Channel Myanmar

Menahem Golan

Over the Top (1987) 5.8
Over the Top (1987) Over the Top (1987)အားလုံးရဲ့အချစ်တော် ရမ်ဘိုမင်းသားကြီး စတားလုန်းစ်ရဲ့ဂန္ထဝင်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ Arm-Wrestling အားကစားနောက်ခံနဲ့ သားအဖနှစ်ယောက် ပြန်တွေ့ကြတဲ့အကြောင်းလေးကိုရိုက်ကူးထားတဲ့ ရင်ထဲထိစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။~ ဇာတ်လမ်းအကျဥ်း ~လင်ကွန်းဟော့ခ်က ယောက္ခမဖြစ်သူရဲ့စနက်ကြောင့် ကွာရှင်းခဲ့ရပြီး ဇနီးနဲ့သားလေးကိုထားခဲ့ရတာပါ။ နှစ်တွေကြာပြီးနောက်မှာ မိုက်ကယ့်အမေ နှလုံးရောဂါသည်က သူကြာကြာမနေရတော့ဘူးဆိုတာသိတဲ့အတွက် မိုက်ကယ့်အဖေကိုပြန်ခေါ်ခဲ့ပြီး မိုက်ကယ်သင်တန်းကျောင်းဆင်းတဲ့နေ့မှာ သွားကြိုခိုင်းခဲ့ပါတယ်။ မိုက်ကယ်ကတော့ သူ့အဖေထွက်သွားရတဲ့အကြောင်းရင်းကိုမသိတဲ့အတွက် စစတွေ့ချင်းမှာ သူ့အဖေကို မကြည်ဖြူခဲ့ပါဘူး။ကုန်ကား​ပေါ်က အိမ်အပြန်သုံးရက်ခရီးမှာ လူလည်လေးမိုက်ကယ်ရဲ့ အဖေကိုဆရာလုပ် သြဝါဒချွေတဲ့အခန်းတွေနဲ့ သားအဖနှစ်ယောက် ဘုကလန့်တိုက်ရင်း ရင်းနှီးသွားကြပုံကို ကြည်ကြည်နူးနူးကြည့်ရှုခံစားကြရမှာပါ။ ဒီခရီးအပြီးမှာဘာတွေဆက်ဖြစ်လာမလဲ... မိုက်ကယ့်အဘိုးက ဘယ်လိုတွေဖျက်ဦးမလဲ... ဆိုတာကို မင်းသားကြီးစတားလုန်းစ်ရဲ့  Arm-Wrestling စကေးတွေနဲ့အတူ ဆက်လက်ကြည့်ရှုပေးကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.85GB, 850MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - ...
movie

Over the Top (1987)

1987
The Delta Force (1986)
The Delta Force (1986) The Delta Force (1986)1985 တုန်းက လေယာဉ်ပြန်ပေးဆွဲခံခဲ့ရတဲ့ တကယ့်ဖြစ်ရပ်မှန်ကို Reference ယူပြီး ရိုက်ထားတဲ့ 1986 က ​ကားဟောင်းလေးပါ။ Delta Force Trilogy ထဲက ပထမဆုံးကားဖြစ်ပါတယ်။ အမေရိကန် ဖိုက်တာကြီး Chuck Norris ပါဝင်သရုပ်ဆောင်ထားတာမို့ အပစ်အခတ် ​အကြမ်းစားတွေ သေချာပေါက်တွေ့ရမှာပါ။ဇာတ်လမ်းကတော့... အကြမ်းဖက်သမားနှစ်ယောက် အဒူရာဖိုင်းနဲ့ မူစတာဖာတို့က အေသင်ကနေ ရောမ နယူးယောက်ကိုသွားမယ့် လေယာဉ်ကို ပြန်ပေးဆွဲသွားပြီး ဘဲရု လက်ဘနွန်ကို ပျံခိုင်းလိုက်တယ်။ အမေရိကန် ဒယ်တာတပ်ဖွဲ့က ကာနယ်နဲ့ မေဂျာစကော့တို့ ဦးဆောင်ပြီး ဓားစာခံတွေကိုကယ်တင်ဖို့ တာဝန်ကျလာတယ်။ အဒူရာဖိုင်းက ခရီးသည် ၁၄၄ ယောက်ထဲက ဂျူးတွေနဲ့ မရိန်းတပ်သားတွေကို ခွဲထုတ်ပြီး ဘဲရုမှာထားခဲ့ပြီးတော့ သူတို့အစား အကြမ်းဖက်သမားအဖော်တွေခေါ်တင်လာတယ်။ အယ်ဂျီးရီးယားကို ဆက်ပျံလာပြီး ဓားစာခံမိန်းကလေးတွေကို လွှတ်ပေးမယ်ဆိုတော့ ဒယ်တာတပ်ဖွဲ့က အကြမ်းဖက်သမား ၂ယောက်ပဲပါတယ်ဆိုပြီး ...
movie

The Delta Force (1986)

1986