Channel Myanmar

Nacho Vigalondo

The ABCs of Death 4.7
The ABCs of Death The ABCs of Death ဆိုတဲ့ ရုပ်ရှင်ကို မကြည့်ခင် အရင်သတိပေးချင်တာက 21+ အဆင့်လောက်ရှိလို့ မိသားစုတွေ ကလေးတွေ နဲ့ အတူ မကြည့်သင့်ပါ သွေးသံရဲရဲတွေ အသဲယားလောက်စရာတွေ များလို့ နှလုံးရောဂါ ရှိသူများ ရွံ့တက်သူများ ၊ အန်တက်သူများ မကြည့်ပါနဲ့ အစားအသောက်စားနေရင်းလဲ မကြည့်ပါနဲ့ အစာစားချင်စိတ် ကုန်ခမ်းသွားပါမယ် ဒီရုပ်ရှင်ဟာ A ကနေ Z အထိ အက္ခရာအလိုက် စီပေးထားပြီး စကားလုံး တစ်ခုစီမှာ သေပုံ သေနည်း တစ်မျိုးစီ ပြသပေးထားပါတယ် ပိုဆိုးတာက ကြည့်ရင်း ကြည့်ရင်း အတော်လေး စိတ်ဆင်းရဲလာမယ်ဆိုတာပါပဲ ဘယ်လိုတွေတောင် စိတ်ဆင်းရဲရမယ် ဆိုတာ မပြောပြပါဘူး ကျနော်လဲ စိတ်ဆင်းရဲ ခံပြီး Z ရောက်တဲ့ အထိ ကြည့်နိုင်ခဲ့ပါတယ် ဖြစ်နိုင်ရင် သင့် သူငယ်ချင်းတွေနဲ့ Z ရောက်တဲ့ အထိ ဘယ်သူကြည့်နိုင်မလဲ ဆိုပြီး Mention ခေါ်ပြီး ပြိုင်သင့်ပါတယ် စိတ်ဆင်းရဲခြင်း ကင်းနိုင်ကြပါစေ... File size - ( 1.5GB & 750mb) Quality - ...
movie

The ABCs of Death

2012
Colossal (2016) 6.4
Colossal (2016) ဇာတ်လမ်းအကျဉ်းလေးကတော့ “ဂလော်ရီယာ” ဆိုတဲ့မိန်းမချောလေး အရက်စွဲနေပြီး အလည်အပတ်များတာကြောင့် သူရဲ့အတူနေ ရည်စားက သည်းမခံနိုင်တော့အတွက် ခွဲနေဖို့ဆုံးဖြတ်လိုက်ကြတာမို့ သူရဲ့ဇာတိမြို့လေးကိုပြန်လာခဲ့တယ်။ ဇာတိမြို့မှာ ငယ်သူငယ်ချင်း “အော်စကာ” နဲ့ပြန်ဆုံပါတယ်။ အော်စကာကတော့ ငယ်ငယ်ကတည်းက ခုချိန်ထိ ဂလော်ရီယာပေါ် တစ်ဖက်သတ် စွဲစွဲလမ်းလမ်းချစ်နေတဲ့ သူငယ်ချင်းတစ်ယောက်။ ဂလော်ရီယာမှာ ထူးခြားတဲ့အကျင့်လေးတစ်ခုက ခေါင်းထိပ်နားလေးကို ကုပ်နေတတ်တဲ့အကျင့်လေးပါ။ ဂလော်ရီယာ နယ်မြို့လေးကို ပြန်ရောက်တဲ့နောက်တစ်နေ့မှာပဲ ကိုးရီးယားနိုင်ငံဆိုးလ်မြို့မှာ ဂေါ်ဇီလာလိုလို မကောင်းဆိုးဝါး အကောင်ကြီးတစ်ကောင်ဟာ ၈နာရီ ၅ မိနစ်အချိန်လောက်မှာ ပေါ်လာပါတယ်။ မြို့ထဲလျောက်သွားရာက သူသွားရာလမ်းတစ်လျောက် ပျက်ဆီးကုန်ပြီး သိပ်မကြာခင်မှာဘဲ မကောင်းဆိုးဝါးကြီးဟာ လေထုအတွင်းမှာ ပြန်လည်ပျောက်ကွယ်သွားတယ်။ ဒီသတင်းကြောင့် တစ်ကမ္ဘာလုံး ထိတ်လန့်တုန်လုပ်နေပြီး ထူးဆန်းအံ့သြနေကြရတယ်။ ဒီလိုနဲ့ နောက်ရက်မှာလည်း အဲဒီလို ၈း၀၅ မိနစ်အချိန်မှာပဲ မကောင်းဆိုးဝါးကြီး ပေါ်လာပြန်ပါတယ်။ NATO နှင့် နိုင်ငံတကာ တပ်ဖွဲ့တွေကလည်း မကောင်းဆိုးဝါးကြီးကို နှိမ်နှင်းဖို့ အသင့်အနေထားပြင်နေကြရပါပြီ။ ...
movie

Colossal (2016)

Timecrimes (2007) 7.2
Timecrimes (2007) ဒီကားကို အစကထင်ထားတာ ကြမ်းကြမ်းရမ်းရမ်းလူသတ်ကားပေါ့ သို့ပေမဲ့ imdbကိုကြည့်တော့လဲ  7.2 rotten tomatoes ကျတော့လည်း 88%ဆိုတော့ မဟုတ်သေးပါဘူးဆို ဇာတ်လမ်းကို စတင်ခံစားလိုက်တာပေါ့ဗျာ... ဇာတ်လမ်းအကြောင်း.... လာပါပြီ ဇာတ်ကားရဲ့ မိနစ်၂၀လောက်အရောက်မှာ သိသိသာသာကြီးကို  ကိုယ်ကဇတ်လမ်းထဲရောက်သွားသလိုပဲ ဘာလို့ဆို ကျွန်တော်တို့လက်ခံလို့ရလောက်တဲ့ ဖြစ်နိုင်ချေတစ်ခုကို ဇာတ်လမ်းထဲပြထားတယ်  Time travel လို့ဆိုရမလားပဲ သို့မဟုတ် ဖန်ဆင်းထားမှုတစ်ခုလား သို့တည်းမဟုတ် ထူးကြယ်ဆန်းပြားမှုလား ဇာတ်လမ်းအပြီးထိ တော်တော်စိတ်ဝင်တစားနဲ့ကြည့်ခဲ့ရတာပါ ဥပမာ ပြောရရင်....... ကျွန်တော်တို့ တစ်ခါမှ မလုပ်ဖူးတဲ့အလုပ်တစ်ခုကိုဒီနေ့စလုပ်ပြီဆိုပါစို့.... ဒါပေမဲ့....အဲဒီအလုပ်ကိုလုပ်နေတုန်း ငါအရင် လုပ်ဖူးသလိုပဲ အဲဒီလိုတွေ တွေးဖူးကြပါလိမ့်မယ် ပြောချင်တာက ဒီဇာတ်လမ်းကလည်း အဲဒီလိုသဘောတရားကို နည်းနည်းသက်ရောက်မှုရှိတယ်ဗျ အားလုံးကိုခြုံပြီးပြောရရင် တောစပ်နားကအိမ်ကြီးမှာ လာနေတဲ့.လင်မယားနှစ်ယောက်ဆီမှာ အပေါ်ကကျွန်တော်ဆိုခဲ့သလို ဖြစ်ရပ်ဆန်းကြီးကြုံခဲ့ရတာပါ.... တစ်ခါ တစ်ခါ အညွန်းကိုဒီလိုလေး  မတင်း မလျှော့လေးပဲ ညွန်းတာကောင်းပါတယ် ကြည့်လိုက်ကြဦးနော်.....Quality...BluRay 720p File size…(660MB)  Format…mp4 Duration….01:32:21 Subtitle….Myanmar Subtitle (Hardsub) Translator…John La Yaung Encoder….Moe Myint Lwin   Download with VIP Link  Download ...
movie

Timecrimes (2007)

2007