Channel Myanmar

Kim Min-ho

Unstoppable (2018) N/A
Unstoppable (2018) ဒုန်ချွဲ နဲ့ ဂျီဆူး တို့ဟာ သာယာပျော်ရွှင်နေတဲ့ ဇနီးမောင်နှံဖြစ်ပြီး အေးအတူ ပူအမျှ နေတက်ကြသူတွေပါ ဒုန်ချွဲ က အရမ်းရိုးသားလွန်းတော့ အမြဲတမ်းလူလိမ်ခံရပါတယ် ချစ်ဇနီးလေး ဂျီဆူး အချိန်ပြည့်အလုပ်လုပ်နေရတာ မကြည့်ရက်တဲ့အတွက် သူကိုယ်တိုင်လဲ အပင်ပန်းခံပြီး ပိုက်ဆံရှာနေရပါတယ်... ဒုန်ချွဲဟာ ဂျီဆူး နဲ့ မတွေ့ခင်တုန်းက လူတိုင်းတုန်လှုပ်ရတဲ့ အတိုက်အခိုက်သမား တစ်ယောက်ဖြစ်ပြီး မတရားတာမြင်ရင် မနေတက်သလို စိန်ခေါ်ရင် ရေမြေဆုံးထိ လိုက်တက်သူပါ မိန်းမ ရပြီးမှ အရင်လို မဟုတ်တော့ပဲ ငါးရောင်းပြီး အေးဆေးနေတက်သူ ဖြစ်သွားခဲ့တာပါ... တစ်ရက်မှာတော့ ဒုန်ချွဲ တို့ ဇနီးမောင်နှံဆီကို ကံကြမ္မာဆိုး တစ်ခု ၀င်ရောက်လာပါတယ်... ဒုန်ချွဲ ငွေတွေ အလိမ်ခံရလို့ နှစ်ယောက်သား စကားများကြပြီး ဂျီဆူး က အိမ်ကို အစောကြီး ပြန်သွားခဲ့ပါတယ်.... စိတ်ကောက်နေတဲ့ ဂျီဆူး ကိုချော့ဖို့ ဒုန်ချွဲ ရောက်လာခဲ့ပေမဲ့ နောက်ကျသွားခဲပါပြီ အိမ်ထဲထိ ၀င်ရောက်ပြီး လူဆိုးဂိုဏ်းတစ်ခုက ဂျီဆူး ကို ပြန်ပေးဆွဲသွားခဲ့ပါတယ်.... ဒုန်ချွဲ တစ်ယောက် ရဲတိုင်ခဲ့ပေမဲ့ တကယ်အလုပ်မလုပ်တဲ့ ရဲတွေကြောင့် မိန်းမ ဖြစ်သူကို ကိုယ်တိုင်လိုက်ရှာဖို့ အမှောင်လောက ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သော် အခါ... ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ ThinZar Htet ဖြစ်ပါတယ်
movie

Unstoppable (2018)

2018