Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kerry Harris
3.7
Dreamkatcher (2020)
Dreamkatcher 2020 မြန်မာစာတန်းထိုး ========================= -အိပ်မက်ဖမ်းအဆောင်တွေအကြောင်း စိတ်ဝင်စားသူတွေ ဒီရုပ်ရှင်ကားကို သဘောကျလိမ့်မယ်ထင်ပါတယ်။ Dreamcatcher သို့မဟုတ် Dream capture တွေကို အမေရိကန်မှာပထမဆုံးရှိခဲ့တဲ့လူမျိုးစုတွေက ကလေးပုခက်တွေပေါ်မှာ အကာအကွယ်သဘောနဲ့ပြုလုပ်ခဲ့ကြပါတယ်။ အိပ်မက်တွေဟာ အပြင်ဘက်ကနေရောက်လာကြပြီး မကောင်းတဲ့အိပ်မက်ဆိုးတွေဟာ ဒရင်းကက်ချာရဲ့ကွန်ရက်မှာငြိတွယ်ပြီး မနက်မိုးလင်းတော့ နေရောင်ထဲမှာပျောက်ကွယ်သွားကြလိမ့်မယ်တဲ့။ သူတို့သုံးခဲ့တဲ့အမွှေးတွေကို မြင်းလိုအကောင်တွေဆီက ယူတယ်။ အသေကရလား အရှင်ကရလား မသိနိုင်တဲ့ဒရင်းကက်ချာတွေဟာ တိရစ္ဆန်တွေရဲ့ဝိညာဥ်ကိုပဲ အကာကွယ်အနေနဲ့ယူတာလား သူတို့ပဲသိနိုင်မယ်ထင်ပါတယ်။ နောက်ပြီး အဆောင်မှာသင်္ကေတတွေက အရေးကြီးပါတယ်။ ငါးထောင့်ကြယ်ကို အတည့်ဆွဲရင် မကောင်းတဲ့အရာတွေကို ကာကွယ်တဲ့ကောင်းတဲ့ပစ္စည်းဖြစ်ပြီး စောင်းပြီးဆွဲမိရင်တော့ နတ်ဆိုးသင်္ကေတဖြစ်သွားသလိုမျိုး အိပ်မက်ဖမ်းအဆောင်တွေပေါ်က ကွန်ရက်တွေဟာလည် း လုပ်ထားတဲ့ကွန်ရက်က အချိုးညီ၊ မညီပေါ်မူတည်ပြီး အကောင်းအဆိုးခွဲခြားနိုင်ပါတယ်။ဒီရုပ်ရှင်ထဲက အဆောင်ကို အပြင်မှာလည်းမြင်ဖူးကြမယ်ထင်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့- အိပ်မက်ဆိုးတွေမက်တဲ့ကလေးတစ်ယောက်ဟာ သူ့အိပ်မက်ဆိုးတွေ ရပ်ပစ်ဖို့"သူ့ပုံကြည့်ရတာ တစ်ခုခုပဲ" လို့ဆိုရလောက်တဲ့ ဘေးအိမ်က အဘွားကြီးဆီကနေ ဒရင်းကက်ချာခိုးခဲ့ပါတယ် ဇာတ်လမ်းကပုံမှန်ကြည့်နေကြ Horror ရုပ်ရှင်တွေလိုမအီပဲ (တစ်နာရီ ၂၅မိနစ်ပဲ ကြာလို့လည်းဖြစ်နိုင်ပါတယ်)ရေကန်ကြီးရယ်၊ Country road လို့ခေါ်နိုင်တဲ့လမ်းတွေ၊ တောင်ပေါ်က လျှောက်လမ်းလေးတွေ၊ စပါးကျီတွေက ကြည့်နေရင်း ဘယ်လိုပြီးသွားမှန်းတောင်မသိနိုင်အောင် ကြည့်သူကိုဖမ်းစားနိုင်ပါတယ်။ဇာတ်လမ်းအကူးအပြောင်းက အကောင်းဆုံးဆိုတဲ့Horror တွေလောက် ...
movie
Dreamkatcher (2020)