Channel Myanmar

Kelly Reichardt

Night Moves (2013) 6.0
Night Moves (2013)  IMDb – 6/10 Rotten Tomatoes – 86%အော်ရဂွန်မြစ်ကိုမှီခိုကာလုပ်ကိုင်စားသောက်နေကြတဲ့လယ်သမားတွေ။ စွမ်းအင်အရင်းမြစ်အတွက် မြစ်ပေါ်မှာအထပ်ထပ်ဆောက်ထားတဲ့ရေကာတာတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ရေနေသတ္တဝါအပေါ်ဆိုးကျိုးများသက်ရောက်နေလျှက်။ ဇာတ်ကြောင်းကသဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူသုံဦးဟာ အချိန်ယူပြီး စနစ်တကျစီစဉ်ကာ ရေကာတာတွေထဲမှတစ်ခုကို ဖောက်ခွဲဖို့ ကြံစည်ကြတဲ့အကြောင်းပါ။လိုအပ်တဲ့အချိန်၊ငွေကြေးအင်အား၊ လူအင်အားတွေစိုက်ထုတ်ပြီးဖောက်ခွဲရေးကိစ္စကိုအကောင်ထည်ဖော်လိုက်တဲ့အခါဖြစ်လာတဲ့အကျိုးသက်ရောက်မှုတွေက ထင်သလိုမဟုတ်ဘဲကပြောင်းကပြန်တွေဖြစ်ကုန်တယ်။ ဒီကြားထဲ လုပ်ဖော်ကိုင်ဖက်ထဲကတစ်ယောက်က အကျိုးဆက်တွေကို မခံနိုင်ဘဲ ဂဂျောင်ဖတ်ပြီးမလုပ်သင့်တာတွေဆက်လုပ်မိတယ်။ အဲဒီနောက် မီးခိုးကြွက်လျှောက်ဖြစ်ပြီး ရှောင်ရတိမ်းရတယ်။ ဇာတ်လမ်းက စကားပြောခန်းတွေများပြီး ခပ်အေးအေးတန်ပိုနဲ့ပဲသွားပါတယ်။ကင်မရာရိုက်ချက်တွေကလည်း ငြိမ်လွန်းပြီး ကြီးမားတဲ့နိုင်ငံတော်ပုန်ကန်မှုတစ်ခုကိုခပ်ဝေးဝေးကနေအံကြိတ်ပြီးလှမ်းကြည့်နေရတဲ့ ခံစားချက်မျိုးရပါလိမ့်မယ်။ဘာမှမလုပ်ချင်မကိုင်ချင်တဲ့ ခြေခင်းလက်ခင်းသာတဲ့တစ်နေ့မှာအေးအေးလူလူထိုင်ကြည့်လို့ ကောင်းမယ့်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။  File size…1.62GB / 619MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ..... Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing
movie

Night Moves (2013)

First Cow (2019) 7.1
First Cow (2019) Rating 7.1ရရှိထားတဲ့ Western Dramaကားကောင်း တစ်ကားပါ။1820ခုနှစ်လောက်ကို ဇာတ်အိမ်တည်ထားတာပါ။အမေရိကား အနောက်မြောက်ပိုင်းကပြည်နယ်တစ်ခုမှာလက်ရာကောင်းလှတဲ့ထမင်းချက်တစ်ယောက်နဲ့ခရီးသွားတရုတ်တစ်ယောက်တို့ဆုံမိပြီး မိတ်ဆွေတွေဖြစ်သွားပါတယ်။အဲ့ပြည်နယ်ဟာ လူနေမှုအဆင့်အတန်းအရမ်းကို နိမ့်ပါးလွန်းလွန်းလှပါတယ်။ဒါပေမယ့် အကြီးအကဲဖတ်တာကသူ့လက်ဖက်ရည်ထဲမှာခရမ်ထည့်သောက်ချင်လို့နွားနို့လိုတဲ့အတွက်မျိုးကောင်းမျိုးသန့်နွားမကို ဝယ်ယူလိုက်ပါတယ်။အဲ့ပြည်နယ်မှာ အရင်ကမရှိခဲ့ဖူးတဲ့ နွားမတစ်ကောင်ရောက်လာတဲ့အချိန်မှာတော့ ......Dramaကြိုက်နှစ်သက်သူတွေအတွက် စီးမြောကြည့်ရှုလို့‌ကောင်းမယ့်ကားလေးတစ်ကားပါ။ File Size : ( 1 GB , 362 MB) Quality : WEBRip 720p Running Time : 2 hr 02 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin 
movie

First Cow (2019)