Channel Myanmar

Kim Jong-kwan

Shades of the Heart (2021) 6.6
Shades of the Heart (2021) Shades Of The Heart (2021)ဟိုးအရင်တုန်းက လှည်တန်းခုံးကျော်တံတားဘေးမှာ အကိုင်းသက်သက်နဲ့ ကြေကွဲစရာကောင်းအောင်လှတဲ့ သစ်ခြောက်ပင်အိုကြီးရှိခဲ့ဖူးတယ်။ကဗျာမှာဆို သစ်ခြောက်ပင်ဟာ ညှိုးငယ်ကျန်ရစ်သူပေါ့။ သစ်ရွက်ကလေးတွေဟာ သူ့ကိုစွန့်ခွာသွားခဲ့တာ ကြာပြီ။ပျင်းပျင်းရိရိဖြစ်မိတဲ့ ညနေတွေဆို ကျွန်တော်အဲ့ဒီသစ်ခြောက်ပင်ကြီးကို တမော့တမော ထိုင်ငေးခဲ့ဖူးတာပေါ့။ဘာစကားလုံးမှ မပါဘဲကို အဲ့ဒီသစ်ခြောက်ပင်ကြီးဟာ ကျွန်တော့်ရဲ့ ညနေတွေကို မှုန်ရီဝေစေခဲ့ဖူးတယ်။ အဲ့ဒီသစ်ခြောက်ပင်ရဲ့ ရသဟာ ကြေကွဲစရာသက်သက်ပါပဲ။ ဒါပေမဲ့ ဘာရယ်ကြောင့်လဲမသိ။ အဲ့ဒီသစ်ခြောက်ပင်ရဲ့ ကြေကွဲရတဲ့ အရသာကို ကျွန်တော်ခုံမင်ခဲ့တယ်။ နောက်နှစ်တွေကျတော့ သစ်ခြောက်ပင်ကြီးရဲ့ အကိုင်းတွေ မရှိတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှတ်ညဏ်ထဲမှာတော့ တစ်ခါတလေ သစ်ခြောက်ပင်ကြီးရဲ့ အကိုင်းတွေကို မြင်မက်မိနေတုန်း။ မြင်မက်မိလေတိုင်းလည်း ‌မှုန်ရီဝေနေတုန်း။ဒီရုပ်ရှင်ဟာလည်း စကားလုံးတွေ ရီဝေမျက်လုံးတွေနဲ့ တည်ဆောက်ထားတဲ့ သစ်ခြောက်ပင်တစ်ပင်ပါပဲ။ ရုပ်ရှင်မှာ အဓိကဇာတ်ကောင်ဟာ လူတစ်ယောက်ပြီးတစ်ယောက်နဲ့ စကားပြောနေရင်းတင် ပြီးသွားတယ်။သို့ပေမဲ့ လူတွေနဲ့ စကားပြောတာထက် ဒဏ်ရာတွေနဲ့စကားပြောတယ်လို့ ပြောရင် ပိုမှန်လောက်မယ်။ သူ့ဒဏ်ရာတွေ သူပွေ့ပိုက်ရင်း တခြားသူ ဒဏ်ရာတွေကို နားထောင်တာကို ကျွန်တော်တို့ကြည့်ရင်း ဒဏ်ရာတစ်ခုခုမှာတော့ ကျွန်တော်တို့ အမာရွတ်တွေဟာ တဆစ်ဆစ်နာလာနိုင်ကောင်းရဲ့။ပြန်တွေးကြည့်ကြရင် ငါ့ရှင်သန်မှုဟာ အိပ်မက်တစ်ခုလား တကယ့်အရှိလားလို့ ခံစားမိဖူးကြမှာပေါ့။ ကြားဖူးတယ် ..... အမာရွတ်တွေဟာ ကျွန်တော်တို့ အတိတ်တွေဟာ အစစ်အမှန်ဖြစ်ခဲ့တယ်ဆိုတာကို အမှတ်ရစေနိုင်မယ့် စွမ်းအားမျိုးရှိတယ်တဲ့။ ဒီလိုဒဏ်ရာသက်သက် ရုပ်ရှင်တွေကို ဘာလို့ တပ်မက်သလဲမေးလာရင် ကျွန်တော့်အဖြေက ဖော်ပြပါအတိုင်းပါပဲ။(အမှန်ပြောရရင်တော့ ဒီကိုရီယားရုပ်ရှင်ဟာ သမားရိုးကျ ကိုရီယားရုပ်ရှင်ပရိတ်သတ်တွေ အတွက် ...
movie

Shades of the Heart (2021)

2021
The Table (2016) N/A
The Table (2016) ကျွန်တော်တို့အားလုံးကော်ဖီဆိုင်မှာထိုင်ဖူးကြတယ် လမ်းဘက်ကိုမြင်ရတဲ့ထိုင်ခုံလေးမှာပေါ့ ကော်ဖီလေးသောက်ရင်းလမ်းပေါ်ကိုငေးရတာ သိပ်အရသာရှိတယ်မဟုတ်လား ဒီကားလေးကလဲဒီလိုပါပဲ The Tableဆိုတာက ကော်ဖီဆိုင်လေးက မှန်ပြတင်းပေါက်နားက လူနှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်ရတဲ့ ခုံလေးကိုရည်ညွှန်းတာပါ.. ဒီဇာတ်ကားလေးက အဲ့ဒီထိုင်ခုံလေးမှာလာထိုင်ရင်းတွေ့ကြ စကားစမြည်ပြောကြတဲ့ လူသား၈ယောက်အကြောင်းကိုရိုက်ထားတာပါ ဒီထိုင်ခုံလေးမှာထိုင်ပြီး.ငယ်ရည်းစားစုံတွဲစကားပြောခဲ့ကြတယ် ဒီထိုင်ခုံလေးကနေ အချစ်တစ်ခုရှာတွေ့သွားကြတယ် ဒီထိုင်ခုံလေးကနေ ... ဒီထိုင်ခုံလေးကနေ... ထိုင်ခုံလေးရဲ့တစ်နေ့တာကိုကျွန်တော်တို့ခံစားရအောင်ရိုက်ပြထားတဲ့ ဒီဇာတ်လမ်းဟာ တွေးရင်တွေးသလို သင့်ခံစားမှုကိုလှုံဆော်ပေးပါလိမ့်မယ် ဒီကားဒါရိုက်တာကလဲဒီခံစားမှုကိုပေးချင်တဲ့ပုံစံပါပဲ ကျွန်တော်တို့က ဒီထိုင်ခုံလေးမှာထိုင်ခဲ့တဲ့လူသား၈ယောက်ရဲ့ ဘဝတစ် စိတ်တစ်ပိုင်းကိုပဲသိရမှာပါ ဒါပေမယ့် တစ်တွဲထပြန်သွားတိုင်း အတွေးတွေကျန်ခဲ့ပါလိမ့်မယ် ငယ်ငယ်ကချစ်ခဲ့တဲ့ ငယ်ရည်းစားနဲ့အချိန်တွေကြာပြီးမှ ဒီဆိုင်လေးမှာ စကားပြောဖြစ်ခဲ့ရင် သင်တို့ရောဘာစကားတွေစပြောမလဲ? ဒီရုပ်ရှင်ကားကို Wai Zin က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie

The Table (2016)

2016