ ပရောဂဆရာ သူ့ကို ...
movie

D@bbe: The Possession (2013)

D@bbe 2 (2009)
D@bbe 2 (2009)  ဒီကားကတော့ Dabbe series တွေထဲမှာ နည်းနည်းလေးချာတယ်လို့ ပြောလို့ရတယ်။သို့သော်လည်း သူ့ဟာနဲ့သူတော့ မဆိုးပါဘူး။Dabbe ကားတွေ series လိုက်ရှိပေမယ့် ဒီကားကတော့Dabbe ဆိုတဲ့ နာမည်နဲ့ အလိုက်ဆုံးပဲ။ ဒီဇာတ်ကားတွေအရ Dabbe ဆိုတာ ကုရ်အာန် ကျမ်းစာထဲကကမ္ဘာပျက်ကိန်းကြီးပေါ့။ ကမ္ဘာပျက်ကိန်းဆိုက်ရောက်တဲ့အခါ Dabbeဆိုတဲ့ သတ္တဝါကြီးဟာ တစ်ကမ္ဘာလုံးကို သူ့ကွန်ရက်တွေနဲ့ ရစ်ပတ်ပြီးအိမ်တိုင်းကို ဝင်ရောက်လိမ့်မယ်လို့ (ဒီကားအရ) ကုရ်အာန်ထဲမှာဆိုထားတယ်။တွေးကြည့်လေ။တစ်ကမ္ဘာလုံးကို ရစ်ပတ်ထားတဲ့ကွန်ရက်ကြီး ။ကမ္ဘာ့ကွန်ရက်ကြီး ။ World Wide Web ။ www. အင်တာနက်အင်တာနက်ပေါ်ပြီးနောက်မှာ ကျွန်တော်တို့ ဘဝတွေဟာ တစ်ဆစ်ချိုးပြောင်းလဲသွားတယ်။အင်တာနက်ပေါ်ကနေ တစ်ဦးနဲ့ တစ်ဦးအမုန်းစကားတွေ ဖြန့်ကြတယ်။စကားလုံးတွေနဲ့ ခြိမ်းခြောက်ကြတယ်။စိတ်တွေကို အဆိပ်ခပ်ကြတယ်။Internet ပေါ်က negative commentsတွေကြောင့် ကိုယ့်ကိုကိုယ် သတ်သေသူတွေတောင် ဒုနဲ့ ဒေးပဲ။ဒီကားထဲမှာတော့ အင်တာနက်ပေါ်လာပြီးနောက် ကမ္ဘာပျက်ကိန်းနဲ့ကြုံရတဲ့ မိသားစုတစ်စုအကြောင်းကို Horror အနေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။  File size…1.26GB / ...
movie

D@bbe 2 (2009)