Channel Myanmar

Inan

Teuri 2019
Teuri 2019 Teuri 2019 ဒီကားကတော့ ၂၀၁၉ ကထွက်ထားတဲ့ triller/Mystery အမျိုးအစားကားတစ်ကားဖြစ်ပါတယ်။ဒီကားနာမည် Teuri(ထယ်အူရီ)ဆိုတာ ကိုရီးယားမှာရှိတဲ့ ကျွန်းတစ်ကျွန်းရဲ့အမည်ပါ။ဇာတ်လမ်းအစမှာ ယန်းဂျန်းဂိုဆိုတဲ့ သူတစ်ယောက်က ထယ်အူရီကျွန်းမှာနေတဲ့ သူအကိုဖြစ်သူယန်းချွန်းဘယ်ဆိုတဲ့ သူရဲ့စာတွေကိုနှစ်ပေါင်းနှစ်ဆယ်ကြာမှ သက်ဆိုင်သူအသီးသီးဆီကို ကိုယ်တိုင်သွားပို့ရဖို့ဖြစ်လာခဲ့ပါတယ်။ယန်းဂျန်းဂိုဆိုတာက ဉာဏ်ရည်မမှီတဲ့ disable တစ်ယောက်ဖြစ်သလို နှစ်နှစ်ဆယ်ကြာမှ သူအကိုဆီကပထမဆုံးစာတွေလက်ခံရရှိတာလည်းဖြစ်ပါတယ်။ တော်တော်များများသိထားကြတာကတော့ ယန်းချွန်းဘယ်ဆိုသူက လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်ထဲကဆုံးပါးသွားခဲ့သူပါ။ ဒီလိုသေဆုံးသွားပြီလို့သိထားတဲ့သူတစ်ယောက်ရဲ့စာတွေက အခုချိန်ကျမှ ဘာကြောင့် ရောက်လာခဲ့တာလဲ။ဒီစာတွေကို ယန်းချွန်းဘယ်နဲ့ အလုပ်တူတူလုပ်ခဲ့သူတွေဖြစ်တဲ့ ဘို့ဂျူအင်း၊ဂျန်းဘန်းဂျွန်းနဲ့ စက်ရုံသူဠေးကင်ဆီကိုလည်း အသီးသီးဆီကိုလည်း ရေးသားထားတာ တွေ့ရပါတယ်။ ဒီစာတွေရဲ့အကြောင်းအရာကဘာလဲ။ယန်းချွန်းဘယ်ဆိုသူကကော သေသွားပြီလား။ပျောက်ဆုံးနေတာလား။ဒီစာတွေကိုလက်ခံရရှိသူ ယန်းချွန်းဘယ်ညီကလည်း ဉာဏ်ရည်မပြည့်မီသူဖြစ်နေတဲ့အပြင် သူကိုယ်တိုင် သူအကိုမှာခဲ့တဲ့ ဒီစာတွေကို သက်ဆိုင်သူအသီးသီးဆီ ကိုယ်တိုင်ကိုယ်ကျ လိုက်ပေးရတဲ့အခါ ဘယ်လို အဖြစ်အပျက်တွေကြုံလာမလဲဆိုတာကို စိတ်ဝင်စားဖွယ်တွေ့ရမှာပါ ။ဇာတ်ကားထဲက တချို့နေရာတွေက စကားကို မြှုပ်ပြီးပြောထားလို့ နည်းနည်းလေးတော့ လိုက်တွေးပေးရမယ့်ကားလေးပါလို့ ကြို​ပြောထားချင်ပါတယ်။ကျန်တာတော့ ကိုယ်တိုင် ခံစားကြည့်လိုက်ကြပါအုန်း။ Translator - Moe Pwint  Encoder - Thit San Khant File Size - 920MB and 400MB Quality 1080p and 720p
movie

Teuri 2019

2019