Channel Myanmar

Jonathan Glazer

Sexy Beast(2000) 7.3
Sexy Beast(2000)   အင်္ဂလန်နိုင်ငံရဲ့ ဂန်းစတာလောကကနေ အနားယူပြီးတော့ စပိန်နိုင်ငံတောင်ပိုင်း ကမ်းခြေမြို့လေးမှာ မိန်းမနဲ့အခြေချပြီး လာနှပ်နေတဲ့ဂယ်လ်... အတိတ်ကအရိပ်မည်းတွေကနေ ရှောင်လွှဲလို့မရနိုင်ခဲ့တော့ တစ်ရက်မှာ အလုပ်ရှင်ဟောင်း ဒေါန်က သူ့ဆီကိုရောက်ပြီး ဘဏ်ဖောက်ဖို့အလုပ်တစ်ခုကို ကမ်းလှမ်းပါတော့တယ်။ မိန်းမဖြစ်သူကလည်း မလုပ်စေချင်၊ ကိုယ်တိုင်ကလည်းမလုပ်ချင်၊ အလုပ်ရှင်ဖြစ်သူကလည်း လူတစ်ကိုယ်စိတ်နှစ်မျိုး၊ သဘောကောင်းလိုက်၊ထဖောက်လိုက်လူမျိုးဆိုတော့ အလုပ်ကိုယတိပြတ်ငြင်းဖို့ ခက်ခဲနေပါတယ်။ ဒီတော့ ဒေါန်ရဲ့ကမ်းလှမ်းချက်ကိုလက်ခံရမလား၊ စွန့်စားပြီးပဲငြင်းလိုက်မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ တကယ်ပဲစိတ်၀င်စားဖို့ကောင်းပါတယ်။ မင်းသားဂယ်လ်နဲ့ ဒေါန်တို့သရုပ်ဆောင်တာ ပီပြင်လွန်းတာကြောင့် တချက်တချက် ကိုယ်တိုင်ပါ ဂယ်လ်နေရာကနေ လိုက်စိတ်ပူသောကရောက်‌ရတဲ့ ခံစားချက်‌မျိုးတွေပါရတာကြောင့် တကယ်ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…1.48GB / 428.1 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre .....  Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

Sexy Beast(2000)

Birth (2004) 6.5
Birth (2004) Birth (2004)***************Db 6.2 / Rotten Tomatoes 39%မင်းသမီးကြီး Nicole Kidman ရဲ့ ငယ်ရွယ်နုပျိုတဲ့အလှကို အပြည့်အဝခံစားရမယ့်ဇာတ်ကားလေးတစ်ကားကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်Nicole ရဲ့ ဆံပင်တိုတို မိန်းမအရမ်းမဆန်ဘဲ ရင့်ကျက်တည်ကြည်တဲ့အလှကဇာတ်ကားကြည့်နေရင်း လှလိုက်တာ လှလိုက်တာလို့ရေရွတ်မိလောက်အောင်ပါပဲဇာတ်လမ်းလေးကတော့ ခင်ပွန်းသေးဆုံးပြီး နှစ်အနည်းငယ်အကြာမှာဇနီးဖြစ်သူဟာ နောက်အိမ်ထောင်ပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီနောက် ဇနီးဖြစ်သူရဲ့မိခင်ပါတီကို အသက်တစ်ဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက် ရောက်လာပြီး သူဟာ သေဆုံးသွားတဲ့ခင်ပွန်းဖြစ်ကြောင်းသူ့မိန်းမကို ဒုတိယအိမ်ထောင်မပြုဖို့အကြောင်း ပြောပါတော့တယ် ဆိုတော့ဒီကောင်လေးဟာ တကယ်ပဲ လူဝင်စားလေးလား ဇနီးဖြစ်သူကရောသားအရွယ်ဒီကောင်လေးဟာ ခင်ပွန်းပြန်ဝင်စားတာလို့ ယုံကြည်သွားမှာလားတကယ်ယုံကြည်သွားရင်ရော သူတို့ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာစိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Drama / Mystery ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်.Drama / Mysteryလို့သတ်မှတ်ထားပေမယ့် အိုင့်အတွက်တော့Romance မှ Romanceစစ်စစ်ပါ🤧 ပြီးတော့ ဒီဇာတ်ကားက ဇာတ်လမ်းသရုပ်ဆောင် ဘာတစ်ခုမျှ အပြစ်ပြောစရာမရှိ ကြည့်လို့တကယ်ကောင်းရဲ့သားနဲ့ underrated ဖြစ်ခဲ့လို့ တကယ်နှမြောမိပါတယ်ကဲ ဒီဇာတ်ကားက တကယ်ပဲ underrated ...
movie

Birth (2004)

Under the Skin (2013) 6.3
Under the Skin (2013) Under the Skin (2013)IMDb - 6.3/10_____Rotten - 85%  စကားလက်ဂျိုဟန်ဆန်ရဲ့ Lucy (2014) ဇာတ်ကားကို ကြည့်ဖူးကြမယ်ထင်ပါတယ်...ဇာတ်လမ်းအဆုံးမှာ Lucy တစ်ယောက် ဘယ်ကို လွတ်မြောက်သွားသလဲ....အခုတော့ ဘယ်ရောက်နေလဲ သိပါပြီ...Lucy တစ်ယောက် Under The Skin ဇာတ်ကားထဲရောက်လာပြီး လုပ်ချင်ရာလုပ်နေပါတယ်.....:Pဒါကတော့ Under The Skin ဇာတ်ကားကို ပေါ့ပေါ့ပါးပါး မိတ်ဆက်ပေးတာပါ။တကယ်တော့ ဒီဇာတ်ကားဟာ ခင်ဗျားကို လေးလံမှု အပြည့်ပါတဲ့ ထိုင်းမှိုင်းမှုတွေနဲ့ အာရုံထွေပြား ဒွိဟတချို့ကိုသာ သယ်ဆောင်လာပေးမှာပါ။ကျွန်တော်ဒီလိုပြောနေလဲ ခင်ဗျားတို့ကတော့ Scarlett Johansson ကြောင့် ဒီဇာတ်ကားကို ကြည့်ချင်နေပြီမလား...သူကလဲ ဒီဇာတ်ကားမှာ အတော်ဟော့ပါတယ်။Poster နဲ့ Scarlett Jo ကိုတွေ့ပြီး ကျွန်တော့်လိုပဲ ခင်ဗျားတို့လဲ ဇာတ်လမ်းကို အမှတ်မရှိ ကြည့်ကြပါဦးမယ်..ကျွန်တော်ကတော့ ဒီဇာတ်ကားကို ခင်ဗျားတို့ဆီ သယ်ဆောင်လာရတာ အတော်ကို ကျေနပ်နေပါတယ်။ဇာတ်ကားကြည့်ပြီး ဘာမှန်းမသိတဲ့ ...
movie

Under the Skin (2013)

2013