Channel Myanmar

Joe Penna

Stowaway (2021) 5.6
Stowaway (2021) Stowaway (2021)==============IMDb Rating - 5.6/10၂၀၂၁ ထွက် Sci-fi, Thriller ဇာတ်ကားလေးပါ။ Pitch Perfect မင်းသမီး Anna Kendrick ပါဝင်သရုပ်ဆောင်ထားပါတယ်။မားစ်ဂြိုလ်ကို ဒုတိယ ကမ္ဘာအဖြစ် နယ်မြေချဲ့ထွင်နိုင်ဖို့ ကြိုးစားတဲ့ Mission တစ်ခုအကြောင်းပါ။ ယာဉ်မှူးတစ်ယောက်၊ ရုက္ခဗေဒပညာရှင်တစ်ယောက်၊ ဆရာဝန်တစ်ယောက်တို့က မားစ်ဂြိုလ်မှာ နှစ်နှစ်စာ သုသေသနပြုလုပ်ဖို့ သွားကြပါတယ်။ ဒါပေမဲ့ လမ်းတစ်ဝက်မှာ မမျှော်လင့်ထားတဲ့ လိုက်ပါစီးနင်းသူတစ်ယောက် ဒုံးပျံပေါ်မှာ ပါလာတာကို တွေ့လိုက်ရပါတယ်။ သုံးယောက်စာ စီစဉ်ထားတဲ့ခရီးစဉ်မှာ လူပိုတစ်ယောက် မမျှော်လင့်ဘဲ ပါလာသလို အောက်စီဂျင်အထောက်အပံ့ပေးတဲ့ စနစ်က ပျက်သွားတဲ့အတွက် သူတို့ရဲ့ ခရီးစဉ်ကကမောက်ကမဖြစ်သွားပါတယ်။ အောက်စီဂျင်အထောက်အပံ့က သူတို့လေးယောက်လုံးအတွက် မလုံလောက်တော့တဲ့ အခါမှာ သူတို့တွေ​အာကာသဟင်းလင်းပြင်မှာ သူတို့တွေ အသက်ဆက်ရှင်နိုင်ဖို့ ဘာတွေလုပ်ကြလဲ။ ဘယ်လိုရွေးချယ်မှုတွေလုပ်ပြီးတော့ သူတို့လေးယောက်လုံးအသက်ဆက်ရှင်နိုင်ပါမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ d3mon ပဲဖြစ်ပါတယ်။) Quality ...
movie

Stowaway (2021)

2021
Arctic ( 2019 ) 7.3
Arctic ( 2019 ) Arctic(2019)IMDb...7.2,,,,Rotten...89%ရေခဲပြင်ပတ်လည်ဝိုင်းနေတဲ့နေရာမှာ လူတစ်ယောက်ဟာရေခဲထဲကငါးတွေဖမ်းလိုက်အချက်ပြစက်ကိုလှည့်လိုက် ရေခဲတောထဲကနေ မြေသားတွေတူးထုတ်လိုက်နဲ့ အလုပ်ရှုပ်နေတယ် ....သူမြေကြီးတွေတူးပြီးရေးနေတာက SOS ဆိုတဲ့ ကယ်ဆယ်ရေးသင်္ကေတပါ.... တကယ်တော့ သူဟာ အာတိတ်ရဲ့ အအေးဆုံး ရာသီဥတုဒဏ်အဆိုးလို့ဆိုရမယ့်ရေခဲပြင်နေရာပေါ်ကို ရဟတ်ယာဉ်ပျက်ကျပြီးရောက်နေတဲ့သူတစ်ယောက်.....သူနေ့တိုင်းအချက်ပြစက်ကလေးကိုလှည့်တဲ့လုပ်ရပ်ကြောင့် တစ်ရက်တော့သူ့ ကိုကယ်ဖို့ရဟတ်ယာဉ်တစ်စီးရောက်လာတယ် ..ဒါပေမယ့် ရာသီဥတုကဆိုးရွားလွန်းလို့ သူ့အနားကိုရောက်အောင်မကပ်နိုင်ခဲ့တဲ့အပြင် အဲ့ဒီရဟတ်ယာဉ်ပါ ပျက်ကျသွားတယ် .....ယာဉ်မောင်းသေဆုံးသွားပြီး  အသက်ရှင်ကျန်တဲ့အမျိုးသမီးကလည်း ဒဏ်ရာအပျင်းအထန်ရထားတယ်...သူ့အတွက် ရွေးချယ်စရာသိပ်မရှိပါဘူး...မြေပုံအကူအညီနဲ့ မြောက်ဖျားပိုင်းက အဆော်အဦးတစ်ခုဆီကို ဒဏ်ရာရအမျိုးသမီးနဲ့အတူသွားမလား...ဒီနေရာမှာပဲအသေခံမလား...ထပ်လာကယ်တဲ့သူရှိလေမလားဆိုတဲ့မျှော်လင့်ချက်နဲ့ဆက်စောင့်နေမလား...သူတို့အသက်ရောရှင်နိုင်ကြပါ့မလား....ကိုင်း သူတို့ဘာလုပ်မလဲခံစားကြည့်လိုက်ပါဦး....IMDbရော Rotten ရော အကောင်းဆုံးအနေအထားမှာရှိလို့ကြည့်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ.......ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးသူက Cynthiaပါ...File Size : (832 MB) and (304 MB) Quality : HD-Rip 720p, Format…mp4 Duration…01:30:00 Genre : Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo Pyae
movie

Arctic ( 2019 )

2018