Channel Myanmar
Hayao Miyazaki
Howl’s Moving Castle (2004) 8.2
Howl’s Moving Castle (2004) Studio Ghibi ရဲ့ animation ကားကောင်းလေးတွေ ကိုမျော်လင့်နေတဲ့ပရိတ်သတ်တွေအတွက်အရမ်းမိုက်တဲ့ ဂျပန်animationကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဂျပန်Animation ကားလေးတွေဟာဆိုရင်ပြောစရာမလို လောက်အောင်ကောင်းမွန်မယ်ဆိုတာပရိတ်သတ်တွေသိရှိပြီးဖြစ်မှာပါ မှော်ဇတ်လမ်းတွေကြိုက်တဲ့ပရိတ်သတ်တွေအတွက်ကတော့ကွက်တိပါပဲ ဇတ်လမ်းလေးကတော့အလွန်လှပတဲ့ဦးထုတ်ရောင်းတဲ့ ကောင်မလေးဆိုဖီအလွန်ထူးဆန်းတဲ့လူပုံစံဆောက် လုပ်ထားတဲ့မှော်ရဲတိုက်ရှင်စုန်းထီးလေးဟအိုယုသူတို့နှစ်ယောက် ဘယ်လိုမတော်တဆတွေ့ကြမလဲလူသားနဲ့စုန်းထီး ဘယ်လိုပေါင်းစပ်ခွင့်ရမလဲဟအိုယုရဲ့နှလုံးသားကိုလိုချင်နေတဲ့ စုန်းမကြီးကဟအိုယုနဲ့ဆိုဖီအကြောင်းကိုသိသွားတဲ့ အချိန်မှာဆိုဖီလေးကိုကျိန်စာတိုက်လိုက်တဲ့အချိန်မှာတော့ အလွန်ချောမောတဲ့ကောင်မလေးဆိုဖီဟာ အဖွားအိုတစ်ယောက်အဖြစ်ပြောင်းလဲသွားတဲ့ အခါမှာကောလောကဓံကိုသူမဘယ်လိုရင်ဆိုင် မလဲဟအိုယုနဲ့ကောပြန်တွေ့ကြမှာလားစုန်းထီးလို့ဆို ပေမဲ့စိတ်သဘောထားအလွန်နူးညံ့တဲ့ ဟအိုယုတစ်ယောက်လူသားတွေနဲ့ မိစ္ဆာတွေစစ်မက်ဖြစ်ပွားလာတဲ့အချိန်မှာလူသားတွေဘက်က ဘယ်လိုဦးဆောင်ပြီးတိုက်ခိုက်မလဲဆိုဖီလေးရဲ့ ကျိန်စာကောပျက်ပြယ်သွားမှာလားဒီအတိုင်းအဖွားကြီးတစ်ယောက်အဖြစ် တစ်သက်လုံးနေသွားရမလားဆိုတာစိတ်ဝင်တစား စောင့်ကြည့်ရမှာပါanimation ကိုအရမ်းကြိုက်တဲ့ ပရိတ်သတ်တွေအတွက်ကတော့ကျေးနပ်အားရမှုအပြည့်အဝဖြစ်စေ မယ်လို့အာမခံရင်းကြည့်ရူလိုက်ကြပါအုံးနော်File Size - 1.7 GB Quality - Bluray 1080p Subtitle - Burmese (Hardsub) Translator - Sane Khet Encoder - Thit San Khant
movie
Howl’s Moving Castle (2004)
2004
Kiki’s Delivery Service (1989) 7.8
Kiki’s Delivery Service (1989) ၁၃နှစ်ပြည့်တဲ့စုန်းလေးတွေဟာ အိမ်ကထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့ စုန်းတို့ရဲ့ရိုးရာအတိုင်း ၁၃နှစ်အရွယ်စုန်းမလေးခီခီဟာ တိမ်ကင်းစင်တဲ့လပြည့်ညတစ်ညမှာ သူ့ရဲ့ကြောင်နက်လေးဂျီဂျီရယ် အဖေ့ရေဒီယိုလေးရယ်နဲ့အတူ တံမြက်စည်းပျံစီးပြီး အိမ်ကထွက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ နာရီ​စင်ကြီးရှိတဲ့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ အခြေချဖို့ဖြစ်လာတဲ့အခါ စုန်းမလေးခီခီဟာ အခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ရပါတော့တယ်။ ​ တဖြည်းဖြည်းနဲ့ ခီခီ့ရဲ့တစ်ပါးသူအပေါ်ကူညီပေးမှုတွေ၊ သနားကြင်နာတတ်မှုတွေကြောင့် လူချစ်လူခင်ပေါလာပြီး သူ့ကိုယ်ပိုင်ပစ္စည်းပို့လုပ်ငန်းလေးကိုလည်း တစ်နိုင်တစ်ပိုင်ထူထောင်လာနိုင်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ ခီခီ့ရဲ့ ကိုယ်ပိုင်အလုပ်သစ်လေးမှာ အလုပ်အပ်သူတစ်ယောက်ပေါ်လာရင်ကို စိတ်လှုပ်ရှားနေတတ်တာမျိုးတွေ၊ သူငယ်ချင်းကြောင်နက်လေးဂျီဂျီ သူငယ်ချင်းအသစ်ရသွားတဲ့အခါ စိတ်ပျက်ဝမ်းနည်းပုံလေးတွေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့အခါ အတက်အကျတွေအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရပုံလေးတွေကို လူငယ်သဘာဝအလျောက် တွေ့မြင်ရမှာဖြစ်ပြီး ကိုရိုကိုဆိုတဲ့ ပင်လယ်ဆိပ်ကမ်းမြို့လေးရဲ့ သဘာဝအလှအပလေးတွေကိုလည်း စိတ်ချမ်းမြေ့ဖွယ်ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်... IMDb 7.8/10 Rotten tomatoes 98% ထိရရှိထားတဲ့ anime ဇာတ်ကားကောင်းလေးကို ကြည့်ရှုခံစားပေးကြပါဦး....   File Size - 1.4 GB Quality - BluRay 1080p Subtitle - Burmese (hardsub) Translator - May Thu Aung Encoder -  Thit San Khant
movie
Kiki’s Delivery Service (1989)
1989
Princess Mononoke (1997) 8.4
Princess Mononoke (1997) ဒီတစ်ခါတော့ ခံစားချက်ပေါင်းများစွာ ရစေမဲ့ အဓိပ္ပါယ်အများကြီးရှိတဲ့ ဂျပန် Anime လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားဟောင်းပေမဲ့ နှစ်ချို့ဝိုင်လို ခေတ်အဆက်ဆက် ဖြတ်သန်းပြီးတာတောင် ဟောင်းလေကောင်းလေ သတ်မှတ်ထားကြတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ဒီ ကမ္ဘာလောကကြီးမှာ ဖြစ်နိုင်မယ်ဆိုရင် လူတိုင်းက အရာအားလုံးကို လိုချင်ကြတာပါပဲ။ ကိုယ် လိုချင်တာတွေ အတွက် လူတွေ အပြိုင်အဆိုင် ဖြစ်လာတဲ့အခါ အမုန်းတရားနဲ့ အမှား အမှန် ဖြစ်တည်လာရတယ်။ ဒီ ဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ ကိုယ့်အမှန်တရားနဲ့ကိုယ် ရှိနေတဲ့ ဘက်နှစ်ဘက်ရယ် လောဘသက်သက် အတ္တ အမှန်တရားရှိနေတဲ့တစ်ဘက်ရယ် ကြားနေလူတစ်ယောက်ရယ်နဲ့ အမှန်တရားဆိုတာ ဘက်တိုင်းမှာ ရှိနေကြောင်း ကောင်းကောင်းကြီး မီးမောင်း ထိုးပြ နိုင်ခဲ့ပါတယ်။ ဘက်တိုင်းမှာ ရှိနေတာဟာ ဘယ်ဘက်မှာမှ မရှိတာနဲ့ အတူတူပါပဲ။   ဇာတ်လမ်းအကျဉ်းကတော့.... ရှေးပဝေဏသီ အတိတ်တစ်ခုတုန်းက သားရိုင်းတွေ သစ်တောဝိညာဉ် နတ်ဘုရားတွေ သစ်တောထဲ နေခဲ့ကြတယ်။ သူတို့ကို စောင့်ရှောက်တဲ့ သားရိုင်းကြီးတွေနဲ့ လူတွေလည်း အတူ သဟာဇာတ ဖြစ်ဖြစ် ရှိခဲ့ကြတယ်။   သစ်တောကို ရှင်းလင်းပြီး အမျိူးသမီးတစ်ယောက်က ပြည့်တန်ဆာနဲ့ နူနာသည်လို လူ့လောက အပယ်ခံတွေ အတွက် မြို့တစ်မြို့ တည်ဆောက်တဲ့အချိန် သစ်တောရဲ့ မူလနေထိုင်သူတွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အပြင် သံသတ္တုပေါများတဲ့ ဒေသ ့ဖြစ်တာကြောင့် ဧကရာဇ်ရဲ့ မျက်စိကျ ခံရပြီး တိုက်ခိုက်ခံရတဲ့ ဒေသလည်း ဖြစ်ခဲ့တယ်။   သစ်တောဝိညာဉ်နတ်ဘုရားရဲ့ ခေါင်းက ထာဝရအသက်ကို ပေးနိုင်တယ်လို့ ယုံကြည်သွားတဲ့ ဘုရင်တစ်ပါးက ...
movie
Princess Mononoke (1997)
1997
Spirited Away (2001) 8.6
Spirited Away (2001) နောက် ထပ် Studio Ghibli ရဲ့ artwork တစ်ခုနဲ ့မိတ်ဆက် ပေးချင် ပါတယ်။ တစ်ကယ်တော့ မိတ်ဆက် တယ် ဆိုတာထက် ပြန်ပြီး remind လုပ်တာ ဆိုရင် ပိုမှန် ပါလိမ့်မယ်။ Spirited Away ပါ။ Otaku တော်တော်များများ ကြည့်ဖူး ကြလိမ့်မယ် လို့ ထင်ပေမယ့် ကောင်းလွန်း၊ သဘောကျလွန်း တာကြောင့် မရေးပဲ မနေနိုင်လို့ ရေးလိုက် ရပါတယ်။ ၁၀နှစ်သမီးလေး Chihiro ဟာ သူမရဲ့ မိဘနှစ်ပါး နဲ့အတူ တစ်ခြား မြို့တစ်မြို့ကို အိမ်ပြောင်းဖို့ခရီးထွက် လာပါတယ်။ တောလမ်း ခရီး တစ်နေရာ မှာ လိုဏ်ခေါင်း ကြီး တစ်ခုကို  တွေ့တော့ Chihiro ရဲ့မိဘတွေ က ဝင်ကြည့် ပါတယ်။ လိုဏ်ဂူထဲ ကို ဝင်မကြည့် ချင်ပေမဲ့လည်း ကားပေါ်မှာ တစ်ယောက်တည်း နေဖို့  ကြောက်တဲ့ Chihiro ကလည်း မိဘတွေနဲ့အတူ လိုက်လာ ပါတယ်။ လိုဏ်ခေါင်းရဲ့ တစ်ဖက်ခြမ်း မှာတော့ ပျက်စီးနေပြီ ဖြစ်တဲ့ theme ...
movie
Spirited Away (2001)
2001
Ponyo (2008) 7.7
Ponyo (2008)  အခုမိတ်ဆက်ပေးမှာက စာရေးသူ Hayao Miyazaki ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး IDM 7.7 အထိရခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ ဒီကားလေးရဲ့ အောင်မြင်မှုတွေကို ပြောရမယ်ဆိုရင် ပရိတ်သတ်တွေကြားမှာ Ponyo Ponyo ဖြစ်ခဲ့ရလောက်အောင် ကျော်ကြားခဲ့တဲ့ ဇာတ်ကားလေးဖြစ်လာတဲ့အပြင် 8th annual Tokyo Anime ဆုပေးပွဲမှာ ဆုတွေအများကြီးရစေခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ သဘောၤသားတစ်ဦးရဲ့ အသက်ငါးနှစ်သာရှိတဲ့ သားလေးဟာ သူ့အမေနဲ့အတူ ပင်လယ်နားက တောင်ကုန်းလေးမှာ နေထိုင်တယ်။ တစ်နေ့မှာ မမျှော်လင့်ပဲ ရွှေငါးလေးတစ်ကောင်ကို တွေ့ရှိခဲ့တယ် အဲ့ရွှေငါးလေးဟာ ရိုးရိုးငါးလေးမဟုတ်ပဲ ငါးတစ်ပိုင်းလူတစ်ပိုင်း ဖြစ်နေတဲ့ ရွှေငါးလေးဖြစ်တယ် ရွှေငါးလေးဟာ ဆိုဆုကီဆိုတဲ့ ကောင်လေးကို သံယောဇဉ် တွယ်မိပြီး ဆိုဆုကီပေးထားတဲ့ ပွန်းညို ဆိုတဲ့ နာမည်လေးနဲ့ လူသားတွေအနားမှာ နေခဲ့တယ် လူသားတွေကို မုန်းတဲ့ ပွန်းညို အဖေက သူ့သမီးလေးကို ဆိုဆုကီ ရှိကနေ နည်းအမျိုးမျိုးနဲ့ ပြန်လည်လုယူခဲ့တယ် ဒါပေမယ့် ပွန်းညိုက မှော်စွမ်းအားတွေရပြီး ပြန်လွတ်သွားချိန်မှာ သူ့အစွမ်းတွေကြောင့် ဆိုဆုကီတို့မြို့ တစ်မြို့လုံးရေနစ်မြုပ်ခဲ့တယ် သူကတော့ လူသားတစ်ယောက်အဖြစ် ဆိုဆုကီရှိကိုပြန်လာခဲ့တယ် ပွန်းညိုရဲ့ မှော်အစွမ်းတွေကြောင့် ကမ္ဘာကြီးပျက်လုနီးပါးဖြစ်နေချိန်မှာ ငါးနှစ်အရွယ်သာရှိတဲ့ ဖြုစင်တဲ့ သူတို့ရဲ့ အချစ်စစ်နဲ့ ကမ္ဘာကြီးကိုဘယ်လိုပြန်တည်ဆောက်သွားမလဲ ပွန်းညိုဟာ လူသားတွေကိုမုန်းတဲ့ သူ့အဖေ နဲ့ပဲ ရေအောက်မှာ ငါးအဖြစ်ဆက်နေသွားရမလား လူသားအဖြစ် ဆိုဆုကီအနားမှာနေရမလားဆိုတာ ဇာတ်ကားလေးကိုကြည့်ကြည့်လိုက်ကြနော် အရမ်းချစ်ဖို့ကောင်းတဲ့ ပွန်းညို ကားလေးကို ...
movie
Ponyo (2008)
2008
My Neighbor Totoro (1988) 8.2
My Neighbor Totoro (1988) ဒီဇာတ်ကားလေးကို 1988 ခုနှစ်က ရိုက်ကူးခဲ့ပေမယ့် Disney ကနေ 2006 မှာ english အသံထွက်နဲ့ ပြန်ထုတ်လွှင့်ပေးခဲ့ပါတယ်... IMDb 8.2 နဲ့ rotten tomatoes 94% တောင် ရရှိထားတဲ့ Rating မြင့်တဲ့ကားပါ.. တခြားနိုင်ငံမှာ Pooh ဇာတ်ကောင်လေးတွေ ခေတ်စားခဲ့သလို Totoro ကလဲ ဂျပန်ကလေးငယ်တွေအပေါ်မှာ လွှမ်းမိုးနိုင်ခဲ့ပါတယ်... မြန်မာမှာလဲ ခုချိန်ထိ totoro ကို ချစ်နေတဲ့လူကြီးငယ်တွေ ရှိပါသေးတယ်ဗျ... ( ကျွန်တော်အပါအဝင်ပေါ့... ) ဇာတ်လမ်းလေးကတော့ ၁၉၅၈ ခုနှစ်မှာ တက္ကသိုလ်ပါမောက္ခ Tatsuo Kusakabe နဲ့သူ့ရဲ့ သမီး ၂ ယောက်နဲ့ အတူ ရွာလေးတစ်ရွာမှာ ရှိတဲ့ အိမ်ဟောင်းတစ်လုံးစီကို ပြောင်းလာခဲ့ပါတယ်.. မိန်းမဖြစ်သူက နာတာရှည်ရောဂါ ခံစားနေရတာကြောင့် မိန်းမဖြစ်သူတက်နေတဲ့ ဆေးရုံနဲ့နီးတဲ့ အိမ်လေးကို ရွေးချယ်ခဲ့တာပါ.. တောရွာတစ်ခုဖြစ်တဲ့အတိုင်း မမြင်ရတဲ့ ပရလောကယုံကြည်မှုတွေလဲ ရှိနေပါတယ်... ပထမဆုံး တွေ့ကြုံခဲ့တာကတော့ susuwatari လို့ ခေါ်တဲ့ မည်းမည်းလုံးလုံး ကျပ်ခိုးကောင်လေးတွေပါပဲ.. လူမနေတဲ့ အိမ်ဟောင်းတစ်ခုမှာ အဲဒီကျပ်ခိုးကောင်လေးတွေ ရှိနေမှာ အသေအချာဖြစ်ပြီး လူတွေရောက်လာတာနဲ့ နောက်ထပ် အိမ်လွတ်တစ်လုံးရှာဖွေဖို့ ...
movie
My Neighbor Totoro (1988)
1988
Castle in the Sky (1986) 8.0
movie
Castle in the Sky (1986)
1986
The Wind Rises(2013) 7.8
The Wind Rises(2013) The Wind Rises(2013) IMDb....7.8 " The Wind Rises" ဇာတ်​လမ်း​လေးက​တော့ ဒုတိယကမ္ဘာစစ်​အတွင်းက ဂျပန်​တပ်​မ​တော်​ကအသုံးပြုခဲ့တဲ့ Mitsubishi A6M zero တိုက်​​လေယာဉ်​ကို ​တည်​​ဆောက်​ခဲတဲ့ ​လေ​ကြောင်းအင်​ဂျင်​နီယာ Jiro Horikoshi အ​ကြောင်းအပါအဝင်​ ထို​ခေတ်​အချိန်​အခါက ဂျပန်​ပြည်​အ​ခြေအ​နေများအ​ကြောင်းကိုပါ အ​ခြေခံပြီး ရိုက်​ကူး​ရေးဆွဲထားတာဖြစ်​ပါတယ်​။ ဒီကားအဓိကဇာတ်​​ဆောင်​ရဲ့ ငယ်​ဘဝအိမ်​မက်​က အရမ်းလှပြီး လူသား​တွေကိုသယ်​​ဆောင်​နိုင်​တဲ့ ​လေယာဉ်​မျိုးကိုဖန်​တီးချင်​ခဲ့​ပေမယ့်​ သူတကယ်​တည်​​ဆောက်​လိုက်​ရတာက​တော့ စစ်​လက်​နက်​ဖြစ်​​နေပါတယ်​။ ဒါ့အပြင်​ ၁၉၂၃ တိုကျိုငလျင်​နဲ့ ဒုတိယကမ္ဘာစစ်​ အဖြစ်​အပျက်​၂မျိုးနဲ့ ဇာတ်​လမ်းကို ချိတ်​​ပေးထားတဲ့အတွက်​ သုတ ရသ ၂မျိုးလုံး​ပေးနိုင်​မယ့်​ animation ဇာတ်​လမ်း​လေးပဲဖြစ်​ပါတယ်​။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  Megumi ပဲဖြစ်ပါတယ်... File Size : (726 MB) and (329 MB) Quality : Blu-Ray 720p Format…mp4 Duration…02:06:00 Genre :  Animation , Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Megumi Encoded by Phyo Pyae 
movie
The Wind Rises(2013)
2013