Channel Myanmar

Jason Howden

Deathgasm(2015) 6.3
Deathgasm(2015) ဒီဇာတ်ကားကြီးက နည်းနည်းတော့စားတယ်ဗျ။Horror ရယ် comedy ရယ်ကို ရောထားတာ။ တစ်ကားလုံး သွေးထွက်သံယိုတွေရယ် သောက်ပေါက်ကရတွေရယ်ချည်းပဲ။သတ်တာဖြတ်တာဆိုရင်လည်း တစ်ကားလုံးနီးပါးပဲ။အူတွေအထွေးလိုက်ထွက်ကျလာရတာနဲ့ ခေါင်းကို ပုဆိန်ကြီးနဲ့ နှစ်ခြမ်းခြမ်းလိုက်ရတာနဲ့။မထင်မှတ်ထားတဲ့အချိန် ပေါက်ကရထထလုပ်လို့ ခွီရတာတွေလည်း အများကြီးပဲ။ထားပါတော့ ဇာတ်လမ်းအကျဉ်း ပြောရအောင်။ဘရိုဒီဆိုတဲ့ Heavy Metalတွေကို ကြိုက်တတ်တဲ့ ဆယ်ကျော်သက် ဘဲတစ်ဗွေရှိတယ်ပေါ့ဗျာ။အဲ့ဘဲဘဝကြီးက စုတ်ပြတ်သတ်လို့။ဘယ်လိုလဲဆို အမေက စိတ်ရောဂါသည်(အရူးထောင်မှာ)။သူကဦးလေးနဲ့ ကပ်နေရတယ်။အဲ့ဦးလေးရဲ့ သားက သူ့ကို ကျောင်းမှာရော အိမ်မှာရော အမြဲတမ်းအနိုင်ကျင့်တယ်။သူ့မှာရှိတဲ့ စိတ်ထွက်ပေါက်ဆိုလို့ Metal တွေတီးပြီး ဝုန်းဒိုင်းကြဲရတာတစ်ခုပဲ ရှိတယ်။(ဒါတောင် Christian သူ့ဦးလေးက နတ်ဆိုးဂီတတွေဆိုပြီး လာလာပြဿနာရှာသေးတယ်)ဘရိုဒီ့မှာ ဇက်ဆိုတဲ့ အကိုလိုခင်ရတဲ့ ဘော်ဒါတစ်ကောင်ရှိတယ်။အဲ့ကောင်က ဇိုးဆိုမှ ဇိုး။ကျောင်းမှာကျောင်းသားတစ်ယောက်ကို ထောက်ဆူးနဲ့ထိုးလို့ ကျောင်းထုတ်ခံရတယ်။အဲ့နောက် သူ့အဖေ work shop မှာအလုပ်လုပ်တယ်။လာပြင်တဲ့ကားတွေဆီက ရသမျှ ဖြုတ်ခိုးတယ်။လမ်းမှာ ရပ်ထားတဲ့လူနာတင်ကားဆီက ဆီခိုးထုတ်တယ်။အဲ့လိုကောင်။သူကလည်း metal သမား။ပြောရရင် ဇလေးလည်းရှိ ဝါသနာလေးလည်းတူ ...
movie

Deathgasm(2015)