Channel Myanmar

Michael Jai White

Never Back Down: No Surrender(2016) 6.3
Never Back Down: No Surrender(2016)  Never Back Down ဇာတ်ကားတွေရဲ့ 2016 ကနောက်ဆုံးထွက်ထားတဲ့ ဇာတ်ကား‌လာပါပြီ။ 2008 နဲ့ 2011 တို့မှာထွက်ရှိခဲ့တဲ့ Never Back Down တွေရဲ့အဆက်ဖြစ်သလို R-rated လည်းဖြစ်ပြီး တိုက်ခိုက်ခန်းတွေလည်းပိုပြီးကောင်းလာတဲ့ ဇာတ်ကားတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ MMA လက်ဝှေ့ချန်ပီယံဟောင်း ကေ့စ် ဝေါကာ ဟာ သူရဲ့သူငယ်ချင်း ဘရိုဒီ ဂျိမ်းစ်နဲ့ ရှုံးပွဲမရှိသေးတဲ့အပြင် အန္တရာယ်လည်းများတဲ့ ဆီဆာ ဘရာဂါတို့ရဲ့ ထိုင်းနိုင်ငံမှာ ထိုးသတ်မဲ့ပွဲစဉ်အတွက် လေ့ကျင့်ဖို့ဘန်ကောက်ကို လိုက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲစခါနီးတစ်ပတ်အလိုမှာ ဘရိုဒီက ခြေထောက်ဒဏ်ရာရသွားတဲ့ အတွက် ဘရိုဒီရဲ့အစား ကေ့စ်က ဝင်ထိုးပေးဖို့ဖြစ်လာတဲ့အခါမှာ ကေ့စ်တစ်ယောက် ဘယ်လိုဆက်ပြီးဖြေရှင်းမလဲ၊ သူနိုင်အောင်ရောထိုးနိုင်မှာလား၊ နောက်ကွယ်မှာရောဘယ်လိုအရှုပ်တော်ပုံတွေရှိနေမလဲဆိုတာကို အကြမ်းပတမ်းတိုက်ခိုက်ခန်းတွေနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျ။ File size…2.3 GB / 961.6 MB Quality…WEB-DL 1080p 5.1CH/ 720p Format…mp4 Duration….1h 41m Genre ..... Action ,  Sport Subtitle….Myanmar ...
movie

Never Back Down: No Surrender(2016)

Never Back Down 2: The Beatdown(2011) 5.7
Never Back Down 2: The Beatdown(2011) IMDb - 5.7တိုက်ခိုက်ရေးကားခပ်ကြမ်းကြမ်းလေးတွေကိုမှ အားရ သဘောကျကြတဲ့ CM ပရိသတ်တွေအတွက် 2008 က ထွက်ခဲ့တဲ့ Never Back Down ရဲ့ အဆက်ဖြစ်တဲ့ The Beatdown ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မတူညီတဲ့ပြဿနာတွေရှိတဲ့ နောက်ခံပတ်ဝန်းကျင်ကနေလာတဲ့ တိုက်ခိုက်ရေးသမားလူငယ်လေးနှစ်ယောက်၊ The Beatdown ဆိုတဲ့ မြေအောက်တိုက်ပွဲတစ်ခုမှာဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဆရာကောင်းတစ်ယောက်ဆီမှာ တပည့်ခံဖို့အတွက် MMA fighter ဟောင်း ကေ့စ် ဝေါကာ (Michael Jai White) ဆီကိုရောက်လာကြပါတယ်။ ကေ့စ်ကလည်းအရင်က ကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်ခဲ့ပေမဲ့ အတိတ်ကဖြစ်ရပ်တွေကြောင့် ထောင်ကျသွားပြီး ပြန်လွတ်လာခဲ့တာပါ။ ဒီလိုနဲ့ ကေ့စ်လေ့ကျင့်ပေးနေတဲ့ လူငယ်နှစ်ယောက်အပါအဝငါ လူငယ်လေးယောက်ကို အတူလေ့ကျင့်ပေးပါတော့တယ်။ ဒီလိုနဲ့ပဲ Beatdown ပွဲနေ့မရောက်ခင်မှာတော့ ကေ့စ်ကို လက်နက်ကိုင်ဆောင်မှုနဲ့ ရဲကဖမ်းသွားခဲ့ပြီး သူ့ရဲ့တပည့်တွေက ကေ့စ်ကိုအကွက်ချသွားတဲ့လူကိုဘယ်လို ပြန်ပြီးလက်စားချေဆုံးမကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ တိုက်ခိုက်ခန်းတွေကလည်း အရမ်းလန်းတဲ့အပြင် တိုက်ကွက်တွေကလည်း အစစ်အမှန်ဆန်တာမလို့ တိုက်ခိုက်ရေးကား တွေကိုလွမ်းနေတဲ့လူတွေအကြိုက်တွေ့မှာ အသေအချာပါပဲ။File ...
movie

Never Back Down 2: The Beatdown(2011)