Channel Myanmar

Lee Chang-hee

The Vanished ( 2018 ) 6.6
The Vanished ( 2018 ) အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့စပိန်ဇာတ်ကား The Body ကို ပြန်လည်ရိုက်ကူးထားတဲ့psychological thriller အမျိုးအစားရုပ်ရှင်လေးပဲဖြစ်ပါတယ်။ထက်မြက်လှပပြီး ကြွယ်ဝချမ်းသာမှုတွေကိုပိုင်ဆိုင်ထားတဲ့ဘာရွန်ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဌ ယွန်းဆိုဟီး(Kim Hee-ae)ဟာရုတ်တရက် သေဆုံးသွားခဲ့ပြီးသူမရဲ့အလောင်းဟာ ထူးဆန်းစွာပျောက်ဆုံးခဲ့ပါတယ်။ပတ်ဂျင်ဟန်( Kim Kang-woo )ဟာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီးဇနီးသည်ယွန်းဆိုဟီးရဲ့ဆေးဝါးကုမ္ပဏီမှာလည်း မန်နေဂျင်းအဖြစ် လုပ်ကိုင်နေသူပါ။ဇနီးသည် ယွန်းဆိုဟီးရဲ့အလောင်း ပျောက်ဆုံးခဲ့ပြီးနောက်မှာတော့လူတိုင်းအားကျနေရတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့သူတို့စုံတွဲရဲ့နောက်ကွယ်က အိမ်ထောင်ရေးအရှုပ်အရှင်းတွေနဲ့အတူယွန်းဆိုဟီးရဲ့ သေဆုံးမှုနောက်ကွယ်ကခင်ပွန်းသည်ရဲ့လုပ်ကြံဆောင်ရွက်မှုတွေကို ပရိသတ်ကြီးရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ဒါ့အပြင် အောင်မြင်ချမ်းသာပြီး လူတိုင်းအားကျရတဲ့သူဌေးစုံတွဲရဲ့လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေကိုဖော်ထုတ်ရင်းစုံထောက် ဝူဂျောင်ရှစ်( Kim Sang- Kyung)တစ်ယောက်သူ့ချစ်သူရဲ့ပျောက်ဆုံးမှုအကြောင်းအရင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ဖော်ထုတ်သွားမလဲဆိုတာကိုပါ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာမို့ဇာတ်လမ်းအဆုံးအထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ထိတ်လန့်ဖွယ်ရာသည်းထိတ်ရင်ဖိုကားလေးတစ်ကားကိုလက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်နော်ဇာတ်ကားထဲမှာပါဝင်တဲ့သူတွေကတော့ယွန်းဆိုဟီးအဖြစ် အခုလက်ရှိ The world of married coupleဇာတ်လမ်းနဲ့ နာမည်ကြီးနေတဲ့ မင်းသမီး Kim Hee-aeပါမောက္ခ ပတ်ဂျင်ဟန်အဖြစ် Kim Kang-wooစုံထောက် ဝူဂျောင်ရှစ်အဖြစ် Kim Sang- Kyung တို့က အဓိကပါဝင်ထားကြပါတယ်။ပရိသတ်အားပေးမှုရရှိထားတဲ့ ဇာတ်ဆောင်တွေရဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ လျှို့ဝှက်သည်းဖိုဇာတ်လမ်းကောင်းလေးဖို့ကြည့်ဖြစ်အောင်ကြည့်ဖို့ မမေ့နဲ့နော်။  Translated ...
movie

The Vanished ( 2018 )