Channel Myanmar

Muye Wen

Nice View (2022) 6.7
Nice View (2022)   "ဘာလုပ်လုပ် တင့်တယ်"ဆိုတဲ့စကားက ဂျင်​ဟောင်ဆို​တဲ့ လူငယ်နဲ့လားလားမှပင် မသက်ဆိုင်ဟုဆိုရမည်။ အထက်တန်း​ကျောင်းသားဘဝကတည်းက မိတဆိုးဖြစ်ခဲ့သည့် ဂျင်​ဟောင်ကို အ​​ဖေဖြစ်သူပါ ပစ်ထားခဲ့တာ​ကြောင့် ​​ကျောင်းထွက်ကာ ဖုန်းပြုပြင်​ရေးဆိုင်ဖွင့်ပြီး ရောဂါသည်ညီမ​နဲ့အတူ ဘဝကို ရုန်းကန်ရှင်သန်နေသူပါ။​ရောဂါသည် ညီမ​လေးက ​မွေးရာပါနှလုံး​ရောဂါ​ကြောင့် ခွဲစိတ်မှုကို မဖြစ်မ​နေလုပ်ရမယ့်အချိန် ​ ငွေအင်မတန်လိုလာတဲ့ ဂျင်​ဟောင်ဟာ သူတတ်ကျွမ်းတဲ့ ဖုန်းပြုပြင်ပညာနဲ့ အခက်အခဲများစွာကို ရင်ဆိုင် ​ကျော်ဖြတ်ရင်း လိုအပ်​နေတဲ့ ခွဲစိတ်စရိတ်ကို ဘယ်လိုရှာ​ဖွေမလဲ။ လောကဓံတွေ၊ အနိမ့်အမြင့် အတက်အကျ​တွေက ဘယ်လိုပုံစံမျိုး​ပေါ်လာကြမလဲ၊ ဒါ​တွေကို ​မောင်နှမ၂​ယောက် ဘယ်လိုကြံ့ကြံ့ခိုင် ရင်ဆိုင်သွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ဇာတ်​​ကြောင်းကို ဖတ်မိလိုက်ရင် ဇာတ်ကားရဲ့ အရသာအ​တော်​ကို လျော့သွားနိုင်တယ်လို့ ယူဆမိလို့ အများကြီးမညွှန်းဆို​တော့ပါဘူး။ IMDbမှာ 6.7, MyDramaListမှာ 8.3အထိ ရထားပြီး ၂၀၂၂ခုနှစ် ပြည်တွင်းရုံဝင်​ငွေအ​ကောင်းဆုံး ထိပ်ဆုံး၁၀ကားထဲမှာ ကန်​ဒေါ်လာ ၂၂၁သန်းနဲ့ ရပ်တည်​နေပါတယ်။ ဒီ stats​တွေက အလကားရခဲ့တာမဟုတ်​​ကြောင်း ဒီ​Dramaဇာတ်ကားက ​သေချာ​လေးပုံ​ဖော်ရိုက်ကူးထားပါတယ်။ တစ်ခါတ​လေ မဲပြာပုဆိုးဇာတ်တွေကပဲ ရိုးရိုး​​လေးနဲ့ လှပ​နေတတ်တာ မဟုတ်ပါလား။ ...
movie

Nice View (2022)

My People, My Country(2019) 7.0
My People, My Country(2019) My People, My Country(2019)(Unicode)တရုတ်နိုင်ငံဟာ ကျွန်တော့်တို့နိုင်ငံနဲ့ ယှဉ်ရင် လွတ်လပ်ရေးရတဲ့နှစ်ဟာ ကျွန်တော်တို့ထက် နောက်ကျတာ အားလုံးအသိပါပဲ...လူဦးရေအများဆုံးနိုင်ငံဖြစ်သည့်အလျောက် ပြည်တွင်းစစ်များစွာဖြစ်ခဲ့သလို ကပ်ဆိုးပေါင်းများစွာလည်း ဆိုက်ခဲ့ပါတယ်... သို့ပါသော်ငြားလည်း တရုတ်ဟာခု ကမ္ဘာမှာ ဘယ်လိုအနေအထားနဲ့ ရှေ့ဆက်နေလဲဆိုတာ အားလုံးအသိပါပဲ..ဒီဇာတ်ကားကတော့ တရုတ်နိုင်ငံ လွတ်လပ်‌ရေးရပြီး နှစ် ၇၀ ပြည့်အထိန်းအမှတ်အားဖြင့် ဒါရိုက်တာကြီး ၇ ယောက်တို့က လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ သမိုင်းတွင်နိုင်တဲ့ အကြောင်းအရာ ၇ ခုကို ရိုက်ကူးထားတာဖြစ်ပါတယ်။နာမည်ကြီးသရုပ်ဆောင်များစွာကိုလည်းအသုံးပြုထားပါတယ်... ဒီလိုသမိုင်းတွင်နိုင်ခဲ့တဲ့အကြောင်းအရာရဲ့နောက်ကွယ်မှာ သာမန်လူတစ်ယောက် အနေနဲ့လည်း ထိုကြီးကျယ်လှတဲ့ အဖြစ်တွေနှင့် မဖြစ်မနေ စပ်လျဉ်းနေတဲ့အကြောင်းကို ရသ‌မြောက်ပြီး ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ ဒီဖြစ်ရပ်မှန် ၇ ခု ကိုကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံ တဖြည်းဖြည်းတိုးတက်လာပုံကိုလည်း‌တွေ့ရမှာပါ။ဗဟုသုတလည်းရသလို မှတ်သားစရာပေါင်းများစွာလည်းပါတဲ့အပြင် ကြည့်ရှုသူတွေကိုလည်း စိတ်ဝင်စားအောင် ခမ်းခမ်းနားနားရိုက်ပြထားပါတယ်.. ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Naomi Noe ပဲဖြစ်ပါတယ်...(zawgyi)တရုတ်နိုင်ငံဟာ ကျွန်တော့်တို့နိုင်ငံနဲ့ ယှဉ်ရင် လွတ်လပ်ရေးရတဲ့နှစ်ဟာ ကျွန်တော်တို့ထက် နောက်ကျတာ အားလုံးအသိပါပဲ...လူဦးရေအများဆုံးနိုင်ငံဖြစ်သည့်အလျောက် ပြည်တွင်းစစ်များစွာဖြစ်ခဲ့သလို ကပ်ဆိုးပေါင်းများစွာလည်း ...
movie


Dying to Survive ( 2018 ) 8.1
Dying to Survive ( 2018 ) Chinese All Time Box Office မှာ 3.097 billion ၀င်ငွေရရှိထားပြီးနံပါတ် ၅ ချိတ်ထားတဲ့ဇာတ်ကားလေးဖြစ်တဲ့ Dying To Survive ကိုတင်ဆက်ပေးလိုက်ပါတယ် IMDb Rate ကလည်း 8.1 ပဲဖြစ်ပါတယ်ကောင်းလားမကောင်းလားဆိုတာတော့ သိပ်ပြောနေစရာတောင်မလိုပါဘူး ဇာတ်​လမ်းအကျဉ်းက​တော့ တိုင်းပြည်​ထဲမှာCML​​​ရောဂါသည်​​တွေအများအပြားရှိ​နေပါတယ်​..CMLလူနာ​တွေဟာ Glinicဆိုတဲ့​ဆေးကိုအမြဲမပြတ်​သုံးစွဲ​နေရမယ့်​သူ​တွေပါ...တရားဝင်​Glinic​ဆေး​တွေဟာ​ဈေးနှုန်းမြင့်​မားလွန်းတဲ့အတွက်​သာမန်​လူ​တွေအဖို့လက်​လှမ်းမမှီနိုင်​ဖြစ်​ရပြီး​​ဆေးမရပဲ​သေဖို့​စောင့်​​နေသူ​တွေများလာပါတယ်​..ဒီအချိန်​မှာပဲ ​အိန္ဒိယက copyယူပြီးထုတ်​ထားတဲ့ Glinicဟာ​ဈေးနှုန်းအားဖြင့်​အရမ်းနည်း​နေပြီးအာနိသင်​တူ​နေတာကိုCML လူနာတစ်​​ယောက်​ကသတိထားမိလာပါတယ်​..ဒါ​ပေမယ့်​အိန္ဒိယGlinicဟာတားမြစ်​​ဆေးအဖြစ်​သတ်​မှတ်​ခံထားရပါတယ်​..ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ဆက်လက်ကြည့်ရှုခံစားပါ အညွှန်းနဲ့ဘာသာပြန် ဖြိုးဇော်ဖြစ်ပါတယ်Encoded By LK
movie

Dying to Survive ( 2018 )

2018