Channel Myanmar

John Stockwell

Blue Crush (2002) 5.7
Blue Crush (2002) Blue Crush (2002)~ IMDb - 5.7/10, Rotten Tomatoes - 62% ~ခုမိတ်ဆက်ပေးမှာကတော့ မမ Mitchelle Rodriguez ပါတဲ့ 2002 ခုနှစ်က ကားဟောင်း‌လေးဖြစ်ပါတယ်။ငယ်စဉ်တည်းက အတော်ဆုံးရေလွှာလျှောစီးသူဖြစ်ဖို့ ရည်မှန်းခဲ့တဲ့ ဟာဝိုင်အီကျွန်းသူလေး အန်းမယ်ရီ... မိခင်ဖြစ်သူက ဒုက္ခရောက်တဲ့အချိန် ထွက်ပြေးသွားလို့ ညီမလေး ပန်နီနဲ့ မိသားစု၀င်လိုသူငယ်ချင်းတွေနဲ့ ရုန်းကန်နေရသူ။အန်းမယ်ရီက ရေလွှာလျှောစီးချန်ပီယံဖြစ်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၃နှစ်က ပြိုင်ပွဲမှာ ရေနစ်‌သွားတဲ့ထိ မတော်တဆမှုဖြစ်ခဲ့လို့ ပွဲစဉ်ကနေ ထွက်လာရပါတယ်။ အဲ့အဖြစ်အပျက်ကြောင့် စိတ်ဒဏ်ရာရပြီး လှိုင်းစီးဖို့ တွန့်ဆုတ်နေတာပေါ့။နေ့စဉ်ဘ၀ကို သူငယ်ချင်းတွေနဲ့ ဟိုတယ်မှာ သန့်ရှင်းရေးလုပ်ပြီး ရုန်းကန်ရင်း ပန်နီကိုတော့ ကောလိပ်တက်စေချင်တာပါ။ မထင်မှတ်ထားဘဲ ဟာဝိုင်အီမှာ အားလပ်ရက်လာအပန်းဖြေတဲ့ ဘောလုံးသမား မက်ကို ငွေလိုတဲ့အတွက် ရေလွှာလျှောစီး သင်ခန်းစာသင်ပေးရာက တစ်စနဲ့တစ်စတွယ်ငြိလာတဲ့အခါ...ဒီတစ်ခေါက် ကျင်းပမယ့် ပြိုင်ပွဲမှာ အန်းမယ်ရီတစ်ယောက် သူ့စိတ်ဒဏ်ရာကို မေ့ပစ်ပြီး ...
movie

Blue Crush (2002)

2002
Turistas(2006) 5.4
Turistas(2006) နာမည်ကျော်တဲ့ နေရာဒေသတွေကိုခရီးသွားခြင်းမှာလည်း ကောင်းကွက်တွေရှိသလို မထင်ရှားတဲ့ ဆိုးကွက်တွေ လည်း ရှိနေတတ်ပါတယ် ဘရာဇီးကို ခရီးထွက်လာကြတဲ့ တိုးရစ်တသိုက်ဖြစ်တဲ့ အဲလက်စ် နဲ့ ဘီး တို့ မောင်နှမ နှစ်ယောက်၊ ဘီးရဲ့သူငယ်ချင်း အေမီ၊ တစ်ကိုယ်တော် ခရီးသွားလေး ပရူ၊ ခရီးထွက်ရင်း ဗရုတ်ကျနေတဲ့ သူငယ်ချင်းနှစ်ယောက် ဖင်းနဲ့ လီယမ် ဘတ်စ်ကားတစ်စီးကို အတူစီးလာကြပြီးနောက်မှာပဲ မမျှော်လင့်တဲ့ မတော်တဆဖြစ်ရပ်ကြောင့် ဘတ်စ်ကားကို ထားခဲ့ပြီး နီးစပ်ရာမြို့ကို လမ်းလျှောက်သွားဖို့ စိတ်တူကိုယ်တူ ပေါင်းစည်းမိကြတဲ့ သူတို့ အစပိုင်းမှာတော့ ဘရာဇီး နိုင်ငံရဲ့ ကမ်းခြေတွေ၊ အလှပဂေးလေးတွေ၊ ဖျော်ရည်ယမကာတွေကြောင့် နိဗ္ဗာန်လို့ ထင်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ သူတို့မမြင်နိုင်ခဲ့တဲ့ ကြောက်မက်စက်ဆုပ်ဖွယ်ကောင်းတဲ့ မကောင်းမှု (ငရဲ) များကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရချိန်မှာတော့ ဒီဇာတ်လမ်းရဲ့အဓိကပေးချင်တဲ့ မက်ဆေ့ကတော့ “Take The Plane” ပါ။ File size…2.42GB / 949.1MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ..... Horror , ...
movie

Turistas(2006)

Kid Cannabis (2014) 6.4
Kid Cannabis (2014) Kid Cannabis (2014)~ IMDb - 6.4/10, Rotten Tomatoes - 71% ~လောကမှာ ပိုက်ဆံတွေဒလဟောဝင်ဖို့ အကောင်းဆုံး စီးပွားရေးကဘာဖြစ်မလဲ...? သေချာပါတယ်... မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာကလွဲပြီး တခြားမရှိနိုင်ပါဘူး။အမေရိကန်နိုင်ငံက ဆယ်ကျော်သက်ကောင်လေး၂ယောက်ဟာ သူတို့ရဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာဖို့ ဆေးခြောက်တွေရောင်းရင်း ချမ်းသာလာတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို Kid Cannabis ဆိုတဲ့ ရုပ်ရှင်ကားမှာကြည့်ရပါမယ်။ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဒီရုပ်ရှင်ကားလေးမှာ ဆယ်ကျော်သက်ကလေးတွေဟာ သူတို့ဘဝချမ်းသာလာဖို့ ကနေဒါနိုင်ငံက ဆေးခြောက်တွေကို အမေရိကန်နိုင်ငံထဲ ခိုးသွင်းခဲ့ကြတယ်။ ကလေးတွေဆိုတော့ အားလုံး ကိုယ်ထူကိုယ်ထပါပဲ။ Cartel တွေလို အဆင့်မြင့်မြင့် မှောင်ခိုသွင်းကြတာမဟုတ်ဘဲ ကနေဒါ အောက်လမ်းကတဆင့် ခိုးကူးပြီးသွင်းကြရတာပေါ့။ အစပိုင်းမှာအဆင်ပြေသလို၊ အိပ်မက်တွေအကောင်အထည်ပေါ်လာသလိုဖြစ်ပေမယ့် လောကရဲ့ ဒုတိယဘုရားသခင်ဖြစ်တဲ့ ပိုက်ဆံပေါင်းမြောက်များစွာနဲ့ ထိတွေ့လာပြီးနောက်ပိုင်းမှာ သူငယ်ချင်းတွေကြားက အချင်းပွားမှုတွေ အဝေမတည့်တာတွေ မနာလိုသူရဲ့ တိုက်ခိုက်မှုတွေ စတင်ထိတွေ့လာခဲ့ရပါတယ်။အဓိကဇာတ်ဆောင်ကောင်လေး နိတ်တစ်ယောက် ဘယ်လိုနည်းလမ်း ဘယ်လိုလှည့်ကွက်တွေနဲ့ ...
movie

Kid Cannabis (2014)

2014
Kickboxer: Vengeance (2016) 5.0
Kickboxer: Vengeance (2016)   ပရိသတ် ကြီးအတွက် Kickboxer: Vengeance ဆိုတဲ့ အမေရိကန်အက်ရှင်ကား သစ်လေး ရွေးချယ်ဖော်ပြပေး လိုက်ပါတယ်။ ၁၉၈၉ လောက်တုန်းက အက်ရှင်မင်းသား ဗန်ဒမ်းကို နာမည်ကျော်စေခဲ့တဲ့ Kickboxer ဇာတ်ကားကို ဆန်းသစ်ရိုက်ကူး ထားတာဖြစ်ပြီး အဲဒီခေတ်တုန်းက မီခဲ့တဲ့ ပရိသတ်တွေလည်း ဇာတ် ကားနှစ်ခုကို နှိုင်းယှဉ်ခံစားကြည့် နိုင်မှာပါ။ အခု ဇာတ်ကားမှာလည်း မင်းသားဗန်ဒမ်းပါဝင်ထားပြီး ၀ါ ရင့် ကိုယ်ခံပညာ မာစတာတစ် ယောက်နေရာက ပါဝင် သရုပ် ဆောင်ထားတာမို့ ဗန်ဒမ်းကို မ တွေ့ရတာကြာနေတဲ့ ပရိသတ် တွေလည်း သဘောကျမယ်လို့ ထင်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် က ကမ်းခြေမြို့လေးဖြစ်တဲ့ ဗင်း နစ်မှာနေထိုင်တဲ့ အဲရစ်နဲ့ ကက်က လုန်းညီအစ်ကိုဟာ ကိုယ်ခံပညာ ကျွမ်းကျင်သူတွေဖြစ်ပြီး တစ်ရက် မှာတော့ အဲရစ်က ကရာတေး ကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ပွဲစီစဉ်သူတွေက အဲရစ်ကိုထိုင်း ဘက်မှာသွားပြိုင်ဖို့ ...
movie


2016