Channel Myanmar

Lee Seung-jun

Limit (2022)
Limit (2022) Limit (2022) ပိုကြည်တဲ့ WEB-DL version ထွက်လာလို့ update ပေးထားပါတယ်ခင်ဗျာ Limit ဆိုတဲ့ Thriller အမျိုးအစား ကိုရီးယား ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ ကလေးတွေကို ပြန်ပေးဆွဲမှုတွေကျူးလွန်နေတဲ့ ပြန်ပေးဂိုဏ်းတစ်ခုကို အသွင်ယူပြီး စုံစမ်းစစ်ဖို့ တာဝန်ပေးခံရတဲ့ ရဲမေ တစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။သူများကလေးတွေကို ကယ်တင်ပေးနိုင်ဖို့ ကြိုးစားနေရရာက သူ့ရဲ့ ကလေးကပါ ပြန်ပေးဆွဲခံလိုက်ရပါတယ်။တစ်ဆက်တည်းမှာပဲ ပြန်ပေးသမားတွေက သာမန်ငွေညှစ်ရုံသက်သက်မဟုတ်ဘဲ ကလေးတွေရဲ့ ကိုယ်တွင်း အင်္ဂါတွေကို တရားမဝင်အရောင်းအဝယ်လုပ်ကိုင်နေတဲ့ ပြန်ပေးဂိုဏ်းဆိုတာ သိလိုက်ရတဲ့အခါ သူ ဘယ်လိုတွေ ဆက်လုပ်မလဲ?ကလေးတွေကို ကယ်တင်နိုင်ဖို့နဲ့ ပြန်ပေးဂိုဏ်းကို ဖမ်းဆီးနှိမ်နင်းနိုင်ဖို့ ရေကုန်ရေခမ်းကြိုးစားမဲ့ ရဲမေလေး ... နောက်ဆုံးရလဒ်က ဘာဖြစ်မလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ ဆက်လက် ကြည့်ရှုလိုက်ရအောင်ပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Estel ပါ။)File Size          : 1.4GB, ...
movie

Limit (2022)

2022
The Spy: Undercover Operation(2013) 6.3
The Spy: Undercover Operation(2013) The Spy: Undercover Operation(2013)Chul-Soo ဆိုတဲ့ အေးဂျင့်တစ်ယောက်ဟာ ထူးချွန်ထက်မြက်တဲ့အတွက် အရေးကြီးစစ်ဆင်ရေးတွေ တိတ်တဆိတ်သုတ်သင်ရေး ကိစ္စတွေမှာဆို အထူးတာဝန်ပေးအပ်ခြင်းခံရတယ်...... အေးဂျင့်တစ်ယောက်မှာရှိတဲ့ အရည်အချင်းအားလုံးရှိသလို စည်းမျဉ်းစည်းကမ်းတွေကိုလည်း တစ်သွေမတိမ်းလိုက်နာလေ့ရှိတယ်... အထူးအေးဂျင့်ဖြစ်နေတော့ သူ့အလုပ်ကို အိမ်သူသက်ထားကိုတော့ အသိပေးထားခြင်းမရှိဘူး..... သိပ်တော်တဲ့အေးဂျင့်ဖြစ်ပေမယ့် သူ့မှာ အားနည်းချက်တစ်ခုတော့ရှိတယ်... အိမ်က လေဒီကို မဟားတရား နင်းကန် ကြောက်ရပါတယ်.... ရန်သူတွေရဲ့ကျည်ဆန် မိုးသီးမိုးပေါက်တွေလိုကျနေတာတောင် ဖုန်းမကိုင်ဘဲ မနေရဲပါဘူး....................... ဒီလိုနဲ့ အထူးစစ်ဆင်ရေးတွေတာဝန်ထမ်းရင်း မိန်းမကလည်း အိမ်ထောင်ဦးစီးမပီသလိုဖြစ်နေတဲ့သူ့ကို ကြာတော့ စိတ်ပျက်လာဟန်တူပါတယ်.... ဒီလောက်အခြေအနေဆိုးတဲ့ကြားထဲ ကိုးရီးယားတစ်နိုင်ငံလုံးကိုဒုက္ခရောက်စေမယ့် အကြမ်းဖက်အဖွဲ့ကို နှိမ်နှင်းဖို့စုံစမ်းထောက်လှမ်းရတဲ့အခြေအနေကိုရောက်လာတဲ့အခါမှာတော့ Chul-Soo တစ်ယောက် ဘယ်လိုတွေရှေ့ဆက်ဖြတ်သန်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး... ဒီကားက မင်းသားကြီး Kyung-gu Sol အဓိကသရုပ်ဆောင်ထားပြီး အက်ရှင်ခန်းတွေလည်း မိုက်သလို ရိုက်ချက်တွေလည်း အတော်ကိုလန်းပါတယ်... ရယ်လည်းရယ်ရသလို ရင်ခုန်စိတ်လှုပ်ရှားရတဲ့ အက်ရှင်ခန်းပေါင်းများစွာလည်းပါလေတော့ ခံစားကြည့်လိုက်ဦးဗျို့....File Size : (950 MB) and (370 MB) Quality : WEB-DL 720p, Format…mp4 Duration…02:01:00 Genre : Action , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by Phyo Pyae 
movie


2013