Channel Myanmar

Jojo D'Souza

Ishq Tera (2018) 6.2
Ishq Tera (2018) Ishq Tera (2018)အခုတစ်ခါမှာတော့ IMDb 6.2 အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်။ပြုသမျှနုရ..လုပ်သမျှခံရတဲ့ မိန်းသားတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းလေးပေါ့။ အဆိုပါ မိန်းမသားလေးဟာ စိတ်ကျန်းမာရေးဝေဒနာကိုပါ ခံစားနေရတဲ့အခါ သူမရဲ့ဘဝဟာ ရေစုန်မျောဖို့ပဲ ကျန်တော့တာပေါ့။ဒီဇာတ်ကားလေးမှာ ဇာတ်လိုက်မင်းသမီးက စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရတဲ့ ရောဂါဝေဒနာသည်လေးပါ။ ငယ်စဉ်ကတည်းက ခါးသီးလှတဲ့ဘဝကို ကျော်ဖြတ်ခဲ့ရလို စိတ်ဒဏ်ရာကြီးကြီးမားမားရသွားခဲ့ခြင်းဖြစ်ပါတယ်။သူမဟာ တစ်ခါတလေ ကလ်ပနားဖြစ်သွားလိုက် တစ်ခါတလေ လိုင်လာဖြစ်သွားလိုက်နဲ့ လူတစ်ကိုယ် စိတ်နှစ်မျိုးဖြစ်နေခဲ့ပါတယ်။ဒီလိုမိန်းမသားတစ်ယောက်ရဲ့ဘဝကို ချဉ်းကပ်လာတဲ့လူတွေဟာလည်း လူကောင်းတွေဟုတ်မနေခဲ့ပါဘူး။သူမရဲ့ပဟေဠိဆန်လှတဲ့ ဘဝဇာတ်ကြောင်းနဲ့ သူမအပေါ်တကယ် ရိုးရိုးသားချစ်ပေးနိုင်ပြီး စောင့်ရှောက်ပေးနိုင်မယ့်သူ ပေါ်လာနိုင်မလား...။ကြမ်းတမ်းလှတဲ့ ဘဝခရီးလမ်းကို ဘယ်လိုဆန်းကြယ်မှုတွေနဲ့ ကျော်ဖြတ်ခဲ့ရလဲဆိုတာကိုတော့ မိန်းမသားတစ်ယောက်ရဲ့နေရာကနေ ခံစားပြီး ကြည့်ရှုပေးကြပါဦးနော်လို့ ညွှန်းဆိုပေးလိုက်ပါတယ်။ File size…2.5GB  / 1.1GB Quality…1080p WEB RIP /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Ishq Tera (2018)

2018