Channel Myanmar

Kimo Stamboel

Killers (2014) 6.4
Killers (2014) Killers (2014) " Sound Error FIXED!!! " ~ IMDb - 6.4/10, Rotten Tomatoes - 73% ~အင်ဒိုနဲ့ ဂျပန် ဖက်စပ်ကားလေးဖြစ်ပြီး IMDb - 6.4/10 အထိ ရရှိထားတဲ့ Action, Crime ကားကောင်းတစ်ကားပေါ့။Nomura ကတော့ လူတိုင်းကို သူ့ရဲ့သားကောင်လို့မြင်တတ်တဲ့ စိတ္တဇ ကွင်းဆက်လူသတ်သမားတစ်‌ယောက်ဖြစ်ပြီး သူ ကြမ်းကြမ်းတမ်းတမ်း သတ်ဖြတ်တာတွေကို ကင်မရာနဲ့ရိုက်ကူးပြီး အင်တာနက်ပေါ် တင်လေ့ရှိတယ်။ အင်ဒိုနီးရှား ဂျကာတာမြို့က ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Bayu ကတော့ သူဆောင်းပါးရေးတဲ့ အကျင့်ပျက်ခြစားသူကြောင့် အလုပ်အကိုင်လည်းပျက်၊ မိသားစုဘဝပါ ပျက်စီးခဲ့ရသူ။ တစ်နေ့မှာ Nomura တင်တဲ့ Video ကိုကြည့်မိပြီး သူ့ရဲ့စိတ်ခံစားချက်တွေ မသိမသာပြောင်းလဲသွားတယ်။ မတော်တဆမှုတစ်ခုဖြစ်ရာကနေ သူကိုယ်တိုင် လူသေမှုကို ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ်တင်ပြီး ခံစားပါတော့တယ်။ဒီလိုနဲ့ Nomura နဲ့ ...
movie

Killers (2014)

2014
Dreadout: Tower of Hell (2019) 5.7
Dreadout: Tower of Hell (2019) အရှေ့တောင်အာရှရုပ်ရှင်စျေးကွက်မှာ ထိုင်း၊အင်ဒိုနီးရှား နိုင်ငံများရဲ့ရုပ်တွေက တော်တော်လေးလေးပေါက်ပေါက်ရောက်ရောက်ရှိပါတယ်။သရဲကားဆိုရင်လည်း ထိုင်း၊ အင်ဒို၊ မလေးရှား အစရှိတဲ့ဇာတ်ကားတွေသာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ဒီတစ်ခါမှာတော့ မကြာခင်ကမှထွက်ရှိထားတဲ့ အင်ဒိုနီးရှားသရဲကား DreadOut ကိုတင်ဆက်ပေးချင်ပါတယ်။Jump scare တွေများများစားစားမပါဘဲ အဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့် Horror ကားမျိုး ကြည့်ချင်သူတွေဆိုရင် ဒီကားကိုကြည့်ဖို့ လက်တို့ပါရစေ။ဇာတ်လမ်းအကျဉ်းကတော့... Jessica, Beni, Dian တို့သုံးယောက်က အထက်တန်းကျောင်းသူ/သား တွေပါ။မျက်မှောက်ခေတ်ဆယ်ကျော်သက်တွေရဲ့ထုံးစံအတိုင်း Social Network တွေရဲ့လွှမ်းမိုးမှုကို အကြီးအကျယ်ခံထားရတဲ့သူတွေပေါ့။သူတို့သုံးယောက်က Social Network ပေါ်မှာ ပေါ်ပြူလာဖြစ်ချင်တာကြောင့် နှစ်အတော်ကြာစွန့်ပစ်ထားတဲ့ တိုက်အိုကြီးပေါ်သွားပြီး Live လွှင့်ကာ Follower ရှာဖို့ကြံကြပါတယ်။အဲဒီမှာ Alex ဆိုတဲ့ခပ်ရမ်းရမ်းကျောင်းသားတစ်ယောက်ရယ်၊ Erik ဆိုတဲ့စော်ကြည်ဘဲတစ်ယောက်ကိုပါ ချောဆွဲကြပါတယ်။နောက်ထပ်ချောဆွဲခံလိုက်ရတာက Linda၊ Linda က သူတို့တွေရဲ့ ဂျူနီယာတစ်ယောက်၊ မိသားစုအဆင်မပြေလို့ စတိုးဆိုင်မှာ ကျောင်းတစ်ဖက်နဲ့အလုပ်လုပ်နေရတဲ့သူ။သူ့ကိုခေါ်ရတဲ့အကြောင်းအရင်းက တိုက်အိုကြီးရဲ့အစောင့်နဲ့ ရင်းနှီးတာကြောင့် သူတို့အသာတကြည်ဝင်ခွင့်ရအောင် ခေါ်ချင်တာ။Linda ...
movie

Dreadout: Tower of Hell (2019)

2019
Head Shot (2017) 7.3
Head Shot (2017) ဘ၀မှာမိသားစုဆန်တဲ့ ကြင်နာယုယမှု နွေးထွေးမှုမရှိပဲ မကောင်းမှုတွေကြားထဲမှာသာ ကြီးပြင်းလာတဲ့ကောင်လေး တစ်ယောက်ဟာ တစ်နေ့တော့ သူတို့အဖွဲ့ရဲ့ လက်ချက်နဲ့ ဦးခေါင်းမှသေနတ်ဒဏ်ရာရပြီး ဆေးရုံကိုရောက်လာပါတယ် ဆေးရုံရောက်လာတော့ ခေါင်းကဒဏ်ရာကြောင့် အတိတ်မေ့ပြီး ဘ၀မှာမကြုံတွေ့ဖူးတဲ့ ဆရာဝန်မလေးရဲ့ နွေးထွေးမှုတွေကိုခံစားမိပြီး တယောက်နဲ့ တစ်ယောက်သံယောဇဉ်တွယ်သွားပါတော့ ထိုအချိန်မှာပဲ အတိတ်က ကျန်ရှိနေခဲ့သေးတဲ့ ပြသနာတွေကြောင့် ဆရာဝန်မလေးဟာ ဓါးစာခံအဖြစ်ဖမ်းဆီးခြင်းခံရပြီး ဘ၀မှမကြုံတွေ့ဖူးတဲ့ အချစ်ကိုစတင်ခံစားရချိန်မှာ အခုလိုဖြစ်သွားခဲ့တော့ မင်းသားခမျာ ရင်ဝကို မီးစနဲ့ထိုးသလို ဖြစ်ပြီး ဒိန်းတလိန်းနတ်ပူးပြီး မင်းသမီးကိုလိုက်လံကယ်တင်ပါတော့တယ် ကဲ ပရိတ်သတ်ကြီးရော ဒီကားက သွေးသံရဲရဲ သတ်ခန်းဖြတ်ခန်းတွေကို အားပါးတရကြည့်ရမှာဖြစ်ပြီး အချစ်ဆိုတဲ့ အရာက အရာရာကိုပြောင်းလဲစေနိုင်ကြောင်းကိုလဲ ကြည့်ရမှာဖြစ်ပါတယ် အချစ်ခန်း ကြိုက်ခန်းတွေကိုလဲ ထည့်သွင်းထားတာကြောင့် အလှည့်အပြောင်းလေးတွေနဲ့ ရသပေါင်းစုံ ပါဝင်နေတာကြောင့် ကြည့်ရှူသူများ နှစ်သက်သဘောကျမှာအမှန်ပါပဲ နာမည်ကြီးခဲ့တဲ့ The Raid ထဲက မင်းသား Iko Uwais က ခေါင်းဆောင်ရိုက်ကူးထားတာကြောင့် အက်ရှင်ကား ခပ်ကြမ်းကြမ်းကိုမှ ကြိုက်တယ်ဆိုတဲ့ သူတွေကတော့ လက်မလွတ်တမ်းကြည့်ရှူသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်ဆိုတာကိုတော့ ပြောပြလိုက်ပါရစေဗျာ (ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်ကတော့ ကိုအောင်ပြေ ဖြစ်ပါတယ်ဗျ ) 
movie

Head Shot (2017)

2016