Channel Myanmar

Kevin Fair

A Season for Family (2023) 7.0
A Season for Family (2023) A Season for Family (2023) ==================== IMDb Rating - 7.0/10မက်ဒီဟာ မြို့ကြီးကဟိုတယ်တစ်ခုမှာအလုပ်လုပ်ပြီး ခရစ်စမတ် အားလပ်ရက်ရာသီမှာတော့ သူ့ရဲ့မွေးစားသားငယ်နဲ့အတူမွေးရပ် မြေနယ်မြို့လေးဆီပြန်လာခဲ့ပါတယ်။အဲ့ဒီမြို့မှာ သူ့မွေးစားသား ကိုဒီရဲ့ညီအရင်းတစ်ယောက်ရှိနေတယ်ဆိုတာ သိထားရပြီး အဲ့ဒီ ဆန္ဒကို ခရစ်စမတ်လက်ဆောင်အဖြစ်ဖြည့်ဆည်းပေးချင်တဲ့ရည် ရွယ်ချက်လည်း သူ့မှာရှိနေပါတယ်။မြို့ကိုရောက်ရောက်ချင်းနေ့  နှင်းလွှာလျှောစီးပစ္စည်းတွေရောင်း တဲ့ဆိုင်မှာ ဆိုင်ရှင်အမျိုးသားနဲ့အဖွဲ့ကျရင်းနှီးခဲ့ပြီး မကြာမကြာဆုံ ဖြစ်သလို ရင်းနှီးမှုတွေတိုးလာရာကနေ သူ့မွေးစားသား ဝက်စလေ ရဲ့ညီအရင်းဖြစ်သူဟာ အဲ့ဒီဆိုင်ရှင်အမျိုးသားရဲ့မွေးစားသား ကိုဒီ ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ ညီအစ်ကိုနှစ်ဦးကိုပြန်ပေါင်းစည်း စေချင်တဲ့ သူ့ဆန္ဒအလွယ်တကူပြည့်ဝလေမလား၊ ဘယ်လိုအခက် အခဲတွေကြုံဆုံနိုင်စရာရှိလာမလဲ။တစ်ကားလုံး christmas vibes တွေအပြည့်နဲ့၊ကြည်နူးနွေးထွေး စရာချစ်ခြင်းမေတ္တာတွေနဲ့ထုံမွှမ်းနေတဲ့ ဗီလိန်မရှိတဲ့ ဒီခရစ်စမတ် ဇာတ်လမ်းလှလှလေးထဲမှာရှုမြင်ခံစားကြည့်လိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.39 GB) / (564 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 30Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Alias Encoder..........SWM
movie

A Season for Family (2023)

2023
Checkin’ It Twice (2023) 7.0
Checkin’ It Twice (2023) Checkin' It Twice (2023) ================== IMDb Rating - 7.0/10ခရစ်စမတ်နားနီးလာပြီဆိုတော့ ခရစ်စမတ် အချစ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရေခဲပြင် ဟော်ကီ ကစားသမား ဘရစ်နဲ့ အိမ်ခြံမြေအကျိူးဆောင် အက်ရှလေတို့ နှစ်ယောက်သား ခရစ်စမတ်ပိတ်ရက်ပြန်ကျရင်းနဲ့ မြို့တစ်မြို့မှာ သွားစုံမိရင်း အကြောင်းကြောင်းတွေကြောင့် ရင်းနှီး ဖို့အကြောင်းဖန်လာခဲ့သည်ပေါ့။တခြားအချစ်ဒရမ်မာကားတွေလို မဟုတ်ပဲ အသက် ၃၀ ကျော် အပျိုကြီး လူပျိူကြီး စာရင်းထဲဝင်ဖို့ ဆိုင်းပြင်းနေတဲ့ လူနှစ်ယောက် ကြားက ဇာတ်လမ်းလေးပေါ့။ နှစ်ယောက်သားရဲ့ ဘဝအခြေအနေ ဇာတ်ကြောင်းတွေနဲ့ မိသားစုနွေးထွေးမှုလေးတွေကို စုပေါင်းတင် ဆက်ထားတဲ့ ကားလေးဖြစ်လို့ အေးအေးဆေးဆေးလေးနဲ့ ခရစ်စ မတ်အချစ်ကားလေး ခံစားချင်သူတွေအတွက် သင့်တော်တဲ့ ကား ကောင်းလေးတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.82 GB) / (672 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Thetti Tun Encoder..........SWM
movie

Checkin’ It Twice (2023)

2023
Taking a Shot at Love (2021) 7.4
Taking a Shot at Love (2021) အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ January 2 ရက်နေ့မှပူပူနွေးနွေးထွက်ရှိထားတဲ့ Taking a Shot at Love ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုတော့ ဒီလိုလေးနဲ့အစပြုထားပါတယ်ရေခဲပြင်ဟော်ကီကစားသမားဖြစ်တဲ့ ရိုင်ယန်ကုဖ့်ပါဟာ ရေခဲပြင်ဟော်ကီမှာတော့ နာမည်ကြီးတဲ့အကျော်အမော်ကစားသမားတစ်ဦးပါရိုင်ယန်လိုအားကစားသမားတစ်ဦးအတွက် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ တွေးတောင်မတွေးဝံ့တဲ့ အိပ်မက်ဆိုးတစ်ရပ်ပဲဖြစ်ပါတယ်ဒါပေမယ့်ကံကြမ္မာဟာ ရိုင်ယန်အပေါ်မျက်နှာသာမပေးခဲ့ပါဘူး တစ်နေ့ ရိုင်ယန်တစ်ယောက် ဟော်ကီကစားရင်း ခြေချင်းဝတ်ကိုထိခိုက်မိခဲ့ရာမှ သူအနှစ်သက်ဆုံးဟော်ကီကစားနည်းကိုလက်လွှတ်ရမလို ဖြစ်ခဲ့ရပါတယ်ဒီလိုနဲ့ခြေချင်းဝတ်ဒဏ်ရာရတဲ့ရိုင်ယန်တစ်ယောက် သူရဲ့ညီဝမ်းကွဲဖြစ်တဲ့တယ်ရီနဲ့ဆက်စပ်မိပြီး အေဗွန်မြို့မှ ဘဲလေးဆရာမဂျန်နာထံမှာ ခြေချင်းဝတ်ဒဏ်ရာကုသရန် အကြောင်းဖန်လာပါတော့တယ်ဂျန်နာဆိုသူမှာလည်း ရိုင်ယန်ကုဖ့်ပါလိုမျိုး ခြေချင်းဝတ်ဒဏ်ရာကြောင့် သူမရဲ့ပရော်ဖက်ရှင်နယ်ဘဲလေးကချေသည်ဘဝကို လက်လွှတ်ခဲ့ရသူပါဒါပေမယ့်သူမဟာ သူမတတ်ကျွမ်းတဲ့ဘဲလေးအကကိုသုံးပြီး ခြေချင်းဝတ်ဒဏ်ရာကို ပျောက်ကင်းအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်ကုထုံးတွေအများကြီးရှိတဲ့အထဲမှာ ဘဲလေးအကကုထုံးကိုသုံးပြီး ကုသပေးတာဆို​တော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီလိုနဲ့ဂျန်နာတစ်ယောက် ဘဲလေးကုထုံးကိုသုံးပြီး ရိုင်ယန်ကိုဘယ်လိုတွေကုသပေးမလဲ.....နှစ်ဦးကြားမှာလည်း ဘယ်လိုသံယောဇဥ်ကြိုးလေးတွေ ရစ်နှောင်သွားမလဲဆိုတာတွေကို စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ရှင်ရိုင်ယန်အနေနဲ့ မင်းသား Luke Macfarlaneကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးချော Alexa Penavega က ဂျန်နာအဖြစ် ပါဝင်အားဖြည့်သရုပ်​ဆောင်ထားပါတယ်Rating အနေနဲ့ကလည်း 7.4/10ရရှိထားတော့ အားလုံးသဘောတွေ့မယ့် romantic movie လေးဖြစ်မယ်လို့ မျှော်လင့်မိပါတယ်အညွှန်းနှင့်ဘာသာပြန်ဆိုသူ ...
movie

Taking a Shot at Love (2021)

2021