Channel Myanmar

Matthew Heineman

American Symphony (2023) 6.8
American Symphony (2023) ဂျွန်ဘတ်စ်တီဆိုတာ အမေရိကန်ဂီတလောကမှာတော့ မသိတဲ့သူမရှိသလောက်ကို အောင်မြင်နေတဲ့ ဂီတပညာရှင်တစ်ယောက်ပါ။၂၀၂၂ ခုနှစ် ဂရမ်မီဆုပေးပွဲမှာလဲ ဂရမ်မီဆုတွေတသီကြီးသိမ်းကြုံးယူသွားတဲ့သူပေါ့။ တေလာဆွစ်တို့ ဘယ်လီအိုင်းလစ်ချ်တို့ကိုကျော်ပြီး တစ်နှစ်တာအကောင်းဆုံး အယ်ဘမ်ဆုကိုပါ သိမ်းပိုက်သွားသူပါ။သူ့ရဲ့ Freedom ဆိုတဲ့သီချင်းဟာလဲ အတော်ပေါက်သွားတဲ့သီချင်းလေးပါ။ သူ့ရဲ့ငယ်ဘဝမှာအိပ်မက်တစ်ခုရှိပါတယ် ဂီတဆိုတာ ပေါ့တွေ ဂျက်ဇ်တွေ ဘာတွေအမျိုးစားခွဲခြား မနေပဲနဲ့ အားလုံးကိုပေါင်းစုပြီးတော့ American Symphony ဆိုတဲ့သံစုံတီးဝိုင်းနဲ့သီချင်းတစ်ပုဒ်ကိုဖန်တီးနေချင်တာပါ။သူ့ရဲ့ငယ်ဘဝဟာလဲ ခက်ခဲခဲ့ပါတယ်။ မြေအောက်ရထား ဘူတာရုံတို့ လမ်းဘေးတို့မှာ အလကားသီချင်းဆိုပြီး နေ့တိုင်းပဲစားပြီး ဘဝကိုဖြတ်သန်းခဲ့ရတာပါ။ ဒါပေမဲ့ စာရေးဆရာမ ဆူလိုက်ခ်နဲ့တွေ့ပြီး ဘဝရဲ့လက်တွဲဖော်ကိုတွေ့ရှိခဲ့ပြီး နှစ်ယောက်သား အေးအတူပူအမျှဖြတ်သန်းခဲ့ပေမဲ့ ဆူလိုက်ခ်မှာက သွေးကင်ဆာရောဂါရှိနေတာပါ။ဂျွန်ဘတ်စ်တီကလဲ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ Amreican Symphony ကို အကောင်ထည်ဖော်ဖို့ နှစ်နှစ်လောက်ကြာခဲ့ပြီး ဒီကြားထဲ ဇနီးဖြစ်သူရဲ့ကင်ဆာရောဂါကလဲ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ။ သူ့အနေနဲ့ ဒီလိုဖိအားတွေ လူမည်းက ဒီလို သံစုံတီးဝိုင်းကြီးလုပ်ရမလားဆိုပြီး ဝေဖန်တာတွေကြား ခဏခဏရပ်ပစ်ဖို့စဉ်းစားခဲ့ရပါတယ်။ဒါပေမဲ့ ဇနီးဖြစ်သူ သူငယ်ချင်းအပေါင်းသင်းတွေရဲ့ဖေးမမှုကြောင့်ပဲ ဒီ American Symphony ကြီးကိုလုပ်ဖြစ်ခဲ့တာပါ။ ဂျွန်ဘတ်စ်တီနဲ့ ဆူလိုက်ခ်တို့ရဲ့အချစ်ရေးဟာလဲ အမေရိကန်မှာ လူကြိုက်အများဆုံးအချစ်ရေးပါပဲ။ သူတို့ရဲ့အကျဉ်းချုံးကျင်းပတဲ့ ဗီဒီယိုဖိုင်နဲ့ သီချင်းဟာလဲ ယူကျု့မှာနာမည်ကြီးပါပဲ။ ...
movie

American Symphony (2023)

2024
A Private War(2018) 6.9
A Private War(2018) A Private War(2018)IMDB 6.8,,,,,Rotten ..... 89ဒီဇာတ်ကားကတော့ အမျိုးသမီး သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Marie Colvin အကြောင်းကိုရိုက်ကူးထားတာပါ........သူမဟာ  အများအတွက်အကျိုးရှိစေမယ့် သတင်းမှန်တစ်ခုတင်ပြဖို့အတွက်ဆိုဘာမဆို ရင်ဆိုင်ရဲတဲ့ အာဂသတ္တိခဲသတင်းထောက်တစ်ဦးပါ...အချိန်မရွေးအသက်ပျောက်သွားနိုင်တဲ့ စစ်တလင်းတွေကြား သတင်းယူဖို့ ဝန်မလေးသလိုဒီသတင်းကိုတင်ပြဖို့အရေးလည်း လက်မတွန့်တတ်သူတစ်ယောက်ပါ...သူမရဲ့ ရဲဝံမှုတွေနဲ့ အများအကျိုးပြုဆောင်ရွက်ချက်တွေကြောင့် ဂုဏ်ပြုဆုများစွာရရှိခဲ့သလိုသတင်းသမားတွေရဲ့ စံပြအမျိုးသမီးလည်းဖြစ်ခဲ့ပါတယ်..ဒါ့ကြောင့် ဒီဇာတ်ကားကိုပြန်လည်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်...ဒီဇာတ်ကားဟာလည်း ဆု(၂)ဆုနဲ့ အခြားဆု(၇)ဆုအတွက်ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်..ကိုင်း Marie Colvin တစ်ယောက် ဘယ်လိုပြုမူလှုပ်ရှားလဲ..စစ်ပွဲကြားကိုအသက်စွန့်ပြီးဘယ်လို သတင်းယူလဲ....ကိုင်း စစ်အတွင်း ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးကိုကြည့်ရှုချင်တဲ့သူတွေအတွက်ကားကောငး်တစ်ကားပါ....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Myo ပဲဖြစ်ပါတယ်...File Size : (1GB) and (326 MB) Quality : Blu-Ray 720p Format…mp4 Duration…01:50:00 Genre : Biography, Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by May Myo Encoded by Phyo Pyae
movie

A Private War(2018)

2018