Channel Myanmar

Josh McLaglen

Constantine (2005) 7.0
Constantine (2005) Constantine (2005)_______IMDb - 7.0/10  ဒီနေ့တင်ပေးမယ့် ဇာတ်ကားကတော့ CM ပရိတ်သတ်တို့ ဂွတ်ရှယ်အကြိုက်တွေ့မယ့်ဇာတ်ကားပါပဲ မက်ထရစ်နဲ့ speed စတဲ့ ဇာတ်ကားတို့အပြင် မကြာသေးခင်ကထွက်ထားတဲ့ John Wick ဇာတ်ကားတို့ရဲ့သရုပ်ဆောင် ကမ္ဘာကျော်မင်းသား Keanu Reeves ရဲ့ ခပ်မိုက်မိုက်ဇာတ်ကားတစ်ကားပါ 2005 ခု နှစ်မှာထွက်ရှိထားပြီး ဒါရိုက်တာ Francis Lawrence က ရိုက်ကူးပြီး ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာရိုက်ကူးခဲ့တာ ရုပ်ရှင်အတွက် ပြန်ရတဲ့ငွေကတော့ ဒေါ်လာ သန်း ၂၃၀ ပဲဖြစ်ပါတယ် IMDb Rating မှာလည်း 7.0 ရရှိထားပါတယ်.. ဇာတ်လမ်းပုံစံကတော့ ဂျွန်ကွန်စတန်တင်းဟာ နတ်ဆိုးတွေကိုအမဲလိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်.. မကောင်းဆိုးဝါးတွေ..ကြားထဲမှာပဲ သူ့ဘဝကိုရှင်သန်ပြီး..သူလုပ်ခဲ့တဲ့ အရာတွေကြောင့်သူသေရင် ငရဲကိုသာ သွားရလိမ့်မယ်ဆိုတာကို သူကိုယ်တိုင်လည်းသိပါတယ်..ဆေးလိပ်အရမ်းသောက်တာကြောင့် အဆုတ်တခုလုံးစုတ်ပြတ်သတ်နေပြီး သေဖို့အချိန်ကလည်းနီးကပ်နေပါပြီ..ကွန်စတန်တင်းဟာ သူသေရင် ငရဲအစားကောင်းကင်ဘုံကို တက်ရဖို့အတွက်..စွန့်စားမှုတခုကို အမြဲတမ်းလိုက်ရှာပြီး လုပ်ဖို့ကြိုးစားနေပါတယ်..သူ့ရဲ့ဝိဉာဉ်ဟာငရဲနဲ့ပဲသက်ဆိုင်တယ်လို့ မကောင်းဆိုးဝါးတွေကလည်း ယူဆတဲ့အတွက် သူ့ကိုအမျိုးမျိုးသတ်ဖို့ကြိုးစား..စိတ်အနှောက်အယှက်ပေးနေကြပါတယ်. တစ်နေ့မှာ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ညီမဖြစ်သူကို မကောင်းဆိုးဝါး နတ်ဆိုးတွေလိုက်လံနှောက်ယှက်တဲ့အခါမှာ..ဂျွန်ဟာ အဲ့အမျိုးသမီးဘက်ကနေ ကူပါတော့တယ်.. ကောင်းကင်တမန် ..နဲ့..နတ်ဆိုးတွေ..အပြင်..နတ်ဆိုးဘုရင် လူစီဖာ နဲ့ပါ..ပါဝင်ပတ်သတ်မှုတွေနဲ့အတူ ဂျွန် ကွန်စတန်တင်းရဲ့ စွန့်စားမှုတွေ..ခပ်မိုက်မိုက်ရိုက်ချက်တွေကို ဆက်လက်ရှုစားကြပါFile ...
movie

Constantine (2005)

2005
The Island (2005) 6.8
The Island (2005) IMDb Rating (6.8/10) ရရှိထားတဲ့ Action, Sci-Fi, Thriller  အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။မင်းသား မက်ဂရီဂေါနဲ့ မင်းသမီး စကားလတ်ဂျိုဟန်ဆန်တို့ အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ စိတ်ဝင်စားဖွယ်ရာပါ။Lincoln Six Echo လို့အမည်ရသူဇာတ်ဆောင်မင်းသားဟာ ဘဝသေတစ်ခုမှာ နေ့စဉ်ရှင်သန်မှုတွေကို သံသယဝင်လာပြီးနေထိုင်ကျက်စားရာ တားမြစ်နယ်မြေ ပတ်ဝန်းကျင်ကို လေ့လာမွှေနှောက်တဲ့အခါမှာ နည်းပညာစမ်းသပ်မှုတွေကြောက်လန့်ဖွယ်ရာတွေ ရာဇဝတ်မှုတွေကို သိမြင်လာတဲ့အခါမှာတော့ လွတ်မြောက်ဖို့ ကြိုးစားရင်းသူကိုယ်တိုင်ကိုယ်က ဘဝသေတစ်ခုဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာတော့..........။ File size…(5 GB)/(2 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:04 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Poe Thinzar Kyaw
movie

The Island (2005)

Avatar (2009) 7.8
Avatar (2009) Avatar (2) ထွက်ဖို့ရှိတာမလို့ Avatar(2009) ကို Quality Update လိုက်ပါတယ်...Extended Version ကိုမှ 4K IMAX HDR/SDR အရည်အသွေးတွေနဲ့ တင်ဆက်လိုက်ပါတယ်။ (HDR ကိုတော့ ခေတ်ပေါ်ဖုန်းတချို့နဲ့ Android TV တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။) Avatar ကတော့ Titanic ဒါရိုက်တာကြီး James Cameron ရိုက်ထားတဲ့ ရုပ်ရှင်သမိုင်းရဲ့ မှတ်တိုင်ဇာတ်ကားတစ်ကားပါ… ဇာတ်လမ်းအကျဉ်းကတော့ ... လူတွေနေတဲ့ကမ္ဘာအပြင်ဘက်ကပင်ဒိုရာလို့ခေါ်တဲ့နေရာမှာ လူထက်နှစ်ဆကျော်လောက်မြင့်တဲ့မျက်နှာအပြာရောင်၊ နှာခေါင်းပြားပြား၊ မျက်လုံးပြူးပြူး၊ အမြီးပါတဲ့ နာဗီလို့ခေါ်တဲ့လူနဲ့တူတဲ့ဂြိုလ်သားခေါ်မလား၊ တခြားကမ္ဘာကသက်ရှိတွေလို့ခေါ်မလား သူတို့နေကြတယ်။သူတို့တွေမှာ သီးခြားဘာသာ စကားရှိပေမယ့် ရုပ်ရှင်ရိုက်လို့ကောင်းအောင်တချို့တွေကိုတော့ အင်္ဂလိပ်စကားပြောတတ်အောင် ဒါရိုက်တာက ခိုင်းထားတယ်။နာဗီတွေနေတဲ့နေရာက သိပ်လှတယ်။ ဒါရိုက်တာစိတ်ကူးကြောင့်ဒီလိုမြင်ကွင်းတွေ မြင်ခွင့်ရတာဖြစ်တယ်။ မြန်မာတွေအတွက်တော့ ဒီစိတ်ကူးတွေက သိပြီးသားပါ။ဘာသာရေးဆိုင်ရာစာအုပ်ဖတ်တဲ့သူတွေဆိုရင် ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီတွေတရားမွေ့လျော်ရာ နေရာမျိုးတွေပေါ့။ သစ်ပင်တွေ၊ ပန်းမာလ်တွေ၊ ကျေးငှက်သာရကာတွေနဲ့သိပ်ပျော်မြူးဖို့ကောင်းတဲ့နေရာပေါ့။ဒါရိုက်တာကတော့ အမေရိကန်မို့ သူ့စိတ်ကူးထဲက အရုပ်တွေ၊ ...
movie

Avatar (2009)

2009
4K HEVC IMAXHDR
The Scorpion King (2002) 5.5
The Scorpion King (2002) The Scorpion King(ကင်းမြီးကောက်ဘုရင်ကြီး) ဇာတ်ကားဟာ Dwayne Johnson(The Rock) အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ပထမဦးဆုံးဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင်က The Rock ကြီးဟာ The Mummy Returns ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။တကယ်တော့ ကင်းမြီးကောက်ဘုရင်ကြီးဇာတ်ရုပ်ဟာ The Mummy Returns ထဲမှ ဇာတ်ရုပ်ကို ခွဲထုတ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။The Mummy Returns ဇာတ်ကားထဲမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးဟာ တိုက်ပွဲများစွာကို အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဖြစ်ပါတယ်။စစ်ဘုရင်တို့ထုံးစံအတိုင်း နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုမှာစစ်ရှုံးခဲ့ပြီး လက်ကျန်စစ်သည်အနည်းငယ်နဲ့အတူ အာမ်ရှိုင်းယားသဲကန္တာရကြီးကိုဖြတ်သန်း ပြန်လာခဲ့ကြပါတယ်။အာမ်ရှိုင်းယားသဲကန္တာရအလယ်မှာ အစာပြတ်ရေငတ် ဖြစ်ပြီး နောက်ဆုံးမှာတော့ ကင်းမြီးကောက်ဘုရင်ကြီး တစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။ကင်းမြီးကောက်ဘုရင်ကြီးသေဆုံးခါနီးမှာ အမှောင်နတ်ဘုရား အနူးဘစ်နဲ့ အပေးအယူလုပ်ပြီး အသက်ရှင်သန်ခွင့်ရခဲ့ရုံသာမက အနူးဘစ်ရဲ့ စစ်တပ်ကြီးကိုဦးဆောင်ကာ ပိုလို့ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်။The Scorpion King ဇာတ်ကားမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးရဲ့ ငယ်ရွယ်နုပျိုစဉ်အချိန်ကာလကို ရိုက်ကူးထားတာပါ။ မားသရပ်စ် အမည်နဲ့ လူငယ်လေးဘဝမှ ...
movie

The Scorpion King (2002)

2002
Night at the Museum: Secret of the Tomb (2014) 6.2
Night at the Museum: Secret of the Tomb (2014) Night at the Museum: Secret of the Tomb (2014) IMDb - 6.2/10_____Rotten - 47%   ၂၀၀၆ ကတည်းက စတင်အောင်မြင်ခဲ့တဲ့ အမေရိကန်ဟာသဇာတ်လမ်းရဲ့ တတိယမြောက် ဇာတ်လမ်းတွဲဖြစ်သလို နောက်ဆုံးဇာတ်လမ်းလည်းဖြစ်တဲ့ ဇာတ်ကားသစ်အကြောင်း ပြောပြချင်ပါတယ်။၁၉၃၈ တုန်းက ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ဟာ အဖိုးတန်ရှေးဟောင်းပစ္စည်းတစ်ခုကိုရှာဖွေဖို့ အီဂျစ်ဂူသင်္ချိုင်းတစ်ခုကို တူးဖော်ပါတယ်။ ဂူသင်္ချိုင်းထဲကိုကောင်လေးတစ်ယောက် ပြုတ်ကျရာကနေ သူ့ဖခင်နဲ့ အခြားရှေးဟောင်းသုတေသန ပညာရှင်တွေကို လမ်းကြောင်းရှာပေးနိုင်ခဲ့ပြီး ဖာရိုဘုရင်ရဲ့ ကမ္ပည်းထိုးထားတဲ့ရွှေချပ်ပြားကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက်တော့ ရွှေကမ္ပည်းပြားကို နှစ်ပေါင်းများစွာထိန်းသိမ်းထားပါတယ်။ယနေ့ခေတ် နယူးယောက်မြို့က သဘာဝသမိုင်းပြတိုက်ကြီးမှာ အခမ်းအနားကြီးတစ်ခုလုပ်နေပြီး ဒေါက်တာမက်ပီး တက်ရောက်လာတာကို ပြတိုက်လုံခြုံရေးဖြစ်တဲ့ လာရီဒါလေကတွေ့ပါတယ်။ Night at the  Museum အရင်ဇာတ်ကားတွေအတိုင်းပဲ ပြတိုက်က အရုပ်တွေ အသက်ဝင်ပြီး သူတို့အသက်ရှင်စဉ်ကနေခဲ့တဲ့ ပုံစံအတိုင်းနေရင်း ပြတိုက်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေပါတယ်။  အီဂျစ်ဂူသင်္ချိုင်းထဲက ရွှေကမ္ပည်းပြားက နယူးယောက်သဘာဝသမိုင်းပြတိုက်ထဲမှာ ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီပစ္စည်း ...
movie

Night at the Museum: Secret of the Tomb (2014)

2014
Titanic (1997) 7.8
Titanic (1997) Titanic (1997) IMDb - 7.8/10_____Rotten - 89% Won 11 Oscars. Another 113 wins & 83 nominations.  ရူးသွပ်ခဲ့ဖူးတဲ့မင်းသားနဲ့မင်းသမီးတို့ရဲ့ အမိုက်စား ဇာတ်ကား...ရင်နင့်ဖွယ်..အံ့အားသင့်ဖွယ် ရသအဖုံဖုံကိုခံစားခဲ့ဖူးတာပဲမလား..အခုအချိန်မှာတော့ 1080P 5.1 CH နဲ့ တိုက်တန်းနစ်ဇာတ်ကား လေးကို ကြည်ကြည်လင်လင် အသံကွာလတီ ရှယ်ကောင်းကောင်းနဲ့ ပြန်လည်ခံစားဖို့အချိန်တန်ပါပြီ ဒီဇာတ်ကားက မသိတဲ့လူမရှိသလောက်မို့ Movie Review ကိုမရေးတော့ဘဲထူးခြားချက်လေးတွေကို သာဗဟုသုတအလို့ငှာ တင်ဆက်လိုက်ပါတယ်။ Titanic ဇာတ်ကားမှ ထူးခြားအချက်အလက်များ -ဇာတ်ကားထုတ်လုပ်သူ 20th Century Fox နဲ့ Paramount Pictures တို့ကမင်းသားနေရာမှာ Matthew McConaughey ကို သရုပ်ဆောင်စေချင်ပေမယ့်ဒါရိုက်တာ James Cameron က Leonardo DiCaprio ကိုပဲ ဇွတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။-ဇာတ်ကားထဲမှာ အဖြစ်အပျက် အစအဆုံးကို ပြန်ပြောပြသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အဘွားအိုGloria Stuart ဟာ သင်္ဘောမြုပ်တာကို ကိုယ်တွေ့ကြုံခဲ့သူပါ။-Titanic သင်္ဘောကို တည်ဆောက်ခဲ့စဉ်က $7.5 million ကုန်ကျခဲ့ပါတယ်။၁၉၉၇ ခုနှစ်က ...
movie

Titanic (1997)

1997
4K HEVC
The Polar Express (2004) 6.6
The Polar Express (2004) ဒီဇာတ်ကားလေးကို Forrest Gump နဲ့ Cast Away ကို ပဲ့ကိုင်ခဲ့သူ ဒါရိုက်တာ Robert Zemeckis က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။IMDB Rating 6.6 ရှိပါတယ်။အဓိကဇာတ်ကောင်ဖြစ်တဲ့ကောင်လေး၊တခြားဇာတ်ကောင်တွေဖြစ်တဲ့ ကောင်လေးရဲ့အဖေ၊မီးရထားဂတ်ဗိုလ်၊ ဟိုဘို၊ရုပ်သေးရုပ်နဲ့ ဆန်တာ နေရာတွေကို မင်းသားကြီး Tom Hanks ကလည်း အသံကော CGI ဇာတ်ကောင်အနေနဲ့ပါ သရုပ်ဆောင်ပေးခဲ့ပါတယ်။ဇာတ်လမ်းလေးက ခရစ်စမတ်အကြိုညတစ်ညမှာ မှော်ဆန်ဆန်ရထားကြီးနဲ့ မြောက်ဝင်ရိုးစွန်းဒေသမှာရှိတဲ့ ဆန်တာကလော့စ်ရဲ့ နေရပ်ကိုရောက်သွားတဲ့ ကောင်လေးတစ်ယောက် အကြောင်းပါ။ပျော်စရာတွေဟာ ယုံကြည်မှုရှိသူတစ်ယောက်အတွက် အမြဲရှိနေမယ်ဆိုတာ သိလိုက်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းဆိုပါတော့။မြောက်ဝင်ရိုးစွန်းကိုသွားတဲ့ ဒီခရီး တစ်လျှောက်မှာ ကောင်လေးက သူငယ်ချင်းတွေလည်းရခဲ့သလို ယုံကြည်မှုဆိုတဲ့စကားလုံးကို ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ပါတယ်။ကိုယ့်လူတို့လည်း ခရစ်စမတ်မရောက်ခင် ဇာတ်လိုက်လေးနဲ့အတူ Polar Express ကြီးစီးပြီး ...
movie

The Polar Express (2004)

2004