Channel Myanmar

Jang Chang-won

The Swindlers (2017) 6.2
The Swindlers (2017) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် တင်ဆက်ပေးချင်တာကတော့ "The Swindlers" ဆိုတဲ့ ကိုးရီးယားဇာတ်ကားပဲဖြစ်ပါတယ်...ကိုးရီးယားနိုင်ငံဆိုးလ်မြို့ ၂၀၀၈ ခုနှစ်မှာ ကိုယ့်ကိုကိုယ် သတ်သေမှု ရုန်းရင်းဆန်ခတ်များ ဖြစ်ပွားခဲ့ပါတယ်..ဖြစ်ပွားရတဲ့အကြောင်းအရင်းကတော့ ဂျန်ဒူချေးဆိုတဲ့ လူလိမ်ဟာ ဆင်းရဲနွမ်းပါးတဲ့ ကိုးရီးယားပြည်သူတွေဆီက ငွေတွေလိမ်ယူသွားတာပါ...အလိမ်ခံလိုက်ရသူများဟာ မူးလဲသူက မူးလဲ သတ်သေသူက သတ်သေနဲ့ အပြတ်ပြတ်နှာခေါင်းသွေးထွက်ခဲ့ပါတယ်....လူလိမ်ဂျန်ဒူချေးကို တရားဥပဒေအရ သက်ဆိုင်ရာက ဖမ်းချုပ်မှာလား...ကံတရားက အမှန်တရားဘက်မှာမရှိခဲ့ပါဘူး...ရိုးသားမှုဘက်ကိုမျက်နှာသာမပေးခဲ့ပါဘူး...ဂျန်ဒူချေးဟာ ကိုးရီးယားနိုင်ငံရဲ့ အာဏာရှိသူအသိုင်းအဝိုင်းကို လာဘ်ထိုးခဲ့ပါတယ်....လာဘ်ထိုးပြီးနောက်မှာတော့ အာဏာပိုင်တွေက ဂျန်ဒူချေးအတွက် နိုင်ငံရေးခိုလှုံခွင့် ဗီဇာထုတ်ပေးခဲ့ပါတယ်...ဒီဗီဇာအတုကိုပြုလုပ်ပေးသူကတော့ ရိုက်စား ဟွမ်ယူဆွတ်ပါ...ရိုက်စားလောကမှာတော့ ဟွမ်ယူဆွတ်ဟာ ဆရာတစ်ဆူပါ...အကုန်လုံးကို အတုဖန်တီးနိုင်ပါတယ်...သူဟာ ဂျန်ဒူချေးဆီကို ဗီဇာအတုသွားပေးတဲ့နေ့မှာပဲ ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့ပါတယ်...ဂျန်ဒူချေးဆီကို သွားတယ်ဆိုပြီးသိထားတဲ့ ဟွမ်ယူဆွတ်ရဲ့ သားဖြစ်သူ ဟွမ်ဂျီဆောင်းဟာ သူ့အဖေသေဆုံးမှုကို မသင်္ကာဖြစ်ခဲ့ပါတယ်....ဂျန်ဒူချေးကြောင့် သူ့အဖေသေရတယ်ဆိုပြီး ယုံကြည်ခဲ့ပါတယ်...အဲ့အချိန်ကစပြီး သူ့အဖေအတွက် လက်စားချေဖို့ အဖေခြေရာကိုနင်းပြီး ရိုက်စားလုပ်ငန်းကို စလုပ်ပါတော့တယ်...ဂျန်ဒူချေး တခြားနိုင်ငံကို ထွက်ပြေးလွတ်မြောက်သွားပြီးနောက်မှာတော့ သေဆုံးခဲ့ပါတယ်...ဒါပေမဲ့ ...
movie

The Swindlers (2017)

2017