Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Miloš Forman
7.4
Man on the Moon (1999)
Man On The Moon =================== ဇာတ်ကားအကြောင်းမပြောခင် သရုပ်ဆောင်တွေကို အရင်မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ The Ture Man Show, The Mask အစရှိတဲ့ဇာတ်ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီးဖြစ်တဲ့ ဂန္ဓ၀င်ဟာသမင်းသားကြီး Jim Carrey နဲ့အတူ နောက်ထပ်ဂန္ဓ၀င် မင်းသားကြီးတစ်ဦးဖြစ်တဲ့ Danny DeVito တို့ ပါ၀င်ရိုက်ကူးထားတဲ့အတွက် တကယ့်ကို ကြည့်ရကျိုးနပ်စေပါတယ်။ဒီဇာတ်ကားကတော့ အမေရိကန်ရဲ့ နာမည်ကျော်လူရွှင်တော်ကြီး အန်ဒီကော့ဖ်မန်းရဲ့ ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ သူဟာ တခါတလေ သူ့ကိုယ်သူ "အဆိုအကလူကြီး" လို့ ခေါ်တတ်ပြီး တခြားလူရွှင်တော်တွေနဲ့မတူ ထူးခြားနေတဲ့ ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ခုနှစ်မှာ ရှားပါးတဲ့ အဆုတ်ကင်ဆာရောဂါတစ်မျိုးကြောင့် ဆုံးပါးသွားခဲ့ပြီး သူထားရှိခဲ့တဲ့ အနုပညာတွေကတော့ ယနေ့အချိန်အထိ ကျန်ရှိနေဆဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အန်ဒီရဲ့ ဟာသ အပေါ်မြင်တဲ့အမြင်တွေ၊ သဘောထားတွေကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ပြက်လုံးတွေဟာ ကြည့်ရှုသူတွေကိုပါ ကြောင်တောင်တောင်ဖြစ်အောင် လုပ်နိုင်တာကို တွေ့ရပါမယ်။ ကြည့်ရှုသူတွေတင်မက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တချို့ပါ သူ့ဟာသတွေကြောင့် ခနခနဇာတ်တွေရှုပ်ကြရပါတယ်။ ဒီလိုလူရွှင် တော် တစ်ယောက်ဖြတ်ကျော်ခဲ့ရတဲ့ ဘ၀အကြောင်းကို တစ်ကားလုံး မပျင်းရအောင် ကြည့်ရှူရမှာဖြစ်တာကြောင့် CM ပရိသတ်တွေအနေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် မိတ်ဆက်ပေးလိုက်ပါတယ်။ File size…2.8GB / 1GB Quality…1080p ...
movie
Man on the Moon (1999)
1999
8.7
One Flew Over the Cuckoo’s Nest (1975)
One Flew Over The Cuckoo's Nest (1975) ==================== IMDB Rating- 8.7/10 Rotten Tomatoes- 94% 1963ခုနှစ်ရဲ့ဆောင်းဦးမှာ R.P.McMurphyလို့ခေါ်တဲ့ လူတစ်ယောက်က စိတ်ကျန်းမာရေးဆေးရုံကို ရောက်လာတယ်။ McMurphyက ထောင်ကို အိမ်ဦးနဲ့ကြမ်းပြင်လို ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့သူပါ။ သူ့လိုလူအတွက် ထောင်ထဲသွားတာက ဘာမှ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကြာလာတော့အလုပ်ကြမ်းလုပ်ရတာေတွ ငြီးငွေ့လာတယ်။ ဒါကြောင့်က 15နှစ်သမီးကို rapeလုပ်ပြီး တရားစွဲခံရတဲ့နောက်မှာ ထောင်ထဲကို မသွားချင်တဲ့အတွက် စိတ်ရောဂါရှင်ယောင်ဆောင်ခဲ့တယ်။ အဲ့လိုနဲ့ ဒီဆေးရုံကို ရောက်လာတယ်။ သူက ဆေးရုံမှာဆိုရင် ပိုပြီး လွတ်လပ်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် လူနာတွေအပေါ် အာဏာ မတရားသုံးတဲ့ သူနာပြု Ratchedကြောင့် မလွတ်လပ်တဲ့အပြင် ပိုပြီး တင်းကျပ်လာတယ်။ ထောင်မှာလုပ်လို့ရခဲ့တဲ့ ကိစ္စတွေတောင် လုပ်လို့မရဖြစ်လာတယ်။ ဒါကြောင့် သူက ဦးဆောင်ပြီး ကလန်ကဆန်စလုပ်လာတယ်။ ပြဿနာရှာတယ် အမျိုးမျိုးပေါ့။ တစ်ရက် ...
movie
One Flew Over the Cuckoo’s Nest (1975)
1975
HEVC 1080p 5.1
8.3
Amadeus (1984)
Amadeus (1984)[Unicode]အနုပညာတကာတို့ထဲမှာ ဂီတအနုပညာဟာ လူ့ရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူနိုင်စွမ်းအရှိဆုံးအရာပါပဲ ။မိုးဇတ်ဆိုတာကတော့ ဂီတသမားတွေထဲ ပါရမီအထူးဆုံး အကျော်ကြားဆုံးတစ်ယောကပါ ၊ ဒီရုပ်ရှင်က မိုးဇတ်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။တစ်ရံတရာအခါတုန်းက ဝို့လ်ဖန် အာမာဒပ်စ် မိုးဇတ်လို့အမည်တွင်တဲ့ လူငယ်ကလေးတစ်ယောက်ရှိခဲ့ပါတယ် ၊ မိုးဇတ်ဟာ ဂီတအနုပညာနဲ့ပက်သက်ရင် အတော် ပါရမီကောင်းတဲ့ သူပါ ၊ အသက်လေးနှစ်မှာ စန္ဒားရားကျွမ်းကျွမ်းကျင်ကျင် တီးတတ်ခဲ့တဲ့အပြင် လေးနှစ်အရွယ်မှာ သီချင်းတစ်ပုဒ်စရေးခဲ့ပါတယ် ။သူ့ခေတ်သူ့အခါရဲ့ အနုပညာမြို့တော် ဗီယင်နာရဲ့ ဘုရင်ဟာ နာမည်ကျော် ဝို့လ်ဖန်း အမန်ဒပ်စ် မိုးဇတ်ကို သူ့ရဲ့ နန်းတော်ကို ဖိတ်ခေါ်ခဲ့ပါတယ် ၊ ပညာတော်သလောက် အနေမတော်တဲ့ မိုးဇတ်ဟာ စကားအပြောတတ်တဲ့ သူတစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး ။ ဘုရင်နဲ့ သူ့ဂီတမှူးတွေက ဂီတကို ချစ်တတ်ပေမဲ့လည်း မိုးဇတ်ရဲ့ ဂီတတွေရဲ့ ပြည့်စုံမှုကို ခံစားနိုင်စွမ်းမရှိကြတာကလည်း မိုးဇတ်နေရာမရခဲ့တဲ့ အကြောင်းတစ်ကြောင်းဖြစ်ခဲ့ပါတယ်။မိုးဇတ်ရဲ့ ဂီတတွေဟာ ပရိတ်သတ်လက်ခံအားပေးမှုနောက်ကို ဘယ်တော့မှ မလိုက်ခဲ့ပါဘူး ၊ ...
movie
Amadeus (1984)