Channel Myanmar

Lakshman

Bhoomi (2021) 4.3
Bhoomi (2021) Bhoomi (2021)ဘူမီနာသန် ဟာ NASA ရဲ့ပထမဆုံး တမီးလ်လူမျိုး အာကာသယာဥ်မှူးဖြစ်ပြီး အင်္ဂါဂြိုလ်ပေါ်ကိုပထမဆုံးဆင်းသက်မယ့်စစ်ဆင်ရေးကို ဦးဆောင်သူဖြစ်ပါတယ်။ အင်္ဂါဂြိုလ်ပေါ်ကို ဆင်းသက်ရုံတင်မကဘဲ အင်္ဂါဂြိုလ်ရဲ့ပတ်ဝန်းကျင်ကို လူသားတွေနေထိုင်နိုင်အောင် စိုက်ပျိုးရေးကိုသုံးပြီး ပြောင်းလဲဖို့အစီအစဥ်ရှိသူဖြစ်ပါတယ်။ ဘူမီဟာ အဲ့စစ်ဆင်ရေးမစခင် ခွင့်တစ်လရလိုက်တဲ့အခါ မိမိရဲ့မွေးရပ်​ဇာတိရွာကလေးကို အလည်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ရွာကိုရောက်တဲ့အခါဆွေမျိုးသားချင်းတွေ သူငယ်ချင်းတွေနဲ့ပြန်တွေ့ခဲ့ပြီး ရွာဟာအများကြီး​တိုးတက်ပြောင်းလဲတာတာကိုတွေ့ခဲ့ရပေမယ့် တစ်နေ့မှာပျက်စီးဆုတ်ယုတ်မှုတွေကိုလည်းတွေ့လိုက်ရပါတယ်။ဘူမီရဲ့ဦးလေးနဲ့တခြားလယ်သမားတွေရဲ့လယ်ယာစိုက်ခင်းတွေဟာ ပျက်စီးယိုယွင်းနေပြီး မြေအောက်ရေတွေကို ကုမ္ပဏီလုပ်ငန်းတွေကသုံးစွဲနေတာမို့ ရေရှားပါးမှုတွေဖြစ်လာပါတယ်။ လယ်သမားတွေဟာအာဏာပိုင်တွေကို အကူအညီတောင်းကြပေမယ့် လျစ်လျူရှုခံ၊ ဖိနှိပ်ခံနေကြရတာကို ဘူမီတွေ့လိုက်ရတဲ့အခါ လယ်သမားတွေရဲ့အခက်အခဲတွေပြေလည်ဖို့ကြိုးစားပါတော့တယ်။ ဘူမီဟာ သူ့ရဲ့ကြိုးစားမှုတွေ​ကိုမလိုလားတဲ့ အာဏာပိုင်တွေကိုရင်ဆိုင်လာရကာ ဆုံးရှုံးမှုတွေကြုံတွေ့ရပြီး သူ့ရွာမှာဖြစ်ပျက်နေတဲ့ပြဿနာတွေဟာ ထင်ထားတာထက် ကြီးမားနက်နဲနေတာကိုသိလိုက်ရပါတယ်။ သူ့ရွာနဲ့သူ့နိုင်ငံရဲ့ရှေ့ရေးအတွက် ဘူမီဟာ အိပ်မက်တွေကိုစတေးပြီး ကုမ္ပဏီလုပ်ငန်းထုတ်ကုန်တွေကို လယ်သမားတွေရဲ့သဘာဝစိုက်ပျိုးရေးထုတ်ကုန်တွေနဲ့အစားထိုးဖို့ကြိုးစားပါတော့တယ်။ ဒီကားဟာ စိုက်ပျိုးရေးနိုင်ငံတွေမှာဖြစ်နေတဲ့ အကြပ်အတည်းတွေကို ပေါ်လွင်အောင်သရုပ်ဖော်ထားပြီး သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းသင့်ကြောင်း ဇွဲမလျှော့ဘဲ ကြိုးစားရင် ဘာမဆိုဖြစ်လာနိုင်ကြောင်း မက်ဆေ့ကောင်းကောင်းပေးထားတဲ့ အိန္ဒိယဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။File size… 1.2GB Quality….WEB-DL 720p Format…mp4 Duration….2hr 8min Subtitle….Myanmar Subtitle (Hardsub) Translator ..... Pyi.T.Nyein Encoder ..... August
movie

Bhoomi (2021)

2021