Channel Myanmar

John Stevenson

Kung Fu Panda (2008) 7.5
Kung Fu Panda (2008) DreamWorks ရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ကားတွေထဲကတစ်ကားဖြစ်တဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ…လူကြီးလူငယ်မရွေး အားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ…ဆုပေါင်းများစွာကိုလည်းရယူထားနိုင်ခဲ့ပါတယ်…ဇာတ်လမ်းအကျဉ်းလေးဆီသွားကြရအောင် တစ်ခါတုန်းက အေးချမ်းတဲ့မြို့လေးတစ်မြို့မှာအပျင်းကြီးပြီး အစားပုတ်တဲ့ ပန်ဒါဝက်ဝံလေးတစ်ကောင်ရှိပါတယ်…သူ့နာမည်ကတော့ ‘ပို’ လို့ခေါ်ပြီး ဝတုတ်ကြီးဖြစ်နေပါတယ်..အဖေဖြစ်သူနဲ့ ခေါက်ဆွဲရောင်းနေရတဲ့သူလည်းဖြစ်ပါတယ်…ဒါပေမယ့် သူဟာ ကွန်ဖူးသိုင်းပညာရှင်အရမ်းဖြစ်ချင်နေပြီးကွန်းဖူးသိုင်းသမားတွေကိုလည်း အားကျနေသူတစ်ယောက်ဖြစ်ပါတယ်…သူတို့မြို့လေးမှာ ကွန်ဖူးသိုင်းသင်တန်းကျောင်းတစ်ခုရှိပြီးသင်တန်းသားတွေ ဖြစ်တဲ့ နာမည်ကြီး ကွန်ဖူးသိုင်းသမားငါးယောက်လည်းရှိပါတယ်…သူတို့ကတော့ Tigress, Crane, Mantis, Viper နဲ့ Monkey တို့ပဲဖြစ်ပါတယ်….တစ်နေ့မှာတော့ သင်တန်းကျောင်းကနေ နဂါးသူရဲကောင်းရွေးချယ်ပွဲကြီးကျင်းပပါတော့တယ်…ဒီရွေးချယ်ပွဲကြီးဟာ သင်တန်းသားတွေထဲကအတော်ဆုံးတစ်ယောက်ကိုရွေးချယ်မှာဖြစ်ပါတယ်…‘ပို’ တစ်ယောက်လည်း ရွေးချယ်ပွဲကြီးကို အရမ်းကြည့်ချင်နေခဲ့ပေမယ့်သူ့အဖေကတော့ ပွဲမှာ ခေါက်သာဆွဲရောင်းခိုင်းပါတယ်…‘ပို’ တစ်ယောက် ပွဲကိုရောက်အောင်သွားခဲ့ပေမယ့် နောက်ကျသွားတဲ့အတွက်ဂိတ်တံခါးပိတ်နေတာကို တွေ့လိုက်ရပါတယ်…ဒီအချိန်မှာ ရွေးချယ်ပွဲလည်း စနေပါပြီ…‘ပို’ လည်း အရမ်းကြည့်ချင်နေတာနဲ့အထဲဝင်လို့ရအောင် ကြံစည်ပါတော့တယ်…ဒီလိုနဲ့ ရွေးချယ်ပွဲဟာ နဂါးသူရဲကောင်းကို ကြေငြာမယ့်အချိန်ကိုရောက်လာပါပြီ…ဒီအချိန်မှာ ‘ပို’ ဟာ အထဲဝင်ဖို့ကြိုးစားရင်းနဲ့ အလွဲလွဲအချော်ေျချာ်တွေဖြစ်ပြီးမမျှော်လင့်ပဲ နဂါးသူရဲကောင်းအဖြစ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ အခါမှာတော့…..ဇာတ်လမ်းရဲ့အရသာကို အပြည့်အဝခံစားနိုင်ဖို့အတွက်ဒီလောက်ပဲညွှန်းလိုက်ပါတော့တယ်…‘ပို’ တစ်ယောက်ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး…..IMDb rating ...
movie

Kung Fu Panda (2008)

2008
Sherlock Gnomes (2018) 5.2
Sherlock Gnomes (2018) Sherlock Gnomes (2018)_____IMDb - 5.2/10  Sherlock Gnomes(2018)အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ ကာတွန်းကားလေးဖြစ်မယ်ထင်ပါတယ် ...2011 တုန်းက ထွက်ရှိခဲ့တဲ့ Gnomeo & Juliet ဇာတ်လမ်းရဲ့အဆက်ပါ ...ယခုဇာတ်လမ်းလေးထဲမှာတော့ ကျွန်တော်တို့ရဲ့အချစ်တော်တွေဖြစ်ကြတဲ့ ဥယျာဉ်စောင့်နုမ်းလေးတွေဟာလန်ဒန်ကိုပြောင်းရွေ့ခဲ့ကြပါတယ် ..ဒီအချိန်မှာပဲ လန်ဒန်မှာထူးဆန်းတဲ့အမှုတစ်ခုဖြစ်ပွားခဲ့တယ်...အဲ့ဒါကတော့ ဥယျာဉ်စောင့်နုမ်းတွေ ထူးဆန်းစွာပျောက်ဆုံးသွားခြင်းပါ ...လန်ဒန်ရဲ့အကျော်ကြားဆုံးစုံထောက်ကြီးရှားလော့ခ်နုမ်းစ်နဲ့ သူ့မိတ်ဆွေဒေါက်တာဝက်ဆန်ဟာနုမ်းတွေပျောက်ဆုံးမှုကို စုံစမ်းရင်း နိုမီယို ဂျူးလိယက်တို့နဲ့ဆုံတွေ့ခဲ့ကြပါတယ်...လျို့ဝှက်မှုတွေနဲ့ပြည့်နှက်နေတဲ့ နုမ်းတွေရဲ့ပျောက်ဆုံးမှုကို သူတို့လေးယောက်ဘယ်လိုဖြေရှင်းကြမလဲ ...ဘယ်လိုထူးဆန်းမှုတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဆက်လက်ရှူ့စားရမှာပဲဖြစ်ပါတယ် ...ဒါ့အပြင်ရှားလော့ခ်နုမ်းစ်ဇာတ်ကောင်ရဲ့ အသံသရုပ်ဆောင်ကလည်း မင်းသားကြီးJohnny Depp ဆိုတော့ အထူးပြောနေစရာမလိုတော့ပါဘူး အချိန်ပေးရကျိုးနပ်မဲ့ကာတွန်းကားကောင်းတစ်ကားပါပဲလို့ ပြောချင်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကို Lyric Lynn Khant ဖြစ်ပါတယ်...   File Size : (703 MB) Quality : Blu-Ray 720p Format…mp4 Duration…01:26:00 Genre :  Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Lyric Lynn ...
movie

Sherlock Gnomes (2018)

2018